top of page

နောက်ကျောဘက်ကို ပစ်ခတ်ခဲ့ကြခြင်း။

Myanmar Witness

6 Dec 2022

Report Published:

5.png
4.png
3.png

နောက်ကျောဘက်ကို ပစ်ခတ်ခဲ့ကြခြင်း။

Myanmar Witness


၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ရက် တွင်အစီရင်ခံစာထုတ်ဝေသည်။

မြင်းမူမြို့မှာ အရပ်သားတွေ အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း


Myanmar Now နှင့် Mandalay Free Press မှ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ကန်ပြားကျေးရွာအနီးတွင် [22.034370, 95.613166] မြတ်စောညီနောင် ဘုရားဝင်းအတွင်း ခိုလှုံနေသော လက်နက်မဲ့စစ်ပြေးဒုက္ခသည် ခြောက်ဦးကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည်ဟု မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ သိရသည်။


Myanmar Witness သည် ထိုအဖြစ်အပျက်၏ မီးလောင်ပျက်စီးမှုများနှင့် အလောင်းပုံများ၏ တည်နေရာကိုရှာဖွေကာ စိစစ်အတည်ပြုနိုင်ခဲ့ပြီး ထိုပုဂ္ဂိုလ်များကိုပစ်ခတ်မှုနှင့် မြန်မာစစ်တပ်မှ အရပ်ဘက်အခြေခံ အဆောက်အအုံများ မီးရှို့ဖျက်ဆီးသည်ဟုဆိုသော အကြောင်းအရာများသည် မျက်မြင်သက်သေများ၏ အစီရင်ခံချက်နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရပါတယ်။


အဓိကဖြစ်ရပ်အသေးစိတ်


  • အခင်းဖြစ်ပွားရာတည်နေရာ- ကန်ပြားရွာ မြောက်ဘက် [22.034370, 95.613166]၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း။

  • ဖြစ်ပွားသည့်ရက်စွဲ/အချိန်- ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ ဒေသစံတော်ချိန် ၁၃နာရီ ၃၀ ခန့်။

  • ကျူးလွန်သူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု- မြန်မာစစ်တပ် (ထိုအချိန်တွင် အတိအကျသတ်မှတ်ချက်မရှိပါ)။


Myanmar Witness ၏ သုံးသပ်ချက်များ-


  • အခင်းဖြစ်ပွားသည့်နေရာဟုဆိုသော နေရာတွင် ကျည်ဆန်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အလောင်းနှစ်လောင်း အပါအဝင် အလောင်းလေးလောင်းအား မှတ်တမ်းတင် ရိုက်ကူးထားသော ဗီဒီယိုကို Myanmar Witness က နေရာအတည်ပြုသတ်မှတ်ခဲ့သည်။ အလောင်းများမှာ အရပ်ဝတ်နှင့်ဖြစ်ပြီး မည်သည့််် လက်နက်မှမတွေ့ရပါ။

  • ရုပ်ပုံများသည် ခန္ဓာကိုယ်နှစ်ခု၏ အရှေ့ဘက်တွင် ဖြစ်နိုင်ချေရှိသော အပေါက်ဒဏ်ရာများကို ပြသထားပြီး နောက်ကျောမှာ သေနတ်ထိမှန်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ ကိုက်ညီပါသည်။ ၎င်းတို့သေဆုံးမှု၏ တိကျသောအသေးစိတ် အချက်အလက်များကို open-source နည်းလမ်းများဖြင့် အတည်မပြုနိုင်ပါ။

  • အခင်းဖြစ်ပွားသည့်နေရာ၌ ဆိုင်ကယ်နှင့် အဆောက်အအုံများ မီးရှို့ခံရသည့် ဗီဒီယိုဖိုင်ကို မျက်မြင်သက်သေများ၏ ပြောကြားချက်အရ Myanmar Witness က စစ်ဆေးတွေ့ရှိခဲ့သည်။ နာဆာ FIRMS သည် ဇွန်လ ၆ ရက်နေ့ ၁၃ နာရီ ၄၅ မိနစ်တွင် စစ်သားများရွာထဲသို့ ဝင်ရောက်သည်ဟုဆိုသော ၁၅ မိနစ်နောက်ပိုင်း မီးလောင်ကျွမ်းမှုကို ပြသခဲ့သည်။

  • Myanmar Witness သည် အဆိုပါဒေသတွင် စစ်တပ်လှုပ်ရှားနေကြောင်း ဖော်ပြသည့် အချိန်ဇယားကို ဆွဲထုတ်ခဲ့သည်။ ၎င်းတွင် အခင်းဖြစ်ပွားသည့်နေ့ ကန်ပြားရွာတွင် စစ်တပ်ရောက်ရှိနေသည့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် ကိုက်ညီသော စစ်ရေးလှုပ်ရှားမှုများ၏ တတိယအဖွဲ့ အစီရင်ခံစာများပါဝင်သည်။ သို့သော်လည်း အခင်းဖြစ်ပွားသည့်အချိန်တွင် အဆိုပါနေရာ၌ စစ်တပ်၏ မှတ်တမ်းဓာတ်ပုံများမတွေ့ရှိရပေ။


ပုံ- မြတ်စောညီနောင်စေတီဝင်းအနီး ကန်ပြားရွာအနီးနေရာအား နေရာချထားခြင်း။ စက်ဝိုင်းများသည် ထိုနေရာများတွင် နေရာချထားသော ရုပ်ပုံများကို သရုပ်ပြသည်။ လိမ္မော်ရောင်သည် အလောင်းအချို့၏ တည်နေရာဖြစ်ပြီး ခရမ်းရောင်သည် မီးလောင်ထားသော အဆောက်အဦးများ၏ တည်နေရာဖြစ်သည်။ အနီနှင့် အပြာသည် မီးလောင်ထားသော ဆိုင်ကယ်များနှင့် ဆက်စပ်နေပြီး အဝါရောင်သည် ဈာပနပုံသဏ္ဍာန် တည်နေရာကို သရုပ်ပြသည်။


အနှစ်ချုပ်

၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် မြန်မာစစ်သား ၈၀ ခန့် လိုက်ပါလာသည့် ယာဉ်တန်းသည် ဒေသစံတော်ချိန် ၁၃နာရီ ၃၀အချိန်တွင် မြတ်စောညီနောင် ဘုရားဝင်းအတွင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ စစ်သားများသည် အနီးနားရှိ (ပဲကူ) ရွာသို့ လိုက်ပါရန် ခိုင်းစေခဲ့သည်။ [21.973579, 95.522476]. ဤတောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Witness ၏ PDF ပို့စ်များကို လေ့လာခြင်းတွင် (ကန်ပြား) နှင့် (ပဲကူ) ရွာအကြား လမ်းများပေါ်တွင် တိုက်ခိုက်ခံရမှု အများအပြား ပါဝင်သည်။ ၎င်းတို့သည် လိုက်ပါရန်တောင်းဆိုမှုကြောင့်ဟု ဆိုနိုင်သည်။ ဤသို့ လိုက်ပါရန်ခေါ်ဆိုမှုသည် မြန်မာစစ်တပ်မှ လူသားဒိုင်းများအသုံးပြုမှု အစီရင်ခံစာများနှင့်လည်း ကိုက်ညီပါသည်။


မော်တော်ဆိုင်ကယ်အောက်ရှိ သေနတ်တစ်လက်ကို တွေ့ရှိရသဖြင့် ပိုင်ရှင်အား မဖော်ထုတ်နိုင်သောကြောင့် စစ်သားများက စေတီတော်တွင်ရှိသော လူအယောက် ၃၀ ကို ခေါ်ခဲ့သည်ဟု သိရသည်။ အထိတ်တလန့်ဖြစ်စေသည့် အမှတ်စဥ်ခေါ်ဆိုမှုတစ်ခု ပြုလုပ်ကာ ဘုန်းကြီးကျောင်းသို့ ပြေးရန်အမိန့်ပေးခဲ့သည်။ ထို့နောက် စစ်သားများက ပစ်ခတ်သဖြင့် ထွက်ပြေးသွားကြရာ ခြောက်ဦးသေဆုံးခဲ့သည်။


ပုံ- စေတီတော်ဝင်း ပင်မတံခါးအနီးတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်သွားသော ပုဂ္ဂိုလ်များ၏ ရုပ်ပုံများ။


သေဆုံးသူများမှာ အသက် ၁၆ နှစ်မှ ၅၀ နှစ်ကြားဖြစ်ပြီး ကျောနှင့် ဦးခေါင်းတို့ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် လှစိုး (အသက် ၅၀ နှစ်) မြင့်ဦး (အသက် ၅၀ နှစ်)၊ နေဇာအောင် (အသက် ၃၀ အရွယ် CDM ဆရာ)၊ ကိုယုပ (အသက် မသိရှိရ) နှင့် အေးမင်းနိုင် ၁၆ နှစ် (စိတ်ရောဂါဝေဒနာ ခံစားနေရသည်) ဟုသိရ တို့ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် လူပေါင်း ၃၀ သည် အဆိုပါနေရာမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။


Myanmar Witness သည် စေတီတော်ဝင်းအတွင်း လူသေအလောင်းလေးလောင်း ပြသထားသည့် နေရာကို တည်နေရာအတည်ပြုနိုင်ခဲ့သည်။ အလောင်းနှစ်လောင်းတွင် ဒဏ်ရာများမှာ ကျည်ဆန် ဒဏ်ရာများနှင့်တူညီပြီး အလောင်း၏အရှေ့ဘက်တွင် ကျဥ်ပေါက်ဒဏ်ရာများ ဖြစ်နိုင်ကြောင်း သိရသည်။ ဤအလောင်းများ၏ တည်နေရာသည် ဖော်ပြထားသော ဦးတည်ရာသို့ ပြေးနေသူများ၏ တည်နေရာနှင့် ကိုက်ညီပါသည်။ နောက်ထပ် လူသေအလောင်းတစ်ခု၏ ဗီဒီယိုဖိုင်ကို ပထဝီအနေ အထားအရ နေရာမသတ်မှတ်နိုင်ပါ။ Myanmar Witnessသည် တူညီသောခြံဝင်းတွင် အသုဘ ပြုလုပ်ရန် ပြသသည့်ထင်းပုံ၏ ပထဝီဝင်အနေအထားကို နေရာသတ်မှတ်အတည်ပြုထားသည်။


ပုံ- ရွာသားများ မီးသဂြိုလ်ခဲ့သည့် နေရာ၏ပုံများ [22.043901, 95.610348]။ ရုပ်ပုံပါအလောင်းများကို ဆင်ဆာဖြတ်ရန် Myanmar Witness မှ တည်းဖြတ်ထားသည်။ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ မပြုလုပ်ပါ။


ဂြိုလ်တုနှင့် NASA FIRMS မီးလောင်မှုဒေတာကိုအသုံးပြု၍ Myanmar Witness သည် မီးလောင်နေသောဆိုင်ကယ်များနှင့် အဆောက်အဦးများကို ပြသသည့်နေရာသို့ တည်နေရာသတ်မှတ် အတည်ပြုနိုင်ပြီး အချိန်သတ်မှတ်နိုင်ခဲ့သည်။ NASA FIRMS ၏ မီးလောင်မှုဆိုင်ရာ အချက်အလက်များအရ စစ်သားများက ဧရိယာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဇွန် ၆ ရက် ၁၃ နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ပုံ- မော်တော်ဆိုင်ကယ်များ မီးလောင်ပြီးနောက် အခြေအနေ


ပုံ- မြတ်စောညီနောင်ဘုရား 22.043434၊ 95.610876 နှင့် ဆက်စပ်နေသည့် မော်တော်ဆိုင်ကယ်များ မီးလောင်သောနေရာ


အခင်းဖြစ်ပွားသည့်အချိန်တွင် အဆိုပါနေရာ၌ စစ်တပ်ရှိနေခဲ့သည်ကို သက်သေပြနိုင်ခြင်း မရှိသော် လည်း ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မတိုင်မီနှင့် နောက်ပိုင်းတွင် ကန်ပြားရွာ အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် စစ်သားများရှိနေကြောင်း ဆိုရှယ်မီဒီယာတွင် အများအပြားဖော်ပြထားသည်။ အခင်းမဖြစ်မီက ကျေးရွာနှစ်ရွာတွင် စစ်တပ်ကမီးရှို့သည်ဟုဆိုခဲ့သော မီးလောင်မှုကြောင့် အကြီးစားပျက်စီးမှုများကို Myanmar Witness က စစ်ဆေးခဲ့သည်။


ပုံ- ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နှင့် ဇန်နဝါရီလ ၈ရက်အတွင်းရှိ Google Imagery ကို အသုံးပြု၍ (ကန်တော်) ရွာ 22.015464၊ 95.572856 နှင့် အပ်လုဒ်လုပ်ထားသောပုံအား နှိုင်းယှဉ်၍ တည်နေရာသတ်မှတ် အတည်ပြုထားခြင်း။


ဤဖြစ်ရပ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်မှတ်ထားသည်ဟု ပြောဆိုထားသည့် အဖြစ်အပျက်များတွင် Myanmar Witness၏ စောင့်ကြည့်လေ့လာသုံးသပ်ချက် များစွာထဲမှ တစ်ခုဖြစ်သည်။ ထိုဧရိယာအတွင်း PDF လုပ်ဆောင်ချက်များကို အစီရင်ခံတင်ပြခြင်းနှင့်အတူ ဤဖြစ်ရပ်သည် မကြာသေးမီကမှတ်တမ်းတင်ထားသည့် Myanmar Witness ၏ လတ်တလော အစီရင်ခံစာဖြစ်သည့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအတွင်း ဖြစ်ရပ်များအကြောင်းတွင် ဖော်ပြထား သည့်အတိုင်း ဤဖြစ်ရပ်သည် လူမှုအသိုက်အဝန်းများအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်း၏ ကျယ်ပြန့်သော ဖြစ်ရပ်လမ်းကြောင်းအတွင်းတွင် ပါဝင်သည်။


ပိုမိုသိရှိလိုပါက အင်္ဂလိပ်ဘာသာအစီရင်ခံစာ PDF ကို ဒေါင်းလုဒ်လုပ်ပါ။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page