top of page
hannayuri_twt-1365579556149600257-20210227_082832-img3.jpg

သက်သေများအတွက်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးဖြစ်ရပ်များကို မျက်မြင်တွေ့ဖူးသူတိုင်းအတွက် လုံခြုံသောဖြေရှင်းချက်ကိုကျွန်ုပ်တို့ပေးပါသည်။ ၎င်းတို့၏ ဒစ်ဂျစ်တယ်အထောက်အထားတွေကိုသေချာစစ်ဆေးကာ လုံခြုံစွာသိမ်းဆည်းပြီး ကျူးလွန်သူများကို တာဝန်ခံစေရပါမည်။
ပုံများ၊ ဗွီဒီယိုများ၊ အသံများ (သို့) link များကိုအမည်ဝှက်တင်နိုင်ရန်အောက်ပါခလုတ်ကိုနှိပ်ပါ။

hannayuri_twt-1365579556149600257-20210227_082832-img4.jpg

အမြဲမေးလေ့ရှိသောမေးခွန်းများ

အထောက်အထားတင်ခြင်းနှင့် ပတ်သက်သောမေးခွန်းများ

For Witnesses: FAQ

မိမိသည်အကြောင်းအရာကို Myanmar Witness ကိုတင်တဲ့အခါဘာဖြစ်သွားလဲ။

သင်အမည်ဝှက်တင်ပြီးသည်နှင့်တစ်ပြိုင်နက်ကျွန်ုပ်တို့၏လေ့လာဆန်းစစ်သူများသည်အချက်အလက်များကိုစီမံ၊ စုံစမ်းစစ်ဆေးပြီးအတည်ပြုလိမ့်မည်။ ၎င်းသည်လုံခြုံစွာသိမ်းဆည်းထားသောကြောင့်၎င်းကိုနောက်ပိုင်းတွင်ရှာဖွေနိုင်ပြီးအသုံးပြုနိုင်သည်။ အတည်ပြုထားသောအချက်အလက်များသည် လုံခြုံမှုရှိပြီး  မြန်မာနိုင်ငံရှိလူ့အခွင့်အရေးချိုးဖောက်မှုများကိုစုံစမ်းစစ်ဆေးနေသောကုလသမဂ္ဂနှင့်အခြားပါတီများနှင့်ဝေမျှပါသည်။ မီဒီယာနှင့်အခြားအစီရင်ခံမှုများအားအသိပေးလေ့ရှိပါသည်။ အချက်အလက်အားလုံးကို အားလုံးအမည်ဝှက်ထားပြီး အချက်အလက်အားလုံးကိုမည်သည့်အများပြည်သူအစီရင်ခံမှုတွင်မသုံးမီ ပုဂ္ဂိုလ်ရေးခွဲခြားသတ်မှတ်နိုင်သောဒေတာများကိုရှင်းလင်းဖယ်ရှားပါသည်။

အရည်အသွေးညံ့လျှင် (သို့) အရာအားလုံးကိုမပြလျှင် ဗွီဒီယိုအထောက်အထားများကိုတင်သင့်ပါသလား။

တစ်ခါတစ်ရံတွင် ဗီဒီယိုတစ်ခုသည် ရုပ်လုံးပေါ်ဖို့အတွက် လုံလောက်ပါတယ်။ သို့သော် သက်သေအထောက်အထားတစ်ခုစီကို အရေးကြီးသော အချက်အလက်များဖြစ်လာရန်အတွက် စနစ်တကျစုဆောင်းရန်နှင့် အခြားသော ဗွီဒီယိုများနှင့် လူသိများသောဖြစ်ရပ်များကို နှိုင်းယှဥ်ကြည့်ရန်လည်း လိုအပ်ပါတယ်။ ဒါကြောင့် မင်းရဲ့ဗွီဒီယိုအရည်အသွေးညံ့ဖျင်းပြီး ကျူးလွန်သူတွေကို ရှင်းရှင်းလင်းလင်းမသတ်မှတ်နိုင်ရင်တောင် အရေးကြီးတဲ့ အထောက်အထားတွေ ပါကောင်းပါနိုင်ပါတယ်။ အပ်လုဒ်တင်ခြင်းအားဖြင့် အဲဒါတွေကို စုစည်းပူးပေါင်းခြင်းအလုပ်ကို Myanmar Witness မှတာ၀န်ယူပါတယ်။

အထောက်အထားတွေကို အောင်မြင်စွာ တင်သွင်းပြီးရင် ဖျက်ပစ်နိုင်ပါသလား?

၎င်းဟာ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် သတိထားရမှာကတော့ မြန်မာနိုင်ငံမှာသတင်းမီဒီယာသမားများနဲ့ ဒီမိုကရေစီထောက်ခံဆန္ဒပြသူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဆီးတရားစွဲဆိုတာကို သတိပြုဖို့လိုပါတယ်။ မိမိရဲ့လုံခြုံရေးဟာ မိမိအတွက် နံပါတ်တစ်ဦးစားပေး ဖြစ်သင့်ပါတယ်။ တင်သွင်းပြီးသည်နှင့် မိမိရဲ့ဖုန်းမှာဖိုင်တွေကိုသိမ်းထားတာက လုံခြုံမှုမရှိဘူးလို့ခံစားရရင် အဲဒါတွေကိုဖျက်ပစ်နိုင်ပါတယ်။ Myanmar Witness ဟာ တင်သွင်းထားတဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချရအောင်ထိန်းသိမ်းထားပြီး သင့်လျော်သောအချိန်တွင်အသုံးပြုပြီး တရားမျှတမှုဆီခေါ်ဆောင်သွားမှာပါ။

ဓာတ်ပုံများ (သို့) အသံသွင်းချက်များကိုအထောက်အထားအဖြစ်တင်လို့ရပါသလား။

ရပါတယ်။ ဗီဒီယိုတွေ၊ ရုပ်ပုံတွေ၊ အသံနဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ ဝက်ဘ်ဆိုက်တွေရဲ့ လင့်ခ်တွေကို လက်ခံပါတယ်။

ပေးပို့ထားတဲ့အထောက်အထားတွေနဲ့ အရေးယူဖို့ဘယ်လောက်ကြာမလဲ?

ရက်ပိုင်းများအတွင်း၌ မြန်မာနိုင်ငံ၏ အခြေအနေအားအာရုံစိုက်လာစေရန် နိုင်ငံတကာမီဒီယာများမှဂျာနယ်လစ်များ စုံစမ်းစစ်ဆေးရာတွင် သတင်းအချက်အလက်များကို လုံခြုံစွာအသုံးပြုနိုင်ပါတယ်။ နောင်တွင် မည်သည့်တရားစွဲဆိုမှုတွင်မဆို အထောက်အထားများကိုသုံးစွဲနိုင်ပါတယ်။

မိမိအပ်လုဒ်တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အမည်မဖော်ဘဲထားနိုင်ပါသလား?

ကျွန်ုပ်တို့အား ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ပေးရန်မလိုအပ်ပါ၊ အချက်အလက်များကိုအမည်မကွယ်ဝှက်ဘဲ မီဒီယာများအားသက်သေအထောက်အထားများကို ကျွန်ုပ်တို့မမျှဝေပါ။ မင်းရဲ့ကိုယ်ရေးအချက်အလက်များကို ဘယ်တော့မှအန္တရာယ်မပေးပါဘူး။

Myanmar Witness ကစုဆောင်းထားတဲ့ အထောက်အထားတွေကို ဘာလုပ်သလဲ?

ကျွန်ုပ်တို့ဟာ အထောက်အထားများကို လုံလုံခြုံခြုံသိမ်းဆည်း ၎င်းကိုသင့်လျော်သောအချိန်တွင် တရားစွဲဆိုမှုများပြုလုပ်ရန် သင့်လျော်သောနည်းလမ်းများဖြင့် သေချာစွာစုဆောင်းထိန်းသိမ်းပြီး ယူအန်သို့မျှဝေပါတယ်။။ ၎င်းကိုဂျာနယ်လစ်များနှင့် နိုင်ငံတကာမီဒီယာများက အမည်မသိပုံစံဖြင့်ရယူ၍ မြန်မာပြည်တွင်ဖြစ်ပျက်နေသောအကြောင်းအရာများ #whatshappeninginmyanmar အားရေးသားဖော်ပြနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။

Myanmar Witness က မြန်မာနိုင်ငံမှအထောက်အထားများကို ဘယ်လိုစီစစ်ပါသလဲ?

ဗီဒီယိုဖိုင်တွေကိုအတည်ပြုရန် ကျွန်ုပ်တို့သည် open-source ခွဲခြမ်းစိတ်ဖြာနည်းများကိုသုံးပါတယ်၊ ၎င်းသည်မည်သည့်နေရာနှင့် မည်သည့်အချိန်ရိုက်ကူးသည်ကိုရှာဖွေရန် ဂြိုလ်တုပုံရိပ်များကိုသုံးပါတယ်။ ၎င်းကို geolocation (နေရာသတ်မှတ်ခြင်း) နှင့် chronolocation (အချိန်ကိုခွဲခြားသတ်မှတ်ခြင်း) လို့ခေါ်ပါတယ်။ ကျွန်ုပ်တို့သည်ဓာတ်ပုံများ၊ ဗွီဒီယိုများမှတွေ့ရှိရသောသတင်းအချက်အလက်များနှင့် အခြားရရှိနိုင်သည့်အရင်းအမြစ်များကို တတ်နိုင်သမျှအသေးစိတ်စုဆောင်းပါတယ် ဒါကြောင့် ဘာဖြစ်ခဲ့လဲ ဘယ်သူပါဝင်ပတ်သက်နိုင်လဲဆိုတဲ့အသေးစိတ်ကိုသိရှိနိုင်ပါတယ်။

အထောက်အထားများကို Myanmar Witness သို့တင်သွင်းခြင်းသည် လုံခြုံမှုရှိပါသလား?

သက်သေများနှင့် သက်သေများကို ဝေမျှသူများ၏ လုံခြုံရေးသည် ကျွန်ုပ်တို့၏ထိပ်တန်းဦး စားပေးဖြစ်ပါတယ်။ အဆုံးတွင် လုံခြုံရေးသေချာစေရန် ဖြစ်နိုင်သော အတိုင်းအတာတိုင်းကို လုပ်ဆောင်ထားပါတယ်။ သင်လည်း လုံခြုံစွာတင်သွင်းနိုင်စေရန် အဆင့်များရှိပါသည်။ Myanmar Witness ပို့စ်များတွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

bottom of page