top of page

ဆင်အင်းကြီးတွင်လက်တုံ့ပြန်တိုက်ခိုက်ခြင်း

Myanmar Witness

7 Dec 2022

Report Published:

5.png
4.png
3.png

ဆင်အင်းကြီးတွင်လက်တုံ့ပြန်တိုက်ခိုက်ခြင်း


SAC၏ရိက္ခာယာဉ်တန်းကို မြေမြုပ်မိုင်းထိမှန်ပြီးနောက် ကျေးရွာ တိုက်ခိုက်ခံရခြင်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင်အစီရင်ခံစာထုတ်ပြန်သည်


အဓိကဖြစ်ရပ်အသေးစိတ်


  • တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာ [20.323304, 92.957982] တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

  • ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC) ရိက္ခာတင်ကားများကို ရက္ခိုင့်တပ်တော် (AA)မှ ဆင်ထားသည့်မြေမြုပ်မိုင်းများထိမှန်သည်ဟု ပြောဆိုထားသည်။ 

  •  စီးနင်းတိုက်ခိုက်မှုအတွင်း အရွယ်ရောက်ပြီးသူ ၈ ဦးမှ ၁၀ ဦးကြား သေဆုံးခဲ့ပြီး နေအိမ် ၇ လုံးမှ ၁၀လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

  • ဆိုရှယ်မီဒီယာ ခွဲခြမ်းစိတ်ဖြာချက်များအရ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားခြောက်ဦးပါဝင်သော ခန္ဓာကိုယ်ခုနစ်ခုကို သီးခြား ဖော်ထုတ်နိုင်ခဲ့သည်။ ရုပ်အလောင်းများကို အဖြစ်အပျက်ပြီးနောက်တနေ့၊ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့တွင် တွေ့ရှိခဲ့သည်။

  • သေဆုံးသူများအားလုံ၏ခန္ဓာကိုယ်တွင် ဓါး (သို့မဟုတ်) ကျဉ်ဆန်ထိမှန်ထားသောဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုရှယ်မီဒီယာ အသုံးပြုသူများကဆိုကြသည်။ တခြားသတင်း ထုတ်ပြန်ချက် များအရ  ရွာသူရွာသားများသည် တိုက်ခိုက်မှူကြောင့်ထွက်ပြေးရင်း ပတ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။

  • ထိုနေ့နံနက်က အနီးနားရှိ SAC တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်AA မြေမြှုပ်မိုင်းများ​၏ ထိမှန်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဤတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသူရွာ သားများက ယုံကြည်ကြသည်။

  • ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က SACတပ်၏တစိတ်တပိုင်းဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) ၅၅ ကိုအပြစ်တင်ထားပြီး ဤတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟု ပြောဆိုထား သည်။

  • ၂၀၂၂ ခုနှစ် နိူဝင်ဘာလ ၁၀ရက်မှ ၁၆ရက်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၉ဦးသည် ဒေသတွင်းစစ်ရေးတင်းမာမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းလုံခြုံရေးမပေးနိူင်သော အကြောင်းရင်းကြောင့် နှုတ်ထွက်ခဲ့သည်။ 



အကျဉ်းချုပ်

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာ အနီးတွင် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ (SAC) ၏စစ်မော်တော်ယာဉ်များသည် ၎င်းတို့တပ်ဖွဲ့ဝင်များ ဆီသို့စားနပ်ရိက္ခာများပို့နေစဉ် ရက္ခိုင့်တပ်တော် (AA)၏ မြေမြုပ်မိုင်းများ ထိမှန်ခဲ့သောကြောင့် အရေအတွက် အတိအကျမသိရသော SACတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ သည်ဟု ပြောဆိုထား သည်။ (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ပြန်လည်ပြင်ဆင် ထားသည်)


ထိုနေ့နှောင်းပိုင်းတွင် ဆင်အင်းကြီးကျေးရွာကို အဝေးမှပစ်ခတ်ကာ မီးရှို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ပြန်လည် ပြင်ဆင်ထားသည်) SAC တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမှုအတွင်း ရွာသားအများအပြား သေဆုံးခဲ့ကြောင်း၊ လက်တုံ့ပြန်တိုက်ခိုက်မှုဟု ခေါ်ဆိုကြောင်းဖော်ပြထားကြသည်။ ဖြစ်နိူင်ချေရှိသော ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် နောက်ထပ်အသေအပျောက် များ (၂ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိသွားသည်) ရှိကြောင်း Myanmar Now မှ ဖော်ပြထားသော် လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။


သေဆုံးသူများဖြစ်ကြသော ရွာသား ၈ ဦးမှ ၁၀ ဦးကြားသည် ကိုယ်ခန္ဓာတွင်ဓါးနှင့် သေနတ်မှန်ထားသော ဒဏ်ရာများရှိပြီး လူနေအိမ် ၇ လုံးမှ ၁၀ လုံး မီးလောင်ခဲ့ကြောင်းသိရသည်။ အလောင်းများကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ၁၁ ရက် နေ့တွင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ SACတပ်ဖွဲ့ဝင် များသည် ခမရ ၅၅၀ မှဖြစ်နိူင်ချေရှိပြီး ခမရ ၃၄၄ (စစ်တွေတွင် စခန်းချသည်) မှ ပါ၀င် ပတ်သက်မှုရှိနိုင်ကြောင်း သိရသည်။ SACစားနပ်ရိက္ခာ  ကုန်တင်ကား မြေမြုပ်မိုင်းထိမှန်သွား ပြီးနောက်ချက်ချင်းတွင် ပုဏ္ဏားကျွန်းမြို့ရှိ အခြေစိုက်စခန်းတစ်ခုမှ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ သည်။


ဒေသခံလူထုကို ထိခိုက်နစ်နာစေသော SAC၏ ကုန်းလမ်းနှင့်ရေလမ်းခရီးသွားလာမှု ကန့်သတ်ချက် များကြောင့် မြေမြုပ်မိုင်းများအသုံးပြုရခြင်းဖြစ်သည်ဟု AAကဆိုသည်။ ဆင်အင်းကြီး ကျေးရွာအား တိုက်ခိုက်မှုနှင့် ပတ်သက်၍ SAC မှ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါ။


အဆိုပါ ဖြစ်ရပ်နှစ်ခုစလုံးသည် ထိုနေ့တွင် ဖြစ်ပွားခဲ့ခြင်းမှာ ၎င်းတို့ဆက်စပ်နေသည်ဆိုသောအမြင် ကိုအထောက်အကူ ဖြစ်စေပြီး ဆင်အင်းကြီးကျေးရွာအား SACက မြေမြုပ်မိုင်းထိခိုက်မှုကြောင့် လက်တုံ့ပြန်သည်ကို အခိုင်အမာပြောနိူင်သော အချက်တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ဆင်အင်းကြီးကျေးရွာ တွင် AA တပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်း (သို့မဟုတ်) သေဆုံးသူရွာသူရွာ သားများသည် AA၏ ပတ်မှတ်ထားတိုက်ခိုက်မှုနှင့် ဆက်စပ်နေကြောင်း ပြရန် အတည်ပြုထားသော အစီရင်ခံစာ (သို့မဟုတ်) ဗီဒီယိုဖိုင်များ မတွေ့ရှိခြင်းသည် ဆင်အင်းကြီးကျေးရွာအား တိုက်ခိုက်ရခြင်း ၏ အကြောင်းရင်းကို မေးခွန်းထုတ်ရန်ဖြစ်လာခဲ့သည်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်  (ULA) -  AA ၏ နိုင်ငံရေးအဖွဲ့မှ ဆင်အင်းကြီးကျေးရွာအားတိုက်ခိုက်မှုအတွက် SAC ၏ ခမရ ၅၅၀ တွင်တာဝန်ရှိကြောင်း ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဆင်အင်းကြီးကျေးရွာ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီး ရက်ပိုင်း အကြာတွင် တိုက်ပွဲများကြောင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုးဦး နုတ်ထွက်ခဲ့ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ BBCအစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။


Myanmar Witness ကအောက်ပါတို့ကို စစ်ဆေးအတည်ပြု နိူင်ခဲ့သည်-

ဆင်အင်းကြီးကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်တွင် ပဋိပက္ခဖြစ်ရပ်များ ဖြစ်ပွားကြောင်းအတည် ပြုရန်အတွက် အသုံးပြုသူထုတ်ပေးသည့်အကြောင်းအရာ (UGC) အများအပြားကို အသုံးပြုခဲ့သည်။ ပဋိပက္ခအတွင်းပါဝင်သောအဓိကအင်္ဂါရပ်များ- မြစ်တစ်စင်း၊ မိုဘိုင်းတာဝါတိုင်နှင့် နောက်ခံတောင် တန်းများကို ပုံ၁ နှင့် ၂ တွင်ပြသထားသည်။


ပုံ ၁- ဆင်အင်းကြီးရွာသားများအားတိုက်ခိုက်ခံရမှု နှင့် မီးလောင်မှုဖြစ်ပွားရာ နေရာဒေသကို စီစစ်အတည်ပြုထားခြင်း။ (သတင်းအရင်းအမြစ်- Western News Agency)


ပုံ ၂ - အပေါ်ပုံသည် အနီးနားရှိ တောင်တန်းများကဲ့သို့သော ပထဝီဝင်အထင်ကနေရာများကိုပြသသည့် ဂြိုလ်တုဓာတ်ပုံဖြစ်ပြီး UGC အွန်လိုင်းတွင်မျှဝေထားသော ဆင်အင်းကြီးကျေးရွာမီးလောင်မှု မီးခိုးငွေ့များကိုအဝေးမှပြသထားပုံနှင့် ကိုက်ညီမှုရှိသည်။ (အောက်ပုံ၏သတင်းအရင်းအမြစ်-Western News Agency)


ဒုတိယကိုးကားချက်နှင့် အဖြစ်အပျက်ဖြစ်ပွားခဲ့သော ရက်စွဲကိုအတည်ပြုရန် အတွက် ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၉ရက် နှင့် ၁၄ရက်ကြားရက်စွဲများအတွင်း Sentinel Hub ဓါတ်ပုံများကို နှိုင်းယှဉ်မှုမှ တဆင့် အမှီပြုထားပါသည်။  ဘယ်ဘက်ရှိပုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့မှဖြစ်ပြီး၊ ရွာ၏အရှေ့တောင်ဘက်သည်ညာဘက်မှဓါတ်ပုံ (၉ရက် နိုဝင်ဘာ ၂၀၂၂) ထက် မှောင်နေသည်ကို ပြသနေသည်။ အပင်များဆုံးရှုံးပျက်စီးခြင်း အပါအဝင် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ပွားရခြင်း အတွက် ရှင်းလင်းချက်အများအပြား ရှိသော်လည်း၊ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းက ဤအမြင်အာရုံကွဲ ပြားမှုများကို ဖြစ်စေသည်မှာ သေချာသလောက်ဖြစ်သည်။


ပုံ ၃- ဘယ်ဘက်ပုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့ တွင်ပြသထားသည့် Sentinel Hub ဂြိုလ်တုဓါတ်ပုံဖြစ်ပြီး ညာဘက်တွင်ပြသထားသည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့တွင် ရိုက်ထားသော ကျေးရွာ၏ပုံထက် အချို့အစိတ်အပိုင်းများ ပိုမိုနက်မှောင်နေသည်ကိုတွေ့ရခြင်း။ (Sentinel Hub)


ပုံ ၄- ဆင်အင်းကြီးကျေးရွာရှိ ပျက်စီးသွားသည့်နေအိမ်များအနက်မှ နေအိမ်တလုံး၏တည်နေရာကိုပြသသည့် ဘူမိတည်နေရာအတည်ပြုချက် [20.323653၊ 92.957873]။ (ညာဘက်အပေါ်ပုံ၏အရင်းအမြစ်- Arakan Bay News၊ အောက်ခြေညာဘက်ပုံ၏အရင်းအမြစ်-ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။


Sentinel Hub ပုံရိပ်ကို အသုံးပြု၍ တည်နေရာနှင့် အချိန်အတည်ပြုခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဆင်အင်းကြီးကျေးရွာအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၁၄ ရက်ကြားအချိန်တိုအတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာနေရာအဖြစ် Myanmar Witnessမှ စိစစ်နိူင်ခဲ့ပြီး နိုဝင်ဘာ၁၀ရက်သည်တိုက်ခိုက်မှု ဖြစ်ပွားသောနေ့ဟု ပြောဆိုနိူင်သည်။


စုံစမ်းထောက်လှမ်းချက်များအားလေ့လာခြင်း

တည်နေရာ

ဆင်အင်းကြီးကျေးရွာ၊ ရခိုင်ပြည်နယ်


ပုံ ၅- ဆင်အင်းကြီးကျေးရွာ (ဆင်အင်းကြီ)၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်၏မြေပုံ။ (မြေပုံကို Datawrapper အသုံးပြု၍ ဖန်တီးထားသည်)။


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သီးခြားနေရာနှစ်ခုမှ ပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆင်အင်းကြီးကျေးရွာတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ကြောင်း ပုံ၆တွင်ပြသထားသည့်အတိုင်း ULAမှ အခိုင်အမာဆိုထားသည် (သတင်းအရင်းအမြစ်အား ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။ အဆိုပါနေရာများကို ခမရ ၃၃၄ နှင့် ခမရ ၅၅၀ တို့က သိမ်းပိုက်ထား သည်ဟု ပြောဆိုထားသည်။


ပုံ ၆- ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်စီးနင်းစဉ်အတွင်း သီးခြားနေရာနှစ်ခုမှ ကျေးရွာအတွင်းသို့ SAC တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရွာသားများ ပိုမိုများပြားလာခဲ့သည်ဟု ULA ၏ ပြောဆိုချက်ကို အသုံးပြုသူမှထုတ်ပေးသည့်မြေပုံပြသထားသည့် မြင်ကွင်း (အရင်းအမြစ်-ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များအတွက် ပြန်လည်ပြင်ဆင်ထားသည်)။


ဒဏ်ရာရရှိသူများ

Graphic Imagery online သည် အသေအပျောက် (သေဆုံးသူများ) ခုနစ်ဦးရှိနေကြောင်း (သတင်းအရင်းအမြစ်ကို ကိုယ်ရေးကိုယ်တာအကြောင်းပြချက်အတွက် ပြန်လည်ပြင်ဆင်ထားသည်) အတည်ပြုထားပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားခြောက်ဦးတို့ဖြစ်ကြောင်း ပြသထားသည်။ အခြားသတင်းရင်းမြစ်များက အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အသေအပျောက် ၈ ဦးမှ ၁၀ ဦးကြားဟုစာရင်းပြုစုထားသည်။


အသေအပျောက် ၁၀ ဦးစာရင်းကို Western News Agency Facebook စာမျက်နှာတွင် မျှဝေခဲ့ပြီး အောက်ပါအတိုင်းအမည်များကို ဖော်ပြထားပါသည်။


၁။ U Maung Maung Thein - ဦးမောင်မောင်သိန်း 

၂။ U Maung Sanhla - ဦးမောင်စံလှ

၃။ U Khin Maung - ဦးခင်မောင်

၄။ U Maung Kyaw Thein - ဦးမောင်ကျော်သိန်း 

၅။ U Kyaw Zan - ဦးကျော်ဇံ

၆။ Daw Yin Nyun Phu - ဒေါ်ယိုင်ညွှန့်ဖြူ 

၇။ Myin Thein Myint - မခင်သိန်းမြင့​

၈။ U Tun Than Kyaw -ဦးထွန်းသာကျော်

၉။ U Aye Tun Sein - ဦးအေးထွန်းစိန်

၁၀။ doctor/medicine man - ဆေးဆရာ


Myanmar Now ကလည်း သေဆုံးသူများ၏ နာမည် စာရင်း၉ခုကိုအောက်ပါအတိုင်းဖော်ပြထားသည်။


၁။ Ma Gyi, 86; - မကြီး ၈၆ နှစ် 

၂။ Maung Kyaw Thein, 62; - မောင်ကျော်သိန်း ၆၂ နှစ် 

၃။ Kyaw Zan, 60; - ကျော်ဇံ ၆၀ နှစ် 

၄။ Khin Maung, 58; - ခင်မောင် ၅၈ နှစ် 

၅။ May Nu, 54; - မေနု ၅၄ နှစ် 

၆။ Mhe Ni, 45; - မှဲ့နီ ၄၅ နှစ် 

၇။ Maung Maung Thein, 43 - မောင်မောင်သိန်း ၄၃ နှစ်

၈။ Maung San Hla, 37; - မောင်စံလှ ၃၇ နှစ်

၉။ Kyaw Naing. - ကျော်နိုင် 


ပုံ ၇- ဆင်အင်းကြီးကျေးရွာ (ဆင်အင်းကြီ) တိုက်ခိုက်ခံရပြီး နောက်တစ်နေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ရှာဖွေတွေ့ရှိခဲ့သော ဒဏ်ရာရသူငါးဦး၏ ဂရပ်ဖစ်ရုပ်ပုံများ (ပုံအရင်းအမြစ်: Narinjara News)။


တိုက်ခိုက်မှုပြီးနောက် တုံ့ပြန်မှု

ပုဏ္ဏားကျွန်းမြို့နယ်တဝိုက်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၉ ဦးသည် ဆင်အင်းကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် နယ်မြေလုံခြုံရေးမပေးနိူင်ဟု ယူဆပြီး ဆင်အင်းကြီးရွာ တိုက်ခိုက်ခံ ရပြီးရက်ပိုင်းအကြာတွင် ရာထူးကနေနှုတ်ထွက်ခဲ့ကြသည်ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် BBCမှ သတင်းဖော်ပြခဲ့သည်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ULA မှ ခမရ ၃၃၄ (ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် ဖြင့် ပြန်လည်ပြင်ဆင်ထားသည်) နှင့် ခမရ ၅၅၀ကို ဆင်အင်းကြီးကျေးရွာတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ၁၀ရက်နေ့က ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ ပစ်ခတ်တိုက်ခိုက် မှု၊ သတ်ဖြတ်မှုနှင့် နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများအတွက် တာဝန်ရှိကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ကို Myanmar Now မှ သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဤနိုင်ငံရေးအဖွဲ့မှ အပြစ်မဲ့ရွာသားများအား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟု ကြေငြာပြီး လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ရင်ဆိုင်မှုမပြုပဲ လက်နက်မဲ့ရွာသားများအား တိုက်ခိုက်သည့် SAC သူရဲဘောကြောင်သူများဟု ဖော်ပြထားသည်။


ဆင်အင်းကြီးရွာတိုက်ခိုက်မှုနှင့်ပတ်သတ်၍ SAC ဘက်မှတုံ့ပြန်ခြင်းမရှိသေးပါ။


အနာဂတ်စောင့်ကြည့်လေ့လာခြင်း

ရခိုင်ပြည်နယ်မှာ SACတပ်နှင့် AA အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပါသည်။ အထူးသဖြင့် ဒေသခံအရပ်သားလူထုအပေါ် သက်ရောက်မှုရှိသည့် တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကို အတည်ပြုရန် ကြိုးပမ်းမှုတွင် ရခိုင်ပြည်နယ်ကိုဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။


အတိုကောက်များ

ရက္ခိုင့်တပ်တော် AA

ခြေမြန်တပ်ရင်း LIB

ပြည်နယ်အုပ်ချုပ်ရေးကောင်စီ SAC

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA

အသုံးပြုသူမှထုတ်လုပ်ထားသောအကြောင်းအရာ UGC



uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page