top of page

ပြာပုံထဲတွင်ကျန်ရစ်ခဲ့သောပုံပြင်များ

Myanmar Witness

24 Dec 2023

Report Published:

5.png
4.png
3.png

၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း မီးရှို့ခံရသူများ၏ အကြွင်းအကျန်များနှင့်ပတ်သက်သည့် ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာခြင်း

ပြာပုံထဲတွင်ကျန်ရစ်ခဲ့သောပုံပြင်များ

Myanmar Witness

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ရက်တွင် အစီရင်ခံစာထုတ်ဝေသည်။

 

၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း မီးရှို့ခံရသူများ၏ အကြွင်းအကျန်များနှင့်ပတ်သက်သည့် ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာခြင်း

 

သတိပေးချက်- စိတ်မချမ်းမြေ့စရာရုပ်ပုံများပါဝင်သည်။

ဤအစီရင်ခံစာတွင် စိတ်မချမ်းမြေ့စရာရုပ်ပုံများနှင့် အွန်လိုင်းတွင်မျှဝေထားသော စိတ်မချမ်းမြေ့စရာ ရုပ်ပုံများသို့လင့်ခ်များပါရှိသည်။ အသေးစိတ်ကိုမှုန်ဝါးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အစီရင်ခံစာတွင် အချို့သောစာဖတ်သူများ စိတ်ဆင်းရဲစရာတွေ့နိုင်စေမည့် အချက်အလက်များပါရှိသည်။

 

အဓိကဖြစ်ရပ်အသေးစိတ်

ဖြစ်ပွားသည့်နေ့/အချိန်-

  • ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း သီးခြားဖြစ်ရပ် ၁၄၆ ခု

 

စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

  • မြန်မာစစ်တပ် (SAC)

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

 

စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်- 

  • Myanmar Witness သည် ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း လူများမီးရှို့ ခံရမှုနှင့်ပတ်သက်သည့် ဒေသတွင်းမီဒီယာအစီရင်ခံစာများနှင့် အသုံးပြုသူထုတ်ပေးသော အကြောင်းအရာ (UGC) ကိုဖော်ထုတ်၊ မှတ်တမ်းတင်ကာ ဖြစ်နိုင်လျှင်စစ်ဆေးအတည်ပြုထား ပါသည်။ ယင်းတွင် သေပီးနောက် မီးလောင်ထားသော အလောင်းများအပါအဝင် အရှင်လတ်လတ် မီးရှို့သည်ဟူသောအဆိုပြုချက်များ၊ လက်နက်ကြီး(သို့မဟုတ်) ခဲယမ်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများပါဝင်သည်။

  • သီးခြားဖြစ်ရပ် ၁၄၆ ခုကို စာရင်းပြုစုထားပါသည်။ ဖြစ်ရပ်များစွာကို အတည်မပြုနိုင်သော်လည်း ဖြစ်ရပ် ၈၀ တွင် သေဆုံးသူများ၌ ထူးခြားသောပုံစံများရှိသည်။

  • ဖြစ်စဉ်အများစုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုနေရာသည် အခြားသော Myanmar Witness ၏ အစီရင်ခံစာများတွင် မြင်တွေ့ရသည့်အတိုင်း ပဋိပက္ခဖြစ်ပွားရာအဓိကနေရာဖြစ်သည်။

  • အချိန်ကြာလာသည်နှင့်အမျှ မီးရှို့သတ်ဖြတ်ခြင်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို အစီရင်ခံမှုလျော့နည်းလာသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို တိတိကျကျမသိရသေး ပေ။

  • လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာအခြေခံအကြမ်းဖက်မှု (SGBV)၊ သေဆုံးမှုနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှု ဖြစ်နိုင်ခြေရှိသော အခြားသောချိုးဖောက်မှုများ အပါအဝင် အမှု ၃၅ မှု (၂၄%) သည် အမျိုးသမီးများကသားကောင်များဖြစ်သည်။

  • မသေဆုံးမီ (သို့မဟုတ်) သေဆုံးပြီးနောက် လူများကိုမီးရှို့ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုး ဖောက်နေသည်ဟုယုံကြည်ပြီး ယင်းကို နိုင်ငံတကာဥပဒေအဖွဲ့များက ဆက်လက်စုံစမ်းရန် အကြံပြုထားသည်။

     

အဓိကအချက်အလက်များ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုမစတင်မီနှင့် စတင်ချိန်ကတည်းက မြန်မာနိုင်ငံတွင် မီးရှို့ခံရသည့်ကျေးရွာများ (Ocelli Project နှင့် Myanmar Witness အစီရင်ခံစာများတွင် ပါဝင်သည့်အတိုင်း) ခေါင်းဖြတ်သတ်ဖြတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုအများအပြားအပါအဝင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများစွာ ဖြစ်ပွားခဲ့သည်။ Myanmar Witness သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပဋိပက္ခများနှင့် ဆက်စပ်လျက်ရှိသော အလားအလာရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စုစည်းကာခွဲခြမ်း စိတ်ဖြာခဲ့ပြီး စုံစမ်းစစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အသက်ရှင်လျက် (သို့မဟုတ်) သေဆုံးပြီးနောက် မီးရှို့ခံရသူများ၊ ရည်ရွယ်ချက်ရှိရှိ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ မီးရှို့ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်အများ အပြားကို Myanmar Witness မှ ဖော်ထုတ်ခဲ့သည်။

 

Myanmar Witness မှ မီးလောင်ထားသော ရုပ်အလောင်းများပါ၀င်သည့် ၂၀၂၂ ခုနှစ် မတ်လ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးခဲ့သည်။ မီးလောင်သော ရုပ်အလောင်းများ အပါအဝင် သီးခြားဖြစ်ရပ် ၁၄၆ ခုကို ဖော်ထုတ်ခဲ့သည်။ ဤဖြစ်ရပ်များထဲမှ ဖြစ်ရပ် ၈၀ တွင် သေဆုံး သူများ၏ ထူးခြားသောပုံစံများကို တွေ့ရှိနိုင်သည်။ ဖော်ထုတ်ထားခဲ့သော ၄၄၄ ဦးအနက် UGC တွင် သေဆုံးသူ ၁၅၀ ကို တွေ့ရှိနိုင်ပြီး အဖြစ်အပျက်များကို အောက်ပါအတိုင်း အမျိုးအစားခွဲထားသည်။

 

  • အရှင်လတ်လတ် မီးရှို့ခံရခြင်း၊ 

  • သွယ်ဝိုက်သောနည်းဖြင့် မီးရှို့ခံရခြင်း၊

  • သေဆုံးပြီးနောက် မီးရှို့ခံရခြင်း။

 

ဖြစ်ရပ်အတော်များများသည် "သီးခြားဖြစ်ရပ်" အဖြစ် အမှတ်အသားပြုထားသည့် အမျိုးအစားသုံး မျိုးတွင်မပါဝင်ခြင်းနှင့် အကန့်အသတ်ရှိသော အချက်အလက်ပါရှိသော အဖြစ်အပျက်များကို "မရှင်း လင်း" အဖြစ်အမှတ်အသားပြုထားသည်။ ဖြစ်စဉ် ၁၄၆ မှုအနက် ၁၀၄ မှုသည် ပဋိပက္ခများအတွင်း အဓိကနေရာဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးသည် ၂၁ မှုဖြင့် ဒုတိယအများဆုံးနေရာဖြစ်သည်။ ထို့အပြင် ဖြစ်ရပ် ၃၅ ခုတွင် ကျူးလွန်ခံရသူများသည် အမျိုးသမီးသားကောင်များဖြစ်သည်။

 

 

ဖြစ်ရပ်များ၏ မတူညီသောသဘောသဘာဝနှင့် ပြင်းထန်မှုကိုပြသရန်အတွက် ဖြစ်ရပ်လေ့လာမှုလေးခုကို ထပ်မံစုံစမ်းခဲ့သည်။ ၎င်းတို့တွင် ရုပ်အလောင်းပုံများ၊ ကလေးအသေအပျောက်များနှင့် သိသာထင်ရှားသောဒဏ်ရာများဖြင့် သေဆုံးသူများပါဝင်သည်။ ဤစုံစမ်းစစ်ဆေးမှုသည် ရုပ်အလောင်းများကို ခုတ်ထစ်ခြင်း၊ သေဆုံးသူများကို မလေးစားပြုကျင့်ခြင်းနှင့် နိုင်ငံတကာဥပဒေ အများအပြားကိုချိုး ဖောက်နိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည့်  အရပ်သားလူထုအပေါ် မရေမတွက်နိုင်သော ထိခိုက်မှုကျူး လွန်ခြင်းတို့ကို ထင်ရှားစေသည်။

အမျိုးမျိုးသောအစီရင်ခံစာများအရ စစ်တပ်သည်ဤအမှုများစွာတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲထားသည်။ Myanmar Witness သည် ယင်းကို အတည်မပြုနိုင်သေးသော်လည်း တာဝန်ရှိမှုကို အကဲဖြတ်ရန်အတွက် မည်သည့်ထပ်တိုးလုပ်ဆောင်မှုကိုမဆို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ် သည်။

 

နောက်ခံနှင့် အကြောင်းအရာ


မီးသဂြိုလ်ခြင်းနှင့် မီးလောင်မှုနှင့်ပတ်သက်သော မတော်တဆမှုများဖြစ်ပေါ်ချိန်တွင် စစ်ပွဲများတွင် မီးအား ဗျူဟာမြောက်နှင့် ကြောက်မက်ဖွယ်ကောင်းအောင် အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံသည် ခြွင်းချက်မဟုတ်ပါ။ အဆိုပါဖြစ်ရပ်များတွင် နေထိုင်သူများ၏ ဘာသာရေးမီးသဂြိုလ်မှု၊ သာမန်အိမ် မီးလောင်မှုများပါဝင်သော်လည်း ဝမ်းနည်းစရာမှာ စစ်ပွဲ၏သားကောင်များ၊ မီးရှို့တိုက်ခိုက်မှုများ၊ အသက်ရှင်လျက် (သို့မဟုတ်) သေဆုံးပြီးနောက် မီးရှို့ခံရခြင်းများပါဝင်သည်။ သက်ရောက်မှုသည် သေစေနိုင်သည် ဥပမာအားဖြင့် ၎င်းသည်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်၊ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေခြင်း (သို့မဟုတ်) လူထုအဖွဲ့အစည်းများအပေါ် အဘက်ဘက်မှသက်ရောက်မှုများ ဖြစ် ပေါ်စေနိုင်သည်။

 

နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများသည် အရပ်သားများအား မလိုအပ်ဘဲထိခိုက်ဒဏ်ရာရစေခြင်း၊ မလိုလားအပ်သော ဝေဒနာခံစားရခြင်းများကို ရှောင်ရှားရန်လိုအပ်ကြောင်း (ဥပမာ ဂျီနီဗာသဘောတူညီချက်၊  ထပ်တိုးလုပ်ငန်းစဉ် ၂၊ အပိုဒ် ၁၃ (၂)၊ ICRC လက်စွဲစာအုပ်၊ နည်းဥပဒေ ၇၀) ပြဋ္ဌာန်းထား သော်လည်း မြန်မာနိုင်ငံသည် အဆိုပါစည်းမျဉ်းများကို ချိုးဖောက်မှုအများအပြားကို မြင်တွေ့ရသည်။ ထို့အပြင် ဓလေ့ထုံးတမ်းဥပဒေများတွင် အရပ်သားများအကြား အကြမ်းဖက်ပျံ့နှံ့မှုသည် လက်ခံနိုင် ဖွယ်မရှိ (ICRC လက်စွဲစာအုပ်၊ စည်းမျဉ်း ၂) နှင့် ချုပ်ဆိုထားသော နိုင်ငံတကာသဘောတူညီချက်များသည် အရပ်သားများအတွက် နောက်ထပ်အကာအကွယ်ပေးသည်ဟူသည့် တူညီသောယုံကြည်ချက်ကို ဖော်ပြထားပါသည်။

 

လူများကိုမီးရှို့ခြင်း၊ အသက်ရှင်လျက် (သို့မဟုတ်) သေဆုံးပြီးနောက် မီးရှို့ခံရခြင်းတို့သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။ နိုင်ငံတကာဥပဒေများစွာတွင် ပြင်းထန်စွာထိခိုက်စေခြင်းကို တားမြစ်ထားသည် (ဥပမာ- Lieber Code၊ အပိုဒ် ၅၆၊ ဂျီနီဗာသဘောတူညီချက်များ၊ ဘုံအပိုဒ် ၃၊ တတိယဂျီနီဗာသဘောတူညီချက်၊ အပိုဒ် ၁၃၊ စတုတ္ထဂျီနီဗာသဘောတူညီချက်၊ အပိုဒ် ၃၂၊ ထပ်တိုး လုပ်ငန်းစဉ် ၁၊ အပိုဒ် ၇၅()၊ ထပ်တိုးလုပ်ငန်းစဉ် ၂ အပိုဒ် ၄(၂)၊ နှင့် ICC ဥပဒေ၊ အပိုဒ် ၈(၂)(ခ)(x) နှင့် (င)(xi))။ ထို့အပြင် ပဋိပက္ခဖြစ်ပွားနေသောအဖွဲ့များသည် လူသေများအားလေးစားရန် အစီအမံအား လုံးကိုလုပ်ဆောင်ရမည် (စတုတ္ထ ဂျီနီဗာသဘောတူညီချက်၊ အပိုဒ် ၁၆၊ ဂျီနီဗာသဘောတူညီချက်၊ ထပ်တိုးလုပ်ငန်းစဉ် ၁၊ အပိုဒ် ၃၄()၊ ဂျနီဗာသဘောတူညီချက်၊ ထပ်တိုးလုပ်ငန်းစဉ် ၂၊ အပိုဒ် (၄)၊ နှင့် ကိုယ်ပိုင်ဂုဏ်သိက္ခာကို ကာကွယ်ခံရမည် (ICC ဥပဒေ၊ အပိုဒ် ၈(၂)(ခ)(xxi) နှင့် (ဂ)(ii))

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုစတင်ကတည်းက ဆန္ဒပြပွဲများ မကြာခဏဖြစ်ပွားခဲ့ပြီး အာဏာဖီဆန်သော အဖွဲ့အစည်းများကိုဖွဲ့စည်းခဲ့သည်။ မြန်မာစစ်တပ်သည် နိုင်ငံရေးအတိုက်အခံများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီး အရပ်သားအသိုင်းအ၀ိုင်းအား အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုပဋိပက္ခများသည် မြန်မာနိုင်ငံအနှံ့အပြားသို့ပျံ့နှံ့သွားပြီး မကြာခဏဖြစ်ပွားခဲ့သည်။ မထိန်းချုပ်နိုင်သေးသည့် နေရာများတွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်များစွာတွင် PDF အဖွဲ့များကို မြန်မာစစ်တပ်မှ ထိုးစစ်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်နှင့် အရပ်သားလူထုကို ထိတ်လန့် တုန်လှုပ်သွားစေသည့် ကြိုးပမ်းမှုအဖြစ် ပိုင်ဆိုင်မှုများနှင့် အရင်းအမြစ်များကိုဖျက်စီးခြင်း နည်းလမ်း ဖြစ်သည့် မီးကိုလက်နက်အဖြစ်အသုံးပြုမှုကို နည်းဗျူဟာအဖြစ် အသုံးပြုခဲ့သည်။ ထိုဖြစ်ရပ်များကို အာဏာသိမ်းပြီးကတည်းက မျက်မြင်မကြုံတွေ့ခဲ့ရသော်လည်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုများကို အာဏာသိမ်းမှုမတိုင်ခင်တွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤဖြစ်ရပ် များမတိုင်မီ ၂၀၁၁ ခုနှစ် ကချင်ပဋိပက္ခများကဲ့သို့သောဖြစ်ရပ်များတွင် မြေလှန်ပစ်သည့် နည်းဗျူဟာ ကိုလည်းအသုံးချခဲ့သည်။

  

Myanmar Witness သည် မြန်မာနိုင်ငံ၏မီးဘေးနှင့် မြန်မာစစ်တပ်မီးရှို့မှုကြောင့် အရပ်သားအခြေခံ အဆောက်အအုံနှင့် စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံးခဲ့ရခြင်း အစီရင်ခံစာကဲ့သို့သော မီးလောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ထုတ်စိစစ်လျက်ရှိသည်။ မုန်တိုင်ပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် မိုဆိုတွင် မော်တော်ယာဉ်မီးရှို့သည့် ဖြစ်ရပ်များကဲ့သို့ သီးသန့်ဖြစ်ရပ်များတွင် လူများမီးရှို့ခံရမှုနှင့်ပတ်သက်၍ ထပ်လောင်းအစီရင်ခံတင်ပြထားပါသည်။ မီးလောင်ရာနေရာများတွင် လူရုပ်အလောင်းများတွေ့ရှိရသည့် အစီရင်ခံချက်များကို ဆက်လက်စောင့်ကြည့်ကာ ပဋိပက္ခများဆက်လက် ဖြစ်ပွားနေချိန်တွင် မည်သည့်ဖြစ်ရပ်များကို စစ်ဆေးအတည်ပြုနိုင်သည်ဆိုသည်ကို ဆုံးဖြတ်ရန်စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ထားပါသည်။

 

ဤအစီရင်ခံစာတွင် ပိုမိုရှင်းလင်းရန်အတွက် သာမန်အိမ်မီးလောင်မှု၊ ဘာသာရေးမီးသင်္ဂြိုဟ်မှုများနှင့် အခြားနီးစပ်သောအကြောင်းအရာများမပါဝင်ပါ။ ဤစာတမ်းသည် မြန်မာနိုင်ငံရှိပဋိပက္ခ၏ တသမတ်တည်းဖြစ်ပွားခဲ့သော မည်သည့်လူသား (သို့မဟုတ်) လူ့အကြွင်းအကျန်များကို မီးရှို့ခြင်းနှင့် ပတ်သက်သည်ဟု စွပ်စွဲထားသောအဖြစ်အပျက်များကို သုံးသပ်ထားပါသည်။ ဤအစီရင်ခံစာသည် အချက်အလက်နှင့် သီးခြားဖြစ်ရပ်လေ့လာမှုများကို အကဲဖြတ်ခြင်းဖြင့်ဖြစ်စဉ်များကို ထိုးထွင်းသိမြင်ရန် ကြိုးပမ်းထားသည်။

 

နည်းစနစ်

Myanmar Witness သည် ဒစ်ဂျစ်တယ်ထိန်းသိမ်းမှုနှင့် ခိုင်မာသော၊ အတုယူနိုင်သော ခွဲခြမ်းစိတ်ဖြာချက်နည်းစနစ်ကိုလိုက်နာထားသည်။ ဒစ်ဂျစ်တယ်အထောက်အထားများကို လုံခြုံသောဒေတာဘေ့စ် တွင် စုဆောင်းသိမ်းဆည်းထားပြီး စစ်မှန်ကြောင်းအတည်ပြုရန်နှင့် ခိုးယူခြင်းမှကာကွယ်ရန် hashing ဖြင့် ထိန်းသိမ်းထားသည်။

နည်းစနစ်ကိုဖတ်ရန် PDF ကိုဒေါင်းလုဒ်လုပ်နိုင်ပါသည်။

 ဖြစ်စဉ်လမ်းကြောင်းအားလေ့လာဆန်းစစ်ခြင်း

Myanmar Witness သည် စုံစမ်းစစ်ဆေးခဲ့သည့်အဖြစ်အပျက်များကို ထိုးထွင်းသိမြင်နိုင်ရန်အတွက် အချက်အလက်များကို တည်နေရာ၊ ဖြစ်ရပ်အမျိုးအစား၊ လိင်၊ အချိန်နှင့် ဖြစ်စဉ်လမ်းကြောင်းအလိုက် ခွဲခြမ်းစိတ်ဖြာထားပါသည်။ အောက်ဖော်ပြပါအချက်အလက်များတွင် အဆိုပြုခံရသူ ၄၄၄ ဦးနှင့် ဖြစ်ရပ်ပေါင်း ၁၄၆ ခုပါဝင်ပြီး ၎င်းတို့အနက် ၁၆၀ ကို ဓာတ်ပုံများတွင်တွေ့ရသည်။ ဖြစ်စဉ်လမ်းကြောင်းအားခွဲခြမ်းစိတ်ဖြာမှု အပြည့်အစုံကို ဖတ်ရန် PDF ကို ဒေါင်းလုဒ်လုပ်ပါ။


ဖြစ်ရပ်လေ့လာမှု (စိတ်မချမ်းမြေ့စရာပုံများပါဝင်သည်)

Myanmar Witness သည် ဤစုံစမ်းစစ်ဆေးမှုအတွင်း ကွဲပြားသည့်ဖြစ်ရပ်များကို သရုပ်ပြရန် စိစစ်ထားသော ဖြစ်ရပ်လေးခုကို ရွေးချယ်ထားသည်။ အတည်ပြုခြင်းလုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေသည့် အဆိုပြုချက်များ၏ ရှင်းလင်းသောပုံရိပ်များရှိသော အဖြစ်အပျက်တစ်ခုစီကို ရွေးချယ်ခဲ့ သည်။ ဖြစ်နိုင်ချေရှိသောဓါတ်ပုံများကို နေရာသတ်မှတ်အတည်ပြုခြင်း ပြုလုပ်ထားသည်။ ဤပထဝီဝင်တည်နေရာ အတည်ပြုချက်များ၏ ပိုမိုပြည့်စုံသောဖော်ပြချက်များကို နောက်ဆက်တွဲ V တွင် ရရှိနိုင်သည် (pdf ကို ဒေါင်းလုဒ်လုပ်ပါ)။ ဆင်ဆာမဲ့ပုံများကို သက်ဆိုင်ရာလင့်ခ်များတွင်တွေ့နိုင်ပြီး (သို့မဟုတ်) သီးသန့်တောင်းဆိုနိုင်ပါသည်။

 

ဖြစ်ရပ်လေ့လာမှု ၁

၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တပယင်းမြို့နယ်၌ မီးလောင်ခံရသူ ၈ ဦးရှိ ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် လူငယ်ရှစ်ဦးသေဆုံးပြီး မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။ (စုပေါင်း အချက်အလက်များထဲမှ ဖြစ်ရပ် ၄)။ အဆိုပါဖြစ်ရပ်တွင် အမျိုးသားကိုးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်ဟု သတင်းရင်းမြစ်များကဆိုသည်။ UGC ၏ ခွဲခြမ်းစိတ်ဖြာခြင်းသည် ပြင်းထန်စွာလောင်ကျွမ်းခံထားရသော ရုပ်အလောင်းလေးလောင်း (ပုံ ၇ တွင်ပြထားသည့်အတိုင်း) ကိုပြသသည်။ ပျက်စီးမှုတွင် ခန္ဓာကိုယ်အများစု မီးကျွမ်းနေခြင်း၊ မီးလောင်ထားသော အရေပြားအလွှာများနှင့် ပျော့ပျောင်းသောတစ်သျှူးများ၏ အစိတ်အပိုင်းများ ပျောက်ဆုံးခြင်းတို့ ပါဝင်သည်။


 

ပုံ (၇) တပယင်းမြို့နယ်ရှိ အဖြစ်အပျက်များမှ မှုန်ဝါးထားသောပုံ (၄)၊

 

လူတစ်ဦးစီတွင် ထိခိုက်ပျက်စီးမှု၊ ပြင်းထန်မှုတို့ ကွဲပြားသောကြောင့် (ဆိုလိုသည်မှာ မီးလောင်ပျက် စီးမှုအချို့တွင် တစ်စိတ်တစ်ပိုင်း လောင်ကျွမ်းသွားခဲ့ပြီး အချို့မှာမမှတ်မိနိုင်အောင် လောင်ကျွမ်းထားသည်) မီးလောင်ပျက်စီးမှုသည် မီးလောင်လွယ်သည့် အရာဝတ္ထုကြောင့် ဖြစ်ရခြင်းမဟုတ်ပါ။ အလားတူ မီးလောင်မှုသည် ဆိုင်ကယ်များမှ တိုက်ရိုက်ကူးစက်ခြင်းမဟုတ်ဘဲ ဓာတ်ဆီလောင်း၍ အရှိန်ပြင်းစွာ လောင်ကျွမ်းခြင်းဟုထင်ရသည်။ မတော်တဆမီးလောင်မှုဟု ဖြစ်နိုင်ခြေရှိသော်လည်း မီးလောင်သည့်ဆိုင်ကယ်များကြားတွင် အလောင်းများရှိနေမှု အပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ခြေမရှိသော်လည်း သေဆုံးသူအများအပြားမှာ တပြိုင်နက်တည်း လောင်ကျွမ်းသွားခြင်းဖြစ်ပြီး ဆွဲသွားခြင်း/လှုပ်ရှားခြင်းကဲ့သို့သော ထင်ရှားသော အမှတ်အသားများ မတွေ့ရပေ။ ဤအချက်များအရ မီးလောင်မှုသည်ရည်ရွယ်ချက်ရှိစွာ ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

 

အလောင်းများကိုမီးရှို့ပြီးနောက် အချို့မှာထပ်မံပစ်သတ်ခံရကြောင်း သတင်းရင်းမြစ်တစ်ခုကဆိုသည်။ UGC သက်သက်ကို အသုံးပြု၍ ဤအဆိုပြုချက်ကို အတည်မပြုနိုင်သလို လုံးလုံးလျားလျားငြင်းဆို၍လည်းမရနိုင်ပါ။

 

နေရာအတည်ပြုသတ်မှတ်ခြင်း

အောက်ဖော်ပြပါတည်နေရာတွင် ဂြိုလ်တုဓာတ်ပုံများနှင့် ကိုက်ညီသည့် အင်္ဂါရပ်များစွာရှိသော်လည်း အတည်ပြုရန်အတွက် Myanmar Witness စံနှုန်းများအတိုင်း ထိုနေရာကို အတည်ပြုသတ်မှတ်၍မရပါ။ ဤနေရာအတွက် ဖြစ်နိုင်ချေရှိသော ကိုသြဒိနိတ်များမှာ 22.576856, 95.280002 ဖြစ်ပြီး ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် တပယင်းမြို့နယ်နှင့် သက်ဆိုင်ပါသည်။

 

 

ပုံ 8- ဖြစ်ရပ် ၄ ၏ အတည်မပြုနိုင်သော ပထဝီဝင်တည်နေရာ (22.57685695.280002)

 

ဖြစ်ရပ်လေ့လာမှု ၂

၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ကလေးသူငယ်မီးရှို့ခံရမှု အဆိုပြုချက်

 

ဖြစ်စဉ်တစ်ခုတွင် ကျူးလွန်ခံရသူခုနစ်ဦး (ဒေတာဘေ့စ်ရှိ ဖြစ်ရပ် ၆၇) ရှိကြောင်း  ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုကဆိုခဲ့ပြီး (သတိပေးချက်- ဂရပ်ဖစ်လင့်ခ်) ၎င်းတို့အနက်တစ်ဦးမှာ အသက်ခုနစ်နှစ်အရွယ်ဖြစ်သည်ဟုဆိုသည်။ ပို့စ်တွင် ခန္ဓာကိုယ်တစ်ခုတည်းသာမြင်နိုင်သည်။ ဓါတ်ပုံတွင် ခန္ဒာကိုယ်ပေါ်ရှိပျော့ပျောင်းသော တစ်ရှူးများနှင့် ပျောက်ဆုံးနေသောအသားများကိုပြသထားသည်။ မီးတောက်များသည် သေဆုံးသူ၏ အရိုးများက ညွှန်ပြထားသည့်အတိုင်း ဖြစ်ရပ်လေ့လာမှု ၁ ထက် ပိုကြာအောင် လောင်ကျွမ်းခဲ့ပုံရသည်။ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သေးငယ်သောကြောင့် ကျူးလွန်ခံရသူသည် ကလေးဖြစ်နိုင်သည်။ သို့ရာတွင် ရည်ညွှန်းသည့်အရာဝတ္ထုများမရှိခြင်းကြောင့် ၎င်းအားကလေးဟုတ်မဟုတ် စိတ်ချယုံကြည်စွာ အတည်မပြုနိုင်ပါ။

 

ပုံ 9- ပုလဲမြို့နယ်ရှိ အဖြစ်အပျက်များမှ မှုန်ဝါးထားသောပုံ (ဖြစ်ရပ် ၆၇)

 

နေရာအတည်ပြုသတ်မှတ်ခြင်း

ပုံများအား နေရာအတည်ပြုသတ်မှတ်ထားခြင်းများသည် ပုလဲမြို့နယ်တွင် ဤအဖြစ်အပျက်များဖြစ်ပွားခဲ့ကြောင်းဖော်ပြသည် (ကိုသြဒိနိတ်အမှတ် 22.07298194.789303)။ ပုံ 10 တွင်ပြထားသည့်အတိုင်း အဆောက်အအုံများ၏ကောက်ကြောင်းနှင့် သစ်ရွက်ပုံများကို နေရာချထားမှုပြုလုပ်ခြင်းဖြင့် ပထဝီဝင်တည်နေရာကို စိစစ်ခဲ့သည်။

 

တိမ်များသည် ၂၀၂၂ ခုနှစ်သြဂုတ်လတွင် သက်ဆိုင်ရာဂြိုလ်တုဓာတ်ပုံများအားလုံးတွင် ဖုံးကွယ်နေ သောကြောင့် ပုံများကိုအသုံးပြုကာ အချိန်သတ်မှတ်နိုင်ခဲ့ခြင်းမရှိပါ။ သို့သော်လည်း နောက်ပိုင်းတွင် အချို့သောပုံရိပ်များသည် ပုံ 11 တွင်တွေ့နိုင်သည်အတိုင်း အရောင်ပြောင်းသွားသည့်ပုံစံဖြင့် ပျက်စီးနေဆဲဖြစ်သည်။



 ပုံ 10 - ဖြစ်ရပ် ၆၇ (22.576856၊ 95.280002) ကို ပထဝီဝင်တည်နေရာ အတည်ပြုသတ်မှတ်ထားခြင်း

 

ပုံ 11- တည်နေရာအတည်ပြု သတ်မှတ်ထားသောဒေသရှိ အရောင်အသွေးအချို့ကို ပြသသည့် ကင်း စောင့်ဂြိုလ်တုရုပ်ပုံ။

 

ဖြစ်ရပ်လေ့လာမှု ၃

၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မီးလောင်ခံရသူ ၁၇ဦး

 

Facebook တွင် ပျံ့နှံ့ခဲ့သောအဆိုပြုချက် (ဖြစ်ရပ် ၁၂၇) တွင် ကလေးခုနစ်ဦးအပါအဝင် မီးလောင်ခံရသူ ၁၇ ဦး ရှိကြောင်းဆိုထားသည်။ (စိတ်မချမ်းမြေ့စရာရုပ်ပုံများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားပြီး သီးသန့်တောင်းဆိုနိုင်သည်) Myanmar Witness သည် ဆက်စပ်ပုံများတွင် မီးရှို့ထားသော ရုပ်အလောင်းခုနစ်လောင်းကို ရေတွက်ခဲ့သည်။ သတင်းရင်းမြစ်တစ်ခုကလည်း သေဆုံးသူများကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း အခိုင်အမာဆိုသည်။ (ကိုယ်ရေးကိုယ်တာ အချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)

 

ပုံ 12- ထန်းတပင်မြို့နယ်ရှိ အဖြစ်အပျက်များမှ မှုန်ဝါးထားသောပုံ (ဖြစ်ရပ် ၁၂၇)

 

ပုံ X တွင်၊ သေဆုံးသူများ၏ အောက်ခြေထောက်များသည် နဂိုအတိုင်းဖြစ်သည်။ မီးရှို့မခံရမီတွင် ဓားစာခံများ အချင်းချင်းအပေါ်တွင် စုပုံထပ်ထားသည်ဟုဆိုနိုင်သည်။ ဤအလောင်းများ၏ ပျက်စီး မှုသည် သိသာထင်ရှားစွာကွဲပြားသောကြောင့် အခြားသောသားကောင်များသည် ကွဲပြားသောပုံစံနှင့် တည်နေရာတွင် မီးရှို့ခံခဲ့ရပုံရသည်။ ယင်းဖြစ်ရပ်သည် အနီးနားရှိမြန်မာစစ်တပ်က ၎င်းတို့၏ဆုံးရှုံးမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း အတည်မပြုနိုင်သေးပေ။

 

ထောက်ပံ့ပေးထားသည့် UGC တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် ဒုက္ခသည်များကို စုရုံးခွင့် ပြုထားပုံပေါ်သည်။ ၎င်းသည် ဖြစ်ရပ်နောက်ကွယ်တွင် PDFမဟုတ်ကြောင်း အခိုင်အမာဆိုချက်များကို အလေးသာစေသည်။

 

ပုံ 13- ဖြစ်ရပ် ၁၂၇ (18.601225၊ 96.597948) ကို ပထဝီဝင်တည်နေရာ အတည်ပြုသတ်မှတ်ထားခြင်း

 

ဖြစ်ရပ်လေ့လာမှု ၄

၂၀၂၃ခုနှစ် ‌စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ တုတ်ကြီးရွာတွင် မီးလောင်ခံရသူ ၂ ဦး

 

အွန်လိုင်းတွင် တင်ထားသောပုံများတွင် မီးလောင်ထားသော ရုပ်အလောင်းနှစ်လောင်းကို ပြသထားပြီး တတိယပုံမှာ ခြေကျင်းဝတ်တွင် ထင်ရှားသောအမှတ်အသားများအပါအဝင် မျက်နှာနှင့်ခန္ဓာကိုယ်ပေါ် တွင် အနက်ရောင်မီးလောင်ဒဏ်ရာများရှိသည်။ (ဒေတာဘေ့စ်ရှိ ဖြစ်ရပ် ၁၄၆၊ စိတ်မချမ်း မြေ့စရာရုပ်ပုံများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားပြီး သီးသန့်တောင်းဆိုနိုင်သည်)။ လုံးလုံးလျားလျား မီးလောင်ခံရမှုများကို ဖော်ပြခဲ့သည့်ပထမအမှုနှစ်ခု (ဖြစ်ရပ် ၄ နှင့် ၆၇) နှင့် ဆင်တူသည်။ SAC စက်လှေများနှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားရာမြစ်ကြောင်းတစ်လျှောက်တွင် မြန်မာစစ်တပ်မှ မီးရှို့ခဲ့သည်ဟုဆိုခဲ့ပြီး သေဆုံးသွားသူများလည်းရှိသည်။

 

 

ပုံ 14 - တုတ်ကြီးမြို့နယ် အဖြစ်အပျက်များမှ မှုန်ဝါးထားသောပုံ (ဖြစ်ရပ် ၁၄၆)

  

နေရာအတည်ပြုသတ်မှတ်ခြင်း

အဆိုပါပို့စ်တွင် မြို့မီးလောင်နေသည်ကိုပြသသော ဒရုန်းဗီဒီယိုဖိုင်ကို ဖော်ပြခဲ့သည်။ ယင်းကို Myanmar Witness က ကောင်းကင်ယံ၏ မြင်ကွင်းကျယ်ပုံအဖြစ် ပြောင်းလဲခဲ့သည်။ အနီးနားရှိဧရာဝတီ မြစ်ရေကြီးမှုကြောင့် မြေပြင်မှာစိစစ်ရန်ခက်ခဲသော်လည်း တုတ်ကြီးကျေးရွာ (24.302536, 96.453083) တွင် ဖြစ်ပွားခဲ့ကြောင်း Myanmar Witness က ယုံကြည်သည်။ ဆက်စပ်ပုံများကို နောက်ဆက်တွဲတွင် တွေ့နိုင်သည်။

 

 

ပုံ 15- ဖြစ်ရပ် 147 (24.301428၊ 96.456854) ကို ပထဝီဝင်တည်နေရာ အတည်ပြုသတ်မှတ်ထားခြင်း

 

နိဂုန်းချုပ်

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း လူများကိုမီးရှို့ခြင်း နှင့်ပတ်သက်သည့် သိသာထင်ရှားသော ဖြစ်ရပ်များစွာကို မီးမောင်းထိုးပြသထားသည်။ လူ့ခန္ဓာကိုယ်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ မီးအသုံးပြုခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်စေနိုင်သည်။

 

ဤသုတေသနပြုမှုသည် ယင်းကဲ့သို့ဖြစ်ပွားမှုနှုန်းကိုပြသသည့် လူ့အခွင့်အရေးဆိုင်ရာ နှောင့်ယှက်မှု အမျိုးအစားကို အလင်းပြရန်ကြိုးပမ်းခဲ့သည်။ အစီရင်ခံတင်ပြသည့်အကြိမ်ရေသည် စိတ်ဝင်စားမှု အချိန်ကာလအပေါ်မူတည်ကာ ကျဆင်းသွားသော်လည်း အဖြစ်အပျက်များလျော့နည်းသွားခြင်း (သို့မဟုတ်) အစီရင်ခံမှုလျော့နည်းခြင်းကြောင့် ဟုတ်မဟုတ်ကို Myanmar Witness မှ အတည်မ ပြုနိုင်သေးပေ။ ထင်ရှားသောပမာဏ (၂၅ ရာခိုင်နှုန်း)တွင် ကျားမကွဲပြားခြင်းနှင့် ဤဖြစ်ရပ်များ မကြာခဏဖြစ်ပွား လေ့ရှိသောနေရာများပါဝင်သည်။ ဤဖြစ်ရပ်လေ့လာမှုတွင် သေဆုံးသူများထဲမှ ကလေးငယ်များပါဝင် ခြင်း၊ သေဆုံးသူများ၏ ပုံသဏ္ဌာန် ပုံများနှင့် သွယ်ဝိုက်၍ဖြစ်စေ (ဥပမာ လေကြောင်းတိုက်ခိုက်မှု/ အမြောက်ပစ်ခတ်မှုကြောင့်ဖြစ်စေ) သို့မဟုတ် တိုက်ရိုက်ဖြစ်စေထိခိုက်မှု၏ ပြင်းထန်မှုကိုဖော်ပြသည်။

 

ယခုအချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားသည့် ဖြစ်ရပ်အများစု (၇၃ ရာခိုင်နှုန်းသည် UGC တွင် မြင်တွေ့ရသည်)။ စစ်ကိုင်းတိုင်းဒေသကြီးသည် အပူပိုင်းဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပဋိပက္ခ၏ ပြင်းထန်သော ဗဟိုချက်နေရာအဖြစ် Myanmar Witness မှ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံထားသည့် လူသိများသောခုခံမှုနယ်မြေဖြစ်သည်။ ဤကဲ့သို့စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံ၍ အပူပိုင်းဇုန်သည် ဤရာဇ၀တ်မှုများ၏ အဓိကနေရာဖြစ်ပုံရသည်။ ဖြစ်ရပ်အများစု (၈၆%) သည် SAC သို့မဟုတ် ပျူစောထီး၏ လုပ်ဆောင်ချက်အဖြစ် တိုင်ကြားထားသည်။

 

ထိုသို့ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို အတည်မပြုနိုင်သေးသော်လည်း ဖြစ်နိုင်ခြေရှိသော အချက်မှာ လူများကိုမီးရှို့သတ်ဖြတ်ခြင်းသည် ရက်စက်ကြမ်းကြုတ်ရုံသာမက မိသားစုများအား နောက်ဆုံးနှုတ်ဆက်ခွင့်မပေးခြင်း (သို့မဟုတ်) ချစ်ရသူများအား သင့်လျော်သောသင်္ဂြိုဟ်ခြင်းမပြုနိုင်ရန် တားဆီးခြင်းအပြင် လူထုကြားတွင်အကြောက်တရား (သို့မဟုတ်) ထိတ်လန့်မှုအား ပျံ့နှံ့စေရန်အတွက် အသုံးပြုခြင်းဖြစ်သည်။

 

အနာဂတ်စောင့်ကြည့်လေ့လာရေး 

Myanmar Witness သည် မည်သည့်နေရာမှ မီးရှို့ခံရမှုနှင့်ပတ်သက်သည့် ဖြစ်ရပ်များကိုမဆို ၎င်းတို့လုပ်ဆောင်ပုံအပေါ်သာ အထူးအာရုံစိုက်ခြင်းဖြင့် စောင့်ကြည့်ခြင်း၊ ဖော်ထုတ်ခြင်း၊ စိစစ်ပြီး အစီရင်ခံရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ Myanmar Witness သည် ရက်စက်ယုတ်မာမှုများကို မီးမောင်းထိုးပြရန်နှင့် ထည့်သွင်းတွက်ချက်ဆုံးဖြတ်ရန် ပြုလုပ်ခြင်းဖြင့် တာဝန်ရှိသောသူများကို တာဝန်ခံနိုင်စေရန် ပြုလုပ်သွားမည်ဖြစ်သည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page