top of page

စစ်ကိုင်းတိုင်းဒေသကြီးရှိ မီးလောင်သွားသောရွာများ

Myanmar Witness

29 May 2023

Report Published:

5.png
4.png
3.png

ဂြိုလ်တုပုံရိပ်များ ဆန်းစစ်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအနှံ့ မီးလောင်ကျွမ်းမှုများ၏ သက်ရောက်မှုများကို ဖော်ပြခြင်း

စစ်ကိုင်းတိုင်းဒေသကြီးရှိ မီးလောင်သွားသောရွာများ

Myanmar Witness

၂၀၂၃ခုနှစ် မေလ ၂၉ရက်တွင် အစီရင်ခံစာထုတ်ဝေသည်။


စစ်ကိုင်းတိုင်းဒေသကြီးအနှံ့ မီးလောင်ကျွမ်းမှုများ၏ သက်ရောက်မှုများကို ဂြိုလ်တုပုံရိပ်များဆန်းစစ်ချက်ဖြင့်ဖော်ပြခြင်း

 

အဓိကဖြစ်ရပ်အသေးစိတ်

အခင်းဖြစ်ပွားသည့်နေရာ- စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား

  • အင်းစရွာ [22.118200, 95.694976]


  • တောင်ကြားရွာ [22.099079, 95.705261]

  • မူးသာရွာ [22.106790, 95.658927]

  • မကျီးကုန်းရွာ [22.108310, 95.665611]

  • တောင်မြို့ရွာ [22.080650, 95.667137]

  • ရွာထောင်ရွာ [22.065469, 95.646293]

  • ရွာသစ်ရွာ [22.068687, 95.656561]

  • တပုရင်းကွဲရွာ [22.049150, 95.669937]


ဖြစ်ပွားသည့်နေ့/အချိန်-

  •   ၂၀၂၃ခုနှစ် ဧပြီလ ၂၀ရက်မှ ၂၄ရက်

 

စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

  •  ၉၉ ခြေမြန်တပ်မ

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

 

စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-

  • မြန်မာစစ်တပ် တပ်မ ၉၉ မှ ကျေးရွာရှစ်ရွာအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ရွာသားများ အစုလိုက် အပြုံလိုက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

  • Myanmar Witness သည် NASA ၏ Fire Information for Resource Management System (FIRMS) မှတဆင့် မီးလောင်မှုရှစ်ခုအနက် (ကွဲပြားသည့်အဆင့်များ) ကို အတည်ပြုစစ်ဆေးခဲ့ပြီး၊ ဂြိုဟ်တုပုံရိပ်နှင့် အသုံးပြုသူဖန်တီးထားသော အကြောင်းအရာ (UGC) တို့ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း အနီးနားရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။

  • အင်းစကျေးရွာနှင့် တပုရင်းကွဲကျေးရွာများတွင် မီးလောင်ကျွမ်းမှုကို FIRMS၊ Sentinel နှင့် UGC တို့ကို အသုံးပြု၍ စစ်ဆေးခဲ့သည်။

  • မူးသာကျေးရွာနှင့် တောင်ကြားကျေးရွာများတွင် မီးလောင်မှုကြောင့် အိမ်ခြေ ၄၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ Myanmar Witness သည် Sentinel ပုံများကို အကဲဖြတ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယုံကြည်သည်။

  • ကျန်ကျေးရွာများ၏ UGC သည် တည်နေရာပြနိုင်ခြင်းမရှိသော်လည်း FIRMS မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ရွာသစ်ကျေးရွာတွင် မီးလောင်မှုဆိုင်ရာ အချက်အလက်ကို မှတ်ပုံတင်ခဲ့ပြီး Sentinel data အရ ဧပြီလ ၂၀ရက်နေ့မှ ၂၅ ရက်နေ့အတွင်း တောင်မြို့ကျေးရွာနှင့် ရွာထောင်ကျေးရွာများတွင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

  • UGC၊ FIRMS ဒေတာ သို့မဟုတ် ဂြိုလ်တုဓာတ်ပုံများ မရှိခြင်းကြောင့် မကျီးကုန်းရွာနှင့် တောင်ကြားရွာတို့တွင် မီးလောင်မှုဖြစ်ပွားကြောင်း အတည်မပြုနိုင်သေးပါ။


  • ဤဖြစ်ရပ်များအပြီးတွင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းကြသော သတင်းများနှင့် ခေါင်းဖြတ်သတ်ခြင်းသတင်းများ အွန်လိုင်းတွင်ပေါ်ထွက်ခဲ့သည်။ Myanmar Witness သည် အတည်ပြုနိုင်သော အချက်အလက်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

 

ဖြစ်ရပ်အကျဉ်းချုပ်

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် စစ်သား (၁၀၀)ခန့် လိုက်ပါလာသည့် စစ်ကြောင်းသည် မြင်းမူမြို့နယ်မှတဆင့် စစ်ကိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း Mandalay Free Press သတင်းအရ သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ကျေးရွာ ၈ ရွာ မီးရှို့ခံခဲ့ရပြီး အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ အရပ်သားအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းအများအပြားတွင် ဖော်ပြသည်။

 

Khit Thit ၏အဆိုအရ ရွာများကို စစ်တပ်မှစနစ်တကျမီးရှို့ခြင်းသည် ပျူစောထီးမဟာမိတ်ကျေးရွာ ဖြစ်သည်ဟုဆိုသော ကြွယ်ပုံကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က မီးရှို့ခဲ့ခြင်းဖြစ်သည်။ အမည်မသိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ မောင်းသူမဲ့လေယာဉ်ဖြင့် ကြွယ်ပုံကျေးရွာတွင် ပြုလုပ်နေသော စစ်တပ်၏ သင်္ကြန်ပွဲတော်ကို ဗုံးကျခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အစီရင်ခံစာအရ ကလေးငါးဦး အပါအဝင် လူရှစ်ဦး သေဆုံးပြီး အခြား ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Myanmar Witness သည် အဆိုပါပြောဆိုချက်များကို အတည်မပြုနိုင်ပါ။

 

Myanmar Witness သည် FIRMS မှတစ်ဆင့် မီးလောင်မှုရှစ်ခုအနက် ခြောက်ခုကို စစ်ဆေးခဲ့ပြီး၊ ဂြိုလ်တုဓာတ်ပုံများ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အသုံးပြုသူဖန်တီးသည့် အကြောင်းအရာ (UGC) တို့ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း တစ်ခုနှင့်တစ်ခု နီးစပ်သောကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။ ဥပမာအားဖြင့် အင်းစရွာနှင့် တပုရင်းကွဲရွာရှိ အရပ်သားအခြေခံအဆောက်အအုံများ ပျက်စီးခြင်းအတွက် Myanmar Witness မှ UGC ကို ပထဝီဝင်နေရာ အတည်ပြုသတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့သောအချိန်ကာလအတွင်းရှိ UGC ကို အချိန်သတ်မှတ်အတည်ပြုခဲ့သည်။

 

မူးသာရွာနှင့် တောင်ကြားကျေးရွာ ၂ ရွာကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် မီးရှို့ခဲ့ရာ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ Sentinel ရုပ်ပုံများ၌ မြေပြင်တွင်မြင်သာသော ပြောင်းလဲမှုများအား ပိုင်းခြားစိတ်ဖြာခြင်းဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း Myanmar Witness မှ ယုံကြည်သည်။


ကျန်ကျေးရွာများတွင် UGCများသည် တည်နေရာပြနိုင်ခြင်းမရှိသော်လည်း FIRMS မှ ရွာသစ်ရွာတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ရက်နေ့ တွင် မီးလောင်မှုကို ဖော်ပြခဲ့ပြီး Sentinel data မှ ဧပြီလ ၂၀ ရက်နေ့မှ၂၅ ရက်နေ့အထိ မီးလောင်ပျက်စီးမှုများအား တောင်မြို့ရွာနှင့် ရွာထောင်ရွာတို့တွင် ညွှန်ပြခဲ့ပါသည်။ UGC၊ FIRMS ဒေတာ သို့မဟုတ် ဂြိုလ်တုဓာတ်ပုံများ မရှိခြင်းကြောင့် မကျီးကုန်းရွာနှင့် တောင်ကြားရွာတို့တွင် မီးလောင်မှုဖြစ်ပွားကြောင်း အတည်မပြုနိုင်ပါ။

 

အဆိုပါ မီးလောင်မှု၊ အရပ်သားများ ရွှေ့ပြောင်းမှုနှင့် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် ဆိုရှယ်မီဒီယာများတွင် မီးလောင်ကျွမ်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိသည်ဟု ဆိုထားသည်။ Myanmar Witness သည် ဤပြောဆိုချက်များကို စုဆောင်းခဲ့သည် သို့သော်လည်း ၎င်းတို့ကို စစ်ဆေးနိုင်ခြင်း မရှိသေးပေ။ PDF လှုပ်ရှားမှုဟု ယူဆရသည့်နေရာတစ်ခုနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ တာဝန်ခံမှုအတွက် ပုံဖော်ရန် Myanmar Witness သည် အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်လက်စောင့်ကြည့်နေပါသည်။

 

Myanmar Witness သည် အောက်ပါတို့ကို စိစစ်နိုင်ခဲ့သည်-

 

  • အင်းစရွာ မီးလောင်မှု။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ရိုက်ယူနိုင်ဖွယ်ရှိသည့် ဘုန်းကြီးကျောင်းတစ်ခုအပါအဝင် မီးလောင်ပျက်စီးသွားသော အဆောက်အဦးများ၏ ဘူမိတည်နေရာအား အတည်ပြုသတ်မှတ်ခြင်း။ FIRMS နှင့် Sentinel ၏ အချက်အလက်များအရ အင်းစရွာသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် မီးလောင်ခဲ့သည်ဟု အတည်ပြုသည်။


  • တပုရင်းကွဲရွာတွင် မီးလောင်မှုဖြစ်ပွားခြင်း။ အဆောက်အဦးများ မီးလောင်ပျက်စီးမှုကို ပြသသည့် UGC အား နေရာအတည်ပြုသတ်မှတ်ခြင်း။ FIRMS အချက်အလက်အရ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ပျက်စီးမှုအား ညွှန်ပြသည်။


  • ရွာသစ်ရွာတွင် မီးလောင်မှုဖြစ်ပွားခြင်း။ FIRMS ဒေတာသည် ၂၀၂၃ခုနှစ် ဧပြီလ ၂၃ရက်တွင် မီးလောင်မှုကိုညွှန်ပြသည်။


  • မီးလောင်မှုကြောင့် ကျေးရွာရှစ်ရွာအနက် ခြောက်ရွာတွင် စိုက်ခင်းများ ဆုံးရှုံးခဲ့သည်။ Sentinel ရုပ်ပုံများသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ကြားတွင် စစ်တပ်မှ မီးရှို့သည်ဟု ဆိုထားသော စိုက်ခင်းများ ဆုံးရှုံးသွားသည်ကို ပြသသည်။


စုံစမ်းစစ်ဆေးမှုအား လေ့လာခြင်း 

Myanmar Witness သည် UGC၊ FIRMS ဒေတာနှင့် ဂြိုလ်တုဓာတ်ပုံများကို ဖော်ထုတ်ခဲ့ပြီး မီးလောင်မှု ရှစ်ခုအနက် ခြောက်ခုကို အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် မီးလောင်မှုများအတွက် သက်ဆိုင်နိုင်သော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် အဆိုပြုချက်များအား Myanmar Witness မှ ဖော်ထုတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ Myanmar Witness သည် အဆိုပါအဆိုပြုချက်များကို လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးပေ။ အောက်ဖော်ပြပါမြေပုံသည် စုံစမ်းစစ်ဆေးခဲ့သည့် ဖြစ်ရပ်များ၏ ခြုံငုံသုံးသပ်ချက်ဖြစ်သည်။



 

ပုံ 1- မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ တွေ့မြင်ရသောနေရာများမြေပုံ (အနက်ရောင်ပင်များ) နှင့် မီးလောင်မှုဖြစ်ပွားသည့်ကျေးရွာရှစ်ခု။ အဆိုပါ Myanmar Witness မှ စိစစ်နိုင်ခဲ့သော မီးလောင်မှုတွင် အနီရောင်ပင်များဖြင့်ပြသထားပြီး တစ်စိတ်တစ်ပိုင်းစိစစ်နိုင်ခဲ့သော မီးလောင်မှုအား လိမ္မော်ရောင်ပင်များဖြင့် မှတ်သားထားပြီး အတည်မပြုနိုင်သော မီးလောင်မှုနှစ်ခုကို အဝါရောင်ပင်များဖြင့် ပြသထားသည်။ (Myanmar Witness မှ QGIS အသုံးပြု၍ ဖန်တီးထားသည့် မြေပုံ)

 

အင်းစကျေးရွာ (စိစစ်ပြီး)


ထူပါရုံကျောင်းတိုက်နှင့် မီးလောင်ပျက်စီးခြင်း (သို့မဟုတ်) ပြင်းထန်စွာ မီးရှို့ဖျက်စီးခြင်းခံခဲ့ရသော အင်းစကျေးရွာ၏ အခြားအစိတ်အပိုင်းများ [22.120529၊ 95.695671] ကို Myanmar Witness မှ ပထဝီဝင်တည်နေရာသတ်မှတ်အတည်ပြုခဲ့သည် (ပုံ 2)။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့အထိ FIRMS မှ ပြသသောမီးလောင်မှုမှတဆင့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင်တွေ့ရသော မီးလောင်ပျက်စီးမှုနှင့် ၂၀၂၃ ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဧရိယာအတွင်း ပျက်စီးဆုံးရှုံးမှုများပြသသော Sentinel ကို Myanmar Witness မှ စိစစ်ခဲ့သည်။

 

ပုံ 2- အင်းစရွာပတ်ဝန်းကျင်ရှိ မီးလောင်ပျက်စီးမှုအား နေရာအတည်ပြုသတ်မှတ်ခြင်း  [22.120529, 95.695671] (ရင်းမြစ်: RFA)။

 

Sentinel ဂြိုလ်တုပုံရိပ်များသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း အင်းစရွာဧရိယာတွင် သိသာထင်ရှားစွာအရောင်ပြောင်းခြင်းနှင့် ရွာ၏အရောင် လျော့ကျသွားသည်ကို ပြသသည် (ပုံ 4)။ ဤပြောင်းလဲမှုများသည် ဧရိယာအတွင်းရှိ အဆောက်အဦးများ၊ မြေပြင်နှင့် အပင်များကို ထိခိုက်စေသည့် မီးလောင်ကျွမ်းမှု၏ ရလဒ်ဖြစ်ဖွယ်ရှိသည်။ ဤကြီးမားစွာထိခိုက်ခံရသည့်ဧရိယာသည် ပုံ ၂ မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင်ဟု ဆိုထားသော နေရာသတ်မှတ်အတည်ပြုခဲ့သည့် အင်းစရွာ [22.120529, 95.695671] မီးလောင်ပျက်စီးသည့် ဧရိယာနှင့် လိုက်လျောညီထွေဖြစ်နေသည်။ Myanmar Witness သည် မြေပြင်ရှိ ပြောင်းလဲမှုများအား ပိုမိုရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းအဖြစ် အောက်ပါဥပမာများတွင် အရောင်ပြောင်းပြန်ကို အသုံးပြုခဲ့သည်။

 

FIRMS၏ မီးလောင်မှုပြဒေတာသည် ၂၀၂၃ခုနှစ် ဧပြီလ ၂၁ ရက်တွင် ထိုကျေးရွာ၌ မီးလောင်မှုကို ဖော်ပြပြီး ရွာသည် ဧပြီလ ၂၁ ရက်နေ့တွင်တိုက်ခိုက်ခံခဲ့ရသည်ဟုဆိုသော သတင်း (ပုံ 4) နှင့်အညီ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ပုံ 3- မီးကြောင့်ဖြစ်နိုင်ဖွယ်ရှိသော ရွာ၏နေရာအနှံ့အပြားတွင် အရောင်ပြောင်းနေသော အင်းစကျေးရွာ (ရင်းမြစ်- Sentinel)။


ပုံ 4- အင်းစကျေးရွာသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် မီးလောင်မှုစာရင်းဝင်ခဲ့သည် (ရင်းမြစ်- FIRMS)။

 

တပုရင်းကွဲကျေးရွာ (စိစစ်ပြီး)


စေတီတော်များအနီး မီးလောင်ပျက်စီးသွားပုံရသော အဆောက်အဦးများအပါအဝင် ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ရိုက်ကူးခဲ့သော တပုရင်းကွဲကျေးရှိ ပျက်စီးနေသော အဆောက်အဦးများကို Myanmar Witness က ‌နေရာသတ်မှတ်အတည်ပြုထားသည် (ပုံ ၅)။

 

ပုံ 5- [22.052194, 95.670174] တပုရင်းကွဲကျေးရွာတဝိုက်ကို ပြသသောဗီဒီယို 4.11s မှ နေရာအတည်ပြုသတ်မှတ်ခြင်း(ရင်းမြစ်- ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။

 

တပုရင်းကွဲကျေးရွာ၏ ဂြိုလ်တုဓာတ်ပုံများအရ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း (ပုံ 6၊ 7 နှင့် 8) တွင် မီးလောင်ပျက်စီးမှုနှင့်ကိုက်ညီသော မြေပြင်အရောင်ပြောင်းခြင်းကို ပြသပါသည်။ ထို့အပြင် FIRMS သည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ကျေးရွာမီးလောင်ကျွမ်းမှု စာရင်းသွင်းခဲ့ပြီး အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့် အချိန်ကာလကို ကျဉ်းမြောင်းသွားစေခဲ့သည်။ အဆိုပါကျေးရွာများတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုကို ထောက်ပံ့ပေးပါသည်။ အဆိုပါ မီးလောင်မှုသည် မြန်မာစစ်တပ်ကြောင့်ဖြစ်သည်ဟု ယူဆရသည်။ သို့သော်လည်း Myanmar Witness သည် အဆိုပါအဆိုပြုချက်များကို အတည်မပြုနိုင်သေးပေ။

 

ပုံ 6- မီးကြောင့်ဖြစ်နိုင်ဖွယ်ရှိသည့် မြေပြင်ပြောင်းလဲသွားသော တပုရင်းကွဲရွာ၏အချို့နေရာများကို ပြသထားသည်(ရင်းမြစ်- Sentinel)။


ပုံ 7- ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် FIRMS၌ အပူအမှတ်အသားများတွေ့ရသော တပုရင်းကွဲရွာနှင့် ရွာသစ်ကျေးရွာ (ရင်းမြစ်- FIRMS)။

 

ရွာသစ်ကျေးရွာ (စိစစ်ပြီး)

FIRMS အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် မီးလောင်မှု ကြုံတွေ့ခဲ့ရသော ရွာသစ်ရှိ Sentinel ပုံရိပ် (ပုံ 7 တွင် အထက်ဖော်ပြပါအတိုင်း) - ဧပြီလ ၂၀နှင့် ၂၅ရက်ကြား တပုရင်းကွဲကျေးရွာတွင် မြင်တွေ့ရသည့် အလားတူ အရောင်ပြောင်းမှုမျိုးကို တွေ့မြင်နိုင်သည်။ (ပုံ 8)။

 

ပုံ ၈- မီးကြောင့်ဖြစ်နိုင်ချေရှိသော မြေပြင်ပြောင်းလဲမှုကြောင့် ထိခိုက်ခံရသည့် ရွာသစ်ရွာ၏တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများ (ရင်းမြစ်- Sentinel)။

 

မူးသာရွာ၊တောင်မြို့ရွာနှင့် ရွာထောင်ကျေးရွာများ (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

 

Sentinel ဂြိုလ်တုဓာတ်ပုံများသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မူးသာရွာ၊ တောင်မြို့ရွာနှင့် ရွာထောင်ကျေးရွာများဟု သတ်မှတ်ရန်လျှော့နည်းလာပြီး အရောင်ဖျော့လာကာ မီးလောင်ပျက်စီးမှု၏ ရလဒ်ဖြစ်နိုင်သည် (ပုံ 9၊ 10 နှင့် 11)။ အဆိုပါကျေးရွာများကို ဧပြီ ၂၁ ရက်နှင့် ဧပြီ ၂၂ ရက်တို့တွင် မီးရှို့ခံခဲ့ရကြောင်း သိရသည်။ ၎င်းကို ဧပြီလ ၂၀ မှ ၂၅ ရက်အထိ အဖြစ်အပျက်များ အတွက် အချိန်အပိုင်းအခြားကို ကျဉ်းမြောင်းစေသည့် Sentinel ပုံများဖြင့် ပံ့ပိုးထားသည်။ သို့ရာတွင် Myanmar Witness သည် UGC သို့မဟုတ် FIRMS ဒေတာမရှိခြင်းကြောင့် ပထဝီဝင်တည်နေရာသတ်မှတ်ခြင်း သို့မဟုတ် အချိန်သတ်မှတ်ခြင်း ပြုလုပ်နိုင်သည့် ရက်စွဲအတိအကျကို အတည်မပြု နိုင်ပါ။


ပုံ 9- မီးကြောင့်ဖြစ်နိုင်ဖွယ်ရှိသော မြေပြင်ပြောင်းလဲသွားသော မူးသာ ရွာ၏အလယ်ပိုင်းဒေသများ (ရင်းမြစ်- Sentinel)။

 

ပုံ 10- မီးကြောင့်ဖြစ်နိုင်ချေရှိသော မြေပြင်ပြောင်းလဲသွားသော တောင်မြို့ရွာ၏ အလယ်ပိုင်းဒေသများ (ရင်းမြစ်- Sentinel)။

 

ပုံ 11- မီးကြောင့်ဖြစ်နိုင်ချေရှိသော မြေပြင်ပြောင်းလဲသွားသော ရွာထောင်ရွာ၏အချို့နေရာများ (ရင်းမြစ်- Sentinel)။


အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များရှိနေကြခြင်းနှင့် မီးလောင်မှုများကြောင့် သောင်းနှင့်ချီသောဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း မီဒီယာများ၏ အဆိုအရသိရသည်။ ဥပမာအားဖြင့် Khit Thit Media သည် အထူးသဖြင့် ရွှေကူမြို့နယ် အင်းစရွာနှင့် တောင်ကြားရွာမှ ထွက်ခွာလာသည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူအုပ်စုများကို ပြသသည့် ပုံများကို မျှဝေခဲ့သည်။ ဤအစီရင်ခံစာတွင်ဆွေးနွေးခဲ့သည့် ကျေးရွာရှစ်ရွာမှ ခုနစ်ရွာမှ လူ ၃၀,၀၀၀ ကျော် (အင်းစ၊ တပုရင်းကွဲ၊ ရွာထောင်၊ ရွာသစ်၊ တောင်မြို့၊ မူးသာ၊ တောင်ကြား) ရွာတို့ကို၂၀၂၃ခုနှစ် ဧပြီလ ၂၀ မှ ၂၄ ရက်နေ့အတွင်း အိုးအိမ်မဲ့ဖြစ်စေခဲ့ကြောင်း စစ်တပ်ဆန့်ကျင်ရေး မီဒီယာအဖွဲ့ မြေလတ်အသံက ဖော်ပြသည်။

 

ရွာသားခြောက်ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသစ်ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောကြားချက်ကို မြေလတ်အသံသတင်းဌာနက ဖော်ပြခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ရွာသား ၃ ဦးကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က အင်းစရွာမှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း RFA Burmese တွင် ဖော်ပြခဲ့သည်။ လူတစ်ဦးချင်းစီကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Myanmar Witness မှအတည်မပြုနိုင်သေးသော်လည်း ယင်းပြောဆိုချက်များသည် မီးလောင်မှုဖြစ်ပွားသော အချိန်ပတ်ဝန်းကျင်တွင် ထိုနေရာ၌ စစ်တပ်ရှိနေကြောင်းပြောကြားထားသော အစီရင်ခံစာများနှင့် ကိုက်ညီနေပါသည်။


ပုံ 12- အင်းစနှင့် တောင်ကြားရွာမှ ထွက်ပြေးလာသည့် IDPs များဟု အတည်မပြုနိုင်သော ပုံများ (ရင်းမြစ်-Khit Thit Media)။

 

၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ တွင် တပုရင်းကွဲရွာ မီးလောင်နေချိန်တွင် တပ်မ ၉၉ မှ စစ်ကြောင်းသည် တပုရင်းကွဲမှ ဒေသခံတစ်ဦးအား ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း Mandalay Free Press မှ သတင်းထုတ် ပြန်ခဲ့သည်။ ၎င်း၏အလောင်းကို နောက်ပိုင်းတွင်တွေ့ရှိခဲ့ပြီး ခေါင်းဖြတ်သတ်ခံခဲ့ရသည် (ပုံ ၁၃)။ ရရှိနိုင်သော UGC သည် ဤနေရာ၌ ခေါင်းဖြတ်ခံရခြင်း ရှိ၊ မရှိ Myanmar Witness မှ ယုံကြည်စိတ်ချစွာ အတည်ပြုနိုင်ရန် မလုံလောက်သော်လည်း Myanmar Witness သည် စစ်ကိုင်းနှင့်အနီးတစ်ဝိုက်တွင် တပ်မ ၉၉ မှ ဆောင်ရွက်သည်ဟု သတင်းများကဆိုထားသည့် ခေါင်းဖြတ်အသတ်ခံရမှု အများအပြားကို ဆက်လက်စောင့်ကြည့်လျှက်ရှိသည်။ ဥပမာ- 'ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းနှင့် အပိုင်းပိုင်းဖြတ်တောက်ခြင်း- စစ်ကိုင်းတွင် ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်များ' အစီရင်ခံစာကို ကြည့်ရှုနိုင်ပါတယ်။

 

ပုံ 13- တပုရင်းကွဲတွင် စစ်တပ်မှ ခေါင်းဖြတ်သတ်ခဲ့သည့် ဒေသခံတစ်ဦး၏ပုံ။ (ရင်းမြစ်: Mandalay Free Press)။

 

ထည့်သွင်းစဥ်းစားချက်များ 

Myanmar Witness သည် ပြည်တွင်းသတင်းမီဒီယာများ သို့မဟုတ် လူမှုမီဒီယာအသုံးပြုသူများက ပြောကြားထားသည့်အဆိုပါ ကျေးရွာများတွင် မီးလောင်မှုဖြစ်ပွားရာတွင် စစ်တပ်မှတာဝန်ရှိသည်ဟု ဆိုထားခြင်း (သို့မဟုတ်) အနီးနားတွင် စစ်တပ်ရှိသည်ဟု မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို Myanmar Witness မှ ဖော်ထုတ်ကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော်လည်း Myanmar Witness သည် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများ (သို့မဟုတ်) သီးခြားအဖွဲ့များနှင့် သက်ဆိုင်သည့် အဆိုပြုချက်များကို အတည်မပြုနိုင်ခဲ့ပါ (အောက်ပါကဏ္ဍတွင် ဖော်ပြထားသည့် အဆိုပြုချက်များ)။

 

Myanmar Witness သည် စဉ်ဆက်မပြတ် မီးလောင်ကျွမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနီးတစ် ဝိုက်ဒေသများတွင်Myanmar Witness မှ တင်ပြထားသည်နှင့် တိုက်ဆိုင်သည့်မီးလောင်မှုများ အပါအဝင် UGC များသည် မီးရှို့မှုကိုပြသနိုင်ခြင်း မရှိခြင်းကြောင့် ထိုနေရာမီးလောင်မှုတွင် မည်သူများက တာဝန်ရှိကြောင်း အပြည့်အဝ အတည်မပြုနိုင်သေးပါ။ အခြားနေရာများတွင်လည်း Myanmar Witness သည် ရွာများကိုမီးရှို့ရန် စစ်တပ်၏ရည်ရွယ်ချက်ကို ပြသသည့် ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး ဒေသအနှံ့ စစ်တပ်၏ မီးသုံးစွဲတိုက်ခိုက်မှု၏ ပုံစံများကို ရှင်းလင်းစွာ ဖော်ထုတ်ခဲ့သည်။ ပိုမိုသိရှိလိုပါက မီးလောင်မှုနှင့်ပတ်သက်သည့် Myanmar Witness အစီရင်ခံစာကို ကြည့်ရှုနိုင်ပါသည်။

 

စစ်တပ် တပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဒေသခံကင်းထောက်ချန်နယ်မှ ဒေသစံတော်ချိန် ၂၀နာရီခန့်တွင် အကြမ်းဖက်မှုအတွက် ဘီလူးစစ်ကြောင်းဟုလူသိများသော တပ်မ ၉၉ မှစစ်ကြောင်းသည် မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းမြို့နယ် မူးမြစ်အနောက်ဘက်ကမ်းမှ ညောင်ပင်ရှည်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ရွာသားများသည် ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

 

ဒေသစံတော်ချိန် ၂၁:၀၀ နာရီအချိန်တွင် စစ်တပ်စစ်ကြောင်းသည် မူးမန္တလေးမှ ထွက်ခွာကာ ညောင်ပင်ရှည်ရွာဘက်သို့ ဦးတည်သွားကြောင်း ကင်းထောက်ချန်နယ်မှ ထုတ်ပြန်ခဲ့သည်။ နောက်တစ်နေ့ ၀၇:၀၀ နာရီအချိန်တွင် စစ်ကြောင်းသည် တလိုင်းကျွန်းရွာသို့ ၀င်ရောက်ခဲ့ပြီး ၀၈:၅၀ နာရီအချိန်တွင် အင်းစရွာသို့ ဆက်သွားကာ ၀၉:၂၅ နာရီခန့်တွင် အဆောက်အဦးများကို မီးရှို့ခဲ့သည်။ ယင်းကျေးရွာတွင် ထိုနေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှစိစစ်ခဲ့သည်။ (အထက်တွင်ကြည့်ပါ)။

 

၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အင်းစရွာနှင့်ကပ်လျက် တောင်ကြားကျေးရွာတွင် မြန်မာစစ်တပ်မှ နေအိမ် ၁၀ လုံး မီးရှို့ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြားရွာသည် လေးကြိမ်မြောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း Myanmar Witness သည် ဂြိုလ်တုပုံရိပ် သို့မဟုတ် UGC အားခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြု၍ အဆိုပါအဆိုများကို အတည်မပြုနိုင်သေးပါ။


၎င်းစစ်ကြောင်းတွင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်ပါဝင်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မူးသာရွာနှင့် မကျီးကုန်းရွာသို့ တပြိုင်နက်ဝင်ရောက်လာခဲ့သည်။ (လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။ Myanmar Witness သည် စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာများကို အတည်မပြုနိုင်သေးသော်လည်း မူးသာရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း အထောက်အထားများကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်အတွင်း ဂြိုလ်တုဓာတ်ပုံများတွင် တွေ့ရသည်။ (အထက်တွင် ဖော်ပြထားသည့်အတိုင်း)

 

နောက်ရက်များတွင် တောင်မြို့ကျေးရွာတွင် အိမ်ခြေ ၁၆ လုံး၊ ရွာသစ်ကျေးရွာတွင် အိမ် ၃၇ လုံး၊ ရွာထောင်ရွာတွင် အိမ် ၅ လုံးနှင့် တပုရင်းကွဲမှ အိမ် ၅၃ လုံးတို့ကို အဆိုပါစစ်ကြောင်းနှစ်ကြောင်းမှ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ Myanmar Witness သည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း (အထက်ဖော်ပြပါအတိုင်း) ဤကျေးရွာများရှိ မြေမျက်နှာသွင်ပြင် ကွဲပြားမှုများကို စိစစ်နိုင်ခဲ့သည်။

 

အနာဂတ်အားစောင့်ကြည့်လေ့လာခြင်း

မကြာသေးမီလများအတွင်း အရပ်သားများကိုထိခိုက်သည့် မီးလောင်ကျွမ်းမှုနှင့် မြေပြင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်ဟု အရပ်သားသတင်းထောက်များက ဖော်ပြကြသည်။ ရလဒ်များမှာ အိုးအိမ်များ၊ လူ့အသိုက်အဝန်းများ ပျက်စီးခြင်းနှင့် အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၁၃၀၀၀၀၀ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ISP Myanmar သုတေသနအဖွဲ့မှ သိရသည်။

 

အဆိုပါတိုက်ပွဲများသည် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် သက်ရောက်မှုရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်စေကာ အချို့ကိစ္စများတွင် လူအသေအပျောက်ဖြစ်စေသည်ဟု အခိုင်အမာဆိုထားသော ကြောင့် ပဋိပက္ခတွင်ပါဝင်သူများကြား ပဋိပက္ခများကို ဆက်လက်စောင့်ကြည့်ရန် အရေးကြီးပါသည်။ ယင်းသည် နှစ်ဖက်စလုံးအတွက် မဟာဗျူဟာအရအရေးပါသည့် 'ခြောက်သွေ့ဇုန်' ဖြစ်သည့် စစ်ကိုင်း၊ ချင်းနှင့် မကွေးဒေသများတွင် အထူးအရေးကြီးပါသည်။

 

ပဋိပက္ခပုံစံများကို သိမြင်နိုင်စေမည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြင်းထန်သော စစ်ရေးနည်းပရိယာယ်များကို ဖော်ထုတ်ရန် Myanmar Witness သည် UGC၊ ဂြိုလ်တုဓာတ်ပုံများ၊ ကင်းထောက်ချန်နယ်များနှင့် အခြားဆက်စပ်အချက်အလက်များကို ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်သည်။

 

အတိုကောက်များ

မီးလောင်မှု အရင်းအမြစ်စီမံခန့်ခွဲမှုစနစ် - FIRMS

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ - IDP

ခြေမြန်တပ်မ- LID

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF

နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီ - SAC

အသုံးပြုသူဖန်တီးထားသော အကြောင်းအရာ - UGC

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page