top of page

SACယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် လက်တုံ့ပြန်မီးရှို့မှုများ

Myanmar Witness

20 Dec 2022

Report Published:

5.png
4.png
3.png

SACယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် လက်တုံ့ပြန်မီးရှို့မှုများ


ခင်ဦးမြို့နယ်ရှိ ဒေသခံတော်လှန်ရေးများ

MYANMAR WITNESS

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်သည်။


အဓိကဖြစ်ရပ်အသေးစိတ်

●      အခင်းဖြစ်ပွားသည့်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာအများအပြား

●      အခင်းဖြစ်ပွားသည့်နေ့ရက်/အချိန်:

  • ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၈ရက်မှ ၂၁ရက် အတွင်း


  • ဒေသစံတော်ချိန် ၂၀:၀၀ နာရီ

●      ကျူးလွန်သူ (များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု:

  • မြန်မာစစ်တပ် (သတင်းထုတ်ပြန်ချိန်တွင် နောက်ထပ်သတ်မှတ်ချက်များကို မဖော်ထုတ်နိုင် သေးပါ)။

●      စုံစမ်းထောက်လှမ်းချက်များ:

  • ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်မှ၂၁ရက်အတွင်းတွင် SAC တပ်သား ၇၀ကျော်သည် ရေဦးမြို့မှ ခင်ဦးမြို့နယ်အတွင်းသို့ ယာဉ်သုံးစီးဖြင့် ဝင်ရောက်ခဲ့သည်ဟုဆိုသည်။ ခင်ဦးတပ်ဖွဲ့များနှင့် အခြားသော ထောက်ပံ့ရေးအဖွဲ့များဖြင့်  ဖွဲ့စည်းထားသည့် Hero Army သည် SAC လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။     (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ် တာ အကြောင်းပြချက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။


  • ရွှေယမင်းကျေးရွာတွင် တပ်စွဲထားသော SAC လက်နက်ကိုင်တပ်ဖွဲ့သည် ပေါင်းလှဲကုန်း ကျေးရွာသို့ဝင်ရောက်ကာ ရပ်ကွက်အများအပြားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်၊ ည၈နာရီ တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၀၇၅၀အချိန်တွင် ပေါင်းလှဲကုန်းကျေးရွာ၌  နောက်ထပ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။.

  • ပေါင်းလှဲကုန်းကျေးရွာတွင် နှစ်ရက်ကြာမီးလောင်မှုအတွင်း စပါးကျီတိုက်၈၀လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

  • SAC လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ အခြားကျေးရွာ များနှင့် ရွှေဘိုမြို့နယ်တလျှောက် ချီတက်လာရာ အိမ်ခြေရာနှင့်ချီ မီးရှို့ခဲ့ကြောင်းသိရသည်။



အကျဉ်းချုပ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်၊ နေ့လည် ၁နာရီအချိန်ခန့်တွင် PDFတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသော ညွန့်ပေါင်း အဖွဲ့သည် SAC လက်နက်ကိုင်တပ်ဖွဲ့များအား ရေဦးမြို့မှ ကုန်းသာကျေးရွာ၊ အောင်သာကျေးရွာနှင့် ရွှေယမင်းကျေးရွာ တို့မှတဆင့် ခင်ဦးမြို့နယ်အနောက်တောင်ဘက်သို့ ဦးတည်ချီတက်လာစဉ် ခြုံခိုတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ တိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဖော်ပြခဲ့သည်။ SAC လက်နက်ကိုင်တပ်ဖွဲ့များသည် ခင်ဦးမြို့နယ်အတွင်းသို့ ယာဉ်တန်းနှစ်တန်းဖြင့် ဝင်ရောက်လာခဲ့ပြီး ယာဉ်တန်း တတန်းမှာ ခြေမြန်တပ်ရင်း (ခမရ) ၆၆ ဖြစ်သည်။


အိမ်ထောင်စု ၅၀၀ ကျော်ရှိသည့် ပေါင်းလှဲကုန်းကျေးရွာတွင် အိမ်ခြေ (၁၀၀) ကျော် မီးလောင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၉ရက်နေ့တွင်ခေတ်သစ်သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလ ၁၈ရက်နေ့ ည၈နာရီ တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ရက် နံနက် ၀၇၅၀အချိန်တွင် အဆိုပါကျေးရွာ၌ မီးလောင်မှုထပ်မံဖြစ်ပွားခဲ့သည်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး လူမှုကွန်ယက်စာမျက်နှာမှ  အိမ်ခြေ ၂၀၀ မီးလောင်ခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ ထိုနောက်ပိုင်းတွင်   မီးလောင်ခဲ့သောအိမ်အရေအတွက်သည် ၁၃၆လုံး ဖြစ် ပြီး မီးလောင်မှုနှင့်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ခင်ဦးဒေသခံပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ် ပြန်ခဲ့သည်။ ထိုနေ့တွင်ပင် လိပ်ရကုန်းကျေးရွာမှ အိမ်ခြေ ၂၀ မီးလောင်သွားခဲ့ကြောင်း သိရသည်။


ပေါင်းလှဲကုန်းကျေးရွာမီးလောင်မှုကြောင့် စပါးစိုက်ခင်း ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းအရင်းအမြစ်နှစ်ခုမှ ဖော်ပြခဲ့သည်။ ထို့အပြင် SAC လက်နက်ကိုင်တပ်ဖွဲ့များ သည် ခင်ဦးမြို့နယ်ရှိ အခြားကျေးရွာသုံးရွာဖြစ်သည့် ရွှေကာကျေးရွာ၊ ဆီဆုံကျေးရွာနှင့် လက်ပံကြီးကျေးရွာ တို့သို့ချီတက်ကာ အိမ်ခြေ ၁၂၀၀ ခန့်အား စတင်မီးရှို့ခဲ့ကြောင်းသိရသည်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလ၂၁ ရက်နေ့ ၁၀၄၅ နာရီအချိန်တွင် SAC လက်နက်ကိုင်တပ်ဖွဲ့များသည် မဒေါင်းလှ ကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စောကြီးကျေးရွာနှင့် အင်ကြင်းပင်ကျေးရွာသို့ ချီတက်သွား ကြပြီး စတင်မီးရှို့ခဲ့ကြောင်းသိရှိရသည်။ 



စပါးကျီတိုက်များ မီးရှို့ခံခဲ့ရသည်ဟု စွပ်စွဲမှုများကြောင့် ဤအစီရင်ခံစာသည် ပေါင်းလှဲကုန်းကျေးရွာရှိ အဖြစ်အပျက်များကို အလေးပေးဖော်ပြပါသည်။ အရေးကြီးသော စားနပ်ရိက္ခာထောက်ပံ့မှုများ အားဖျက်ဆီး ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှုကို ကိုယ်စားပြုနိုင်သောကြောင့် နောက်ထပ်စုံစမ်းစစ်ဆေးမှူများ ပြုလုပ် ရန် လိုအပ်ပါသည်။

Myanmar Witness မှ အတည်ပြုနိုင်ခဲ့သည့် အချက်အလက်များ -

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပေါင်းလှဲကုန်း ကျေးရွာတွင်၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း  အပူရှိန်မြင့်မားသည့်လက္ခဏာများရှိကြောင်း  FIRMS မှ အတည်ပြုခဲ့ပါသည်(ပုံ ၂)  ။ ပုံ၂ ၏အောက်ခြေပုံအရ ရွာ၏မြောက်နှင့် အရှေ့/အရှေ့တောင်ဘက်ရှိ မီးခိုးအရင်းအမြစ်များသည် FIRMS တွင်တွေ့ရှိရသော အပူရှိန်မြင့်မားသည့်လက္ခဏာများနှင့်လည်း ကိုက်ညီကြောင်း ဖော်ပြသည်။ ရွာအနောက်ဘက်ရှိ အပူရှိန်က္ခဏာများအား အတည်မပြုနိုင်သေးပါ။



ပုံ ၂- (အပေါ်ပုံ) ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပေါင်းလှဲကုန်းကျေးရွာရှိ အပူရှိန်က္ခဏာများ။ (အောက်ပုံ) အဆိုပါကျေးရွာ မီးလောင်နေသည့် ရုပ်သံမှတ်တမ်း။ [22.71946907, 95.56994629]


မီးခိုးထွက်သည့်နေရာများသည် Sentinel Hub မှပုံ (ပုံ ၃) နှင့်လည်း ကိုက်ညီမှုရှိပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ ရုပ်ပုံ အား  ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ရုပ်ပုံနှင့် နှိုင်းယှဉ်ပါက ပိုမိုမှောင်မိုက်သော အကွက်များကို ပုံများတွင် မြင်တွေ့နိုင်ပါသည်။



ပုံ ၃ - ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၁၆ (လက်ဝဲ) နှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့ (လက်ယာ) ရှိ ပေါင်းလှဲကုန်းကျေးရွာ၏ Sentinel ရုပ်ပုံ။


Myanmar Witness မှစုံစမ်းထုတ်ဖော်သူများ သည် လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ပြထားသော စေတီငယ်နှစ်ဆူဘေးရှိ အောက်ပါဧရိယာတွင် မီးလောင်ပျက်စီးသွားသည့် အဆောက်အအုံအရေအတွက်ကို တည်နေရာအတည်ပြုစစ်ဆေး စီစစ်ပြီး ရေတွက်ခဲ့သည်။ ဗီဒီယိုတွင် မီးလောင်ရာ နေရာကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်ပြီး မီးလောင်သည့် အဆောက်အအုံ အရေအတွက်မှာ အနည်းဆုံး ၁၂ လုံးဟု ရေတွက်ထားသည်။




ပုံ ၄ - UGC တွင်ပြသထားသော ပျက်စီးဆုံးရှုံးမှုများ၏ တည်နေရာအတည်ပြုချက် (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်) [22.720263, 95.567659]

 



ပုံ ၅- ဗီဒီယိုတွင် ပြသထားသည့် ပျက်စီးဆုံးရှုံးမှုများ၏ တည်နေရာအတည်ပြုချက် (ကိုးကားနိုင်ရန်အတွက် ပုံ အငြိမ် နှင့်တကွ ပြသထားသည်)။ [22.722084, 95.567714]


စုံစမ်းထောက်လှမ်းချက်များအားလေ့လာခြင်း

တည်နေရာပြမြေပုံ



ပုံ ၆ - စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပေါင်းလှဲကုန်းကျေးရွာ၏ မြေပုံ။ [22.720647, 95.569427]


သေဆုံးသူ ပေါင်းလှဲကုန်းဒေသခံများ


ပုံ ၇ - မီးရှို့ခံရသူ၏ရုပ်ကြွင်းတခု နှင့် အခြား အမည်မသိရုပ်အလောင်း

 

ပေါင်းလှဲကုန်း ကျေးရွာ စစ်ဆင်ရေးအတွင်း SAC တပ်ဖွဲ့ဝင်များသည် ဒေသခံအရပ်သားနှစ်ဦး အား သတ်ဖြတ်ခဲ့ကြောင်း သိရသည် (ပုံ၇)။ အဆိုပါ အရပ်သားနှစ်ဦးမှာ ၎င်း၏နေအိမ်တွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အသက် ၈၀ ၀န်းကျင်ခန့်ရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ကျန်ရွာသားများသည် အနီးနားကျေးရွာများရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပစ္စည်းများကို SAC တပ်ဖွဲ့ဝင်များက ဖျက်ဆီးခြင်း သို့မဟုတ် သိမ်းယူခြင်း ခံခဲ့ရသည်။

 

စားနပ်ရိက္ခာများအား ဖျက်ဆီးခြင်း

စပါးဂိုဒေါင် ၈၀လုံး၊ နှမ်းဂိုဒေါင်(များ)  (ပုံ ၈) နှင့် လယ်ယာတိရစ္ဆာန်များ သေဆုံးမှု (ပုံ ၁၀) အပါအဝင် စားနပ်ရိက္ခာ ထောက်ပံ့ပစ္စည်းများ ဖျက်ဆီးခံရမှု အစီရင်ခံစာများ ရှိပါသည်။ ဤဖျက်ဆီးခံရမှု၏ပုံအများစုသည် အနီးကပ်မြင်ရပြီး တည်နေရာအတည်ပြုရန်အတွက် လုံလောက်သောအမြင် အထောက်အထားများမပေးပါ။ သို့သော်လည်း Myanmar Witness မှ စုံစမ်းထုတ်ဖော်သူများသည် ဆန်(အဝါရောင်ပုံး) ထားရှိသည့် အဆောက်အအုံတခု အပါအဝင် မီးလောင်ထားသည့် အဆောက်အအုံ အများအပြား၏ အကြွင်းအကျန်များကို ပြသထားသည့်ဗီဒီယိုဖိုင်ကို တည်နေရာအတည်ပြု စစ်ဆေးနိုင်ခဲ့သည် (ပုံ ၉)။ Myanmar Witness သည် စားနပ်ရိက္ခာ ထောက်ပံ့မှုများ အများအပြား ဖျက်ဆီးခံရမှု နှင့် အစားအသောက် ထောက်ပံ့မှု များကိုပစ်မှတ်ထားခြင်းနှင့်ပတ်သက်သည့​ မှတ်တမ်းများကို ဆက်လက် စောင့်ကြည့်လေ့လာ သွားမည် ဖြစ်သည်။

 


ပုံ ၈ -  (ဘယ်မှ ညာ) (က) စပါးပုံ တစိတ်တပိုင်း မီးလောင်ပျက်စီးပုံ။ (ခ) ဖြစ်နိုင်ခြေရှိသောစပါးရိတ်သိမ်းစက်ပျက်စီးခြင်း။ (ဂ) ဗီဒီယိုမှတ်တမ်းအဆုံးတွင်တွေ့ရသော မီးလောင်ထားသည့်စပါးပုံ (ဃ) နှမ်းသိုလှောင်ရုံ ၏အကြွင်းအကျန်ဖြစ်နိူင်ချေရှိသော မီးလောင်ရာနေရာ (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်) (င) အပြာရောင် ထရပ်ကားနောက်တွင် မီးလောင်မှူအကြွင်းအကျန်များကြားမှ ဖြစ်နိူင်ချေရှိသောစပါးပုံ။




ပုံ ၉- ပေါင်းလှဲကုန်းကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးသွားသော စပါးဂိုဒေါင်၏ တည်နေရာအတည်ပြုစစ်ဆေးချက်။ [22.722084, 95.567265]




ပုံ ၁၀- (အပေါ်ပုံ) မွေးမြူရေးတိရစ္ဆာန်များ၏ မီးရှိူ့ခံရမှုအကြွင်းအကျန်များ။

(အောက်ပုံ) ဖြစ်နိူင်ဖွယ်ရှိသောလယ်တောတိရစ္ဆာန်များ၏ မီးရှိူ့ခံရမှုအကြွင်းအကျန်များ။


တိုက်ခိုက်မှုပြီးနောက် တုံ့ပြန်မှု

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် နိုင်ငံပိုင်သတင်းဌာန Myanmar National Post မှ PDF နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ကျေးရွာများကို မီးရှို့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် များသောအားဖြင့်ရှိသောကြောင့်  Myanmar Witness သည် ၎င်းတို့၏ ဖြစ်ပျက်မှုကို ဆက်လက်စောင့်ကြည့်နေပါသည်။

 

အနာဂတ်စောင့်ကြည့်လေ့လာခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်းတွင် SAC လက်နက်ကိုင် တပ်ဖွဲ့များက ကျေးရွာများအား မီးရှို့ခြင်း နှင့် ပတ်သက်၍ လူမှုကွန်ရက် နှင့် သတင်း မီဒီယာများတွင် သတင်းများ ဆက်လက် ထွက်ပေါ်နေပါသည်။ Myanmar Witness သည် အဆိုပါဖြစ်ရပ်များကို ဆက်လက်စောင့်ကြည့်၍  အစီရင်ခံပါမည်။


အတိုကောက်များ

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ IDP

ကချင်လွတ်မြောက်ရေးတပ်မတော် KIA

ခြေမြန်တပ်ရင်း  LIB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDF

ပြည်နယ်အုပ်ချုပ်ရေးကောင်စီ  SAC

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page