top of page

ဖယ်ခုံဆေးရုံ ဗုံးပေါက်ကွဲမှု

Myanmar Witness

2 May 2023

Report Published:

5.png
4.png
3.png

ဆေးဝါးကုသရေးဌာနနှင့် စစ်ရှောင်စခန်းတို့ကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်း

ဖယ်ခုံဆေးရုံ ဗုံးပေါက်ကွဲမှု 


ဆေးဝါးကုသရေးဌာနနှင့် စစ်ရှောင်စခန်းတို့ကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်း 

MYANMAR WITNESS 

၂၀၂၃ခုနှစ် ဧပြီလ  ၂၇ရက်နေ့တွင် အစီအရင်ခံစာထုတ်ပြန်သည်။


အဓိကဖြစ်ရပ်အသေးစိတ်

  • အခင်းဖြစ်ပွားသည့်နေရာ: ဆောင်းဖွေးဆေးရုံ (Hsawng Phwe Hospital)၊ ဖယ်ခုံမြို့နယ် (Pekon Township)၊ ရှမ်းပြည်နယ် (Shan State) ။ [19.669828, 96.889449]


  • အခင်းဖြစ်ပွားသည့်နေ့ရက်/အချိန် :

    • ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ရက် ဒေသစံတော်ချိန် နေ့လည် ၁၃:၀၀ နာရီဝန်းကျင် 

  • ကျူးလွန်သူ (များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု : 

    • မြန်မာလေတပ် 

  • ဖြစ်စဥ်အနှစ်ချုပ်:

    • ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀ ဝန်းကျင်ခန့်တွင် ဖယ်ခုံ ၌ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသခံဆေးရုံနှင့် အနီးနားရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) စခန်းကို ထိခိုက်ခဲ့သည်ဟု ပြောဆိုမှုများရှိခဲ့သည်။ 

    • Myanmar Witness သည် ဖြစ်နိုင်ချေရှိသည့်လေကြောင်းတိုက်ခိုက်မှုကြောင့်  ပျက်စီးမှုများ အပါအဝင် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ပျက်စီးမှုကို စိစစ်ခဲ့သည်

    •  စစ်တပ်ထောက်ခံသူမီဒီယာများ နှင့် စစ်တပ်ဆန့်ကျင်ရေးမီဒီယာများက အဆိုပါဒေသကို စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း သဘောတူပုံပေါ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင်များ ပုန်းအောင်းနေခြင်းကြောင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု စစ်တပ်လိုလားသော သတင်းရင်းမြစ်များက ဆိုကြသည်။ 

    • အနီးနားရှိ IDP စခန်းတွင် ဒဏ်ရာရရှိသူ တစ်ဦးကိုလည်း Myanmar Witness မှ စီစစ်ခဲ့သည်။


အကျဉ်းချုပ်

ခေတ်သစ်မီဒီယာနှင့် မဲခေါင်သတင်း အပါအဝင် ဒီမိုကရေစီလိုလားသူ သတင်းအရင်းအမြစ်အများအပြားက  ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆေးဘက်ဆိုင်ရာအဆောက်အအုံတစ်ခုဖြစ်သည့် ဆောင်းဖွေး ဆေးရုံ (Hsawng Phwe Hospital) အနီးတွင် မြန်မာတပ်မတော်က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ပြောဆိုထားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သူနာပြုတစ်ဦးအပါအဝင် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ထိုဒေသရှိ အရပ်သားများကို ထိခိုက်ခဲ့ကြောင်း သိရသည်။


 လွတ်လပ်သောအာရှအသံ RFA (Radio Free Asia) က ပျက်စီးမှုများသည် စစ်တပ်သုံး Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြောင့်ဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သော်လည်း ဒေသခံ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့  (KNDF) မှ တိုက်လေယာဉ်တစ်စီးအသုံးပြုခဲ့သည်ဟုဆိုခဲ့သည်။ အဆိုပါနေရာ၌ ဒေသခံ PDFတပ်ဖွဲ့ နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့ဝင်များပါရှိခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်အားလိုလားသော မီဒီယာတစ်ခုဖြစ်သည့် People Media ကပြောသည်။  Myanmar Witness သည် ဤအဆိုပြုချက်ကို အတည်မပြုနိုင်သေးသော်လည်း အနီးနားရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု ပျက်စီးမှုနှင့် အနီးနားရှိ IDP စခန်းတွင် အနည်းဆုံး ဒဏ်ရာရရှိသူ တစ်ဦးရှိကြောင်း  စစ်ဆေးအတည်ပြုခဲ့ပါသည်။ ယခုတိုက်ခိုက်မှုသည် မကြာသေးမီက Eyes on the Skies အစီရင်ခံစာတွင် ဖော်ပြထားသည့် အရပ်သားများကို လေကြောင်းမှ အင်အားအသုံးပြုမှုတွင် ပုံမှန်တိုးမြင့်လာမှုကို ကိုယ်စားပြုပြီး Myanmar Witness မှ ဆက်လက် စောင့်ကြည့်လျက်ရှိသည်။ 


Myanmar Witness မှ အတည်ပြု နိုင်ခဲ့သော အချက်အလက်များ :

  • အပျက်အစီးများကို ထပ်မံခွဲခြမ်းစိတ်ဖြာပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်နိူင်ဖွယ်ရှိသည့် ပျက်စီးသွားသော ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၏ တည်နေရာ။ 

  • အဆောက်အအုံအတွင်းရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများအရ ထိုအဆောက်အအုံကို  ဆေးကုသရာနေရာအဖြစ် အသုံးပြုခဲ့ကြောင်း အကြံပြုချက်။ 

  • အနီးနားရှိ ဒုက္ခသည်စခန်း ၏ တည်နေရာ။

  • ဒုက္ခသည်စခန်းမှ လူတစ်ဦး ဖြစ်သည့် ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သော အသက်ကြီးကြီး အမျိုးသမီးတစ်ဦး၏ တည်နေရာ။

  • လက်ရှိတွင် အမည်မသိ လက်နက်ခဲယမ်းများသည် ဖြစ်နိုင်ချေရှိသော လေကြောင်းတိုက်ခိုက်နှင့် တူညီသော ဧရိယာတွင်ရှိကြောင်း တည်နေရာအတည်ပြုထားသည်။ တိုက်ခိုက်မှုဧရိယာအတွင်း တည်ရှိသည်ဟု ယူဆရသည့် ခဲယမ်းအပိုင်းအစများထဲမှ တစ်ခုသည် လေကြောင်းမှ ပေးပို့ခဲ့ခြင်း ဖြစ်နိုင်ပြီး အဆိုပါ ဖြစ်ရပ်နှင့် ဆက်စပ်နေဖွယ်ရှိသည်။

  • ● Myanmar Witness သည် အောက်ပါတို့ကို တက်ကြွစွာ စောင့်ကြည့်နေပါသည်-

  • တိုက်ခိုက်မှုတွင် မြန်မာစစ်တပ်မှ ပါဝင်ပတ်သတ်ပြီး မည်သည့်အဖွဲ့နှင့် သက်ဆိုင်ကြောင်း ပြောဆိုမှုများ - Myanmar Witness သည လေယာဉ်တစီးပါဝင်နိူင်ချေရှိသည် ဆိုသော အသုံးပြုသူထုတ်ပေးသည့်အကြောင်းအရာ (UCG) ကို အတည်ပြုနိူင်ခြင်းမရှိသေးပါ။ သို့သော်လည်း ယင်းကဲ့သို့ လေယာဉ်အသုံးပြုမှုသည် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများ ကိုသုံးစွဲနိူင်သည့် တစ်ခုတည်းသော အုပ်စုဖြစ်သော မြန်မာစစ်တပ်၏ တာဝန်ရှိမှုကို အကြံပြုထားသည်။ 

  • တိုက်ခိုက်မှုအတွင်း အတည်ပြုထားသောလူတစ်ဦးထက် ပို၍ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ပြောဆိုချက်များ။ 


စုံစမ်းထောက်လှမ်းချက်များအားလေ့လာခြင်း

၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဖယ်ခုံမြို့ရှိ နယ်မြေတစ်ခုအား  မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံ တစ်ခု ပျက်စီးကာ အနီးနားရှိ IDP စခန်းမှအရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲခံထားရသည်။


တည်နေရာအတည်ပြုစစ်ဆေးခြင်းများ

Myanmar Witness သည် MeKong News နှင့် Khit Thit Media (ပုံ ၁ နှင့် ပုံ ၂) မှ 19.669828, 96.889449 ဝန်းကျင်တွင် လွှင့်တင်ထားသော ဗီဒီယိုဖိုင်တွင်  လေကြောင်းတိုက်ခိုက်မှုဖြစ်သည်ဟုဆိုထားသော နေရာနှင့်  မီးခိုးများကို တည်နေရာစစ်ဆေးအတည်ပြုခဲ့သည်။ 


ပုံ ၁ - 19.669828၊ 96.889449 သို့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်ခဲ့သော ဆေးဘက်ဆိုင်ရာ ဆေးခန်းတစ်ခု၏ တည်နေရာကိုပြသသည့် ဘူမိတည်နေရာအတည်ပြုချက်။  (အရင်းအမြစ်: MeKong News).


ပုံ ၂ - တူညီသောဆေးဘက်ဆိုင်ရာ အဆောက်အအုံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်နိုင်သည့်မီးခိုးများ။ (အရင်းအမြစ် : Khit Thit Media).


ဤအဆောက်အဦးတွင် အမိုးပျက်စီးခြင်း၊ ဆိုင်ကယ်တစ်စီးမီးလောင်ခြင်း၊ အနီးနားရှိ ယာဉ်များ တိမ်းမှောက်ပျက်စီးခြင်းနှင့် အပြင်ဘက်နံရံများ ပြင်းထန်စွာ ပျက်စီးခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှု လက္ခဏာများ ကိုတွေ့နိူင်သည်။  (ပုံ ၃ နှင့် ၄)။


ပုံ ၃- အဆောက်အဦး ပျက်စီးမှုကို ပြသသည့် ပုံများ။  (အရင်းအမြစ် : Mobye People Defense Force). 


ပုံ ၄- တူညီသောနေရာရှိ ​ခေါင်မိုးပျက်စီးမှုကို ပြသသည့်ပုံများ။ ( အရင်းအမြစ်: Khit Thit Media).


Myanmar Witness မှ တည်နေရာအတည်ပြုထားသော ဓါတ်ပုံတစ်ပုံ (ပုံ ၅) တွင် ပြင်းထန်သောပြင်ပပျက်စီးမှုများအပါအဝင် အဆောက်အဦး၏ပြတင်းပေါက်များမှတဆင့် ကြည့်ရှုနိုင်ခြင်းအရ ကုတင်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ပုံကို ဖော်ထုတ်နိူင်ပြီး  ဤအဆောက်အဦး သည် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ဖြစ်သည် ဟူသော အဆိုကို ထောက်ခံနိူင်သည်။ 


 Myanmar Witness မှ တည်နေရာအတည်ပြုသတ်မှတ်နိုင်ခြင်းမရှိသေးသော်လည်း အဆောက်အဦအတွင်းမှ ဖြစ်သည်ဟု အခိုင်အမာဆိုထားသော နောက်ထပ်ဓါတ်ပုံများတွင် ပေါက်ကွဲမှုကြောင့် ကြမ်းပြင်ပေါ်ရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် အမိုးအကာများ ပျက်စီးသွားသည်ကိုပြထားသည်။ (ပုံ ၆)


ဤဓါတ်ပုံများ အားလုံးတွင် ပြသထားသည့် ပျက်စီးမှုများ၊ အထူးသဖြင့် အဆောက်အအုံ၏ ကြီးမားသော အဆောက်အဦးဆိုင်ရာ ပျက်စီးမှုမှာ မြေပြင်တပ်ဖွဲ့များကို အသုံးပြု၍ ရရှိရန် ခက်ခဲမည်ဖြစ်ပြီး၊ ၎င်းသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ပံ့ပိုးပေးမည်ဖြစ်သည်။


ပုံ ၅- အဆောက်အဦးအတွင်း၌ ကုတင်နှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ ဖြစ်ပုံပေါ်သည့် တူညီသောနေရာကို တည်နေရာအတည်ပြုထားသော ပုံ။ (အရင်းအမြစ် : Khit Thit Media).


ပုံ ၆- အမိုးအကာနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ သိသိသာသာ ပျက်စီးယိုယွင်းနေသော အဆောက်အဦးအတွင်းပိုင်း၏ အတည်မပြုနိုင်သေးသောဓါတ်ပုံများ။ (အရင်းအမြစ်: Khit Thit Media).


Myanmar Witness သည် အရင်းအမြစ်တစ်ခု (ကိုယ်ရေးကိုယ်တာကိစ္စများအတွက် ဤနေရာတွင် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်ထားပါ။) ထံမှရရှိထားသော ဗီဒီယိုတစ်ခုကို တည်နေရာအတည်ပြုခဲ့ရာ အဆိုပါ ဆေးဘက်ဆိုင်ရာအဆောက်အအုံအနီးတွင် အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသည်ဟု ပြောဆိုထားသော ဖယ်ခုံမြို့ရှိ IDPစခန်းတစ်ခုကို တွေ့ရသည်  (ပုံ ၇) ။ 


Myanmar Witness သည် Khit Thit Media မှ လွှင့်တင်ထားသည့် လေကြောင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲရလဒ်ကို ပြသထားပုံရသော ဒီယိုဖိုင်တွင် 19.668927, 96.891276 (ပုံ ၈) မှ IDP စခန်းရှိ ဦးခေါင်းတွင် ဒဏ်ရာရသွားသော အဘွားအိုတစ်ဦး၏ ဓါတ်ပုံ ကို တည်နေရာအတည်ပြုခဲ့သည်။ Myanmar Witness သည် ၎င်းပို့စ်တွင်ပင် ဦးခေါင်းတွင် ဒဏ်ရာရရှိထားသော ကလေးငယ်တစ်ဦး၏ပုံများကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါပုံများကို တည်နေရာအတည်ပြု ၍မရပေ။


ပုံ ၇- အနီးနားရှိ IDP စခန်း၏ တည်နေရာအတည်ပြုထားပုံ (ဝဲ)။ စခန်းချဲ့ထွင်ပြီးကတည်းက updateပြုလုပ်ထားခြင်း မရှိသော Google Earth ဓါတ်ပုံ (ယာဘက် အောက်ပုံ) နှင့် နှိုင်းယှဉ်ကာ ပိုမို update​ဖြစ်သော ဂြိုလ်တုဓာတ်ပုံ(၂၀၂၃ခုနှစ်  ဧပြီလ ၂၂ရက်နေ့မှ၊ ယာဘက် အပေါ်ပုံ) အတွက် Sentinel-2 ကို Myanmar Witness က အသုံးပြုခဲ့သည်။


ပုံ ၈- 19.668927၊ 96.891276 တွင်ရှိသော IDP စခန်းမှ လေကြောင်းတိုက်ခိုက်မှုခံရသူ (ညာဘက်)ဟုပြောဆိုထားသောသူ ၏ဓါတ်ပုံအား တည်နေရာအတည်ပြုထားပုံ။ Sentinel Hub ရုပ်ပုံ (ယာဘက် အောက်ခြေ) ကို ၂၀၂၃ခုနှစ် ဧပြလ တွင် ရိုက်ယူထားသည်။  Peakvisor ကို တောင်ရှုခင်းအတည်ပြုချက် (ယာဘက် အပေါ်) အတွက် အသုံးပြုထားသည် (အရင်းအမြစ်: Khit Thit Media)။


လက်နက်ခဲယမ်းများ

Myanmar Witness သည် 19.669768, 96.889202 (ပုံ ၉) တွင် ဆေးဘက်ဆိုင်ရာအဆောက်အအုံဘေးရှိ မြေပြင်မှ တူးဖော်ရရှိထားသည့် ကျည်ခွံတစ်ခု၏ ရုပ်ပုံကို တည်နေရာအတည်ပြုထားသည်။ Radio Free Asia အရ မိုးဗြဲ PDF အဖွဲ့ဝင်များက လက်နက်ကျည်တစ်ခုသည်အဆိုပါနေရာသို့ကျရောက်ချိန်တွင် မပေါက်ကွဲခဲ့ပါ ဟုပြောဆိုထားသည်။ ထိုပြောဆိုချက်သည် Myanmar Witness အား အသုံးပြုသူမှထုတ်လုပ်ပေးထားသောအကြောင်းအရာ (UGC) တွင်ပြသထားသည့်ထိုနေရာ၏ပုံများ (ပုံ ၁၀ က နှင့် ပံ ၁၁) တွင်တွေ့ရသောကျည်ခွံသည် မပေါက်ကွဲသေးခင်တူးဖော်ရရှိထားသောကြောင့် ၎င်းတို့ပြောဆိုထားသော ကျည်ခွံဖြစ်မည်ဟု ယုံကြည်စေသည်။ 

 

Myanmar Witness သည် ယခုအချိန်တွင် ဤခဲယမ်း၏ အမျိုးအစားနှင့် စွမ်းရည် အပြင်  ၎င်းကို အသုံးပြုသည့် လက်နက်ကို ဖော်ထုတ်နိူင်ခြင်းမရှိသေးပါ။ သို့သော်လည်း Myanmar Witness သည် တိုက်ခိုက်မှုဖြစ်ပွားရာနေရာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ယူဆထားရသော ပုံ ၁၀ခပါ အကြွင်းအကျန်များ၏ပုံသည် လေကြောင်းမှတိုက်ခိုက်သည့်ကြီးမားသောဗုံး၏တစ်စိတ်တစ်ပိုင်းကို ပြသနေသည်ဟု အခိုင်အမာယုံကြည်ပါသည်။ 


ပုံ ၉ - ဆေးရုံဘေးတွင် ခဲယမ်းတစ်ခု တူးနေသည့် ဗီဒီယိုမှတ်တမ်း  (19.669768, 96.889202) (အရင်းအမြစ်: Private)။


ပုံ ၁၀က နှင့် ၁၀ခ: ပျက်စီးသွားသော ဆေးဘက်ဆိုင်ရာအဆောက်အအုံရှိရာတွင် တွေ့ရှိရသော ခဲယမ်းအကြွင်းအကျန်များ

 (အရင်းအမြစ်: Khit Thit Media နှင့်  Red Peacock News)။


ပုံ ၁၁: ခဲယမ်းများတူးဖော်နေသည့် ဗီဒီယိုမှရယူထားသော စခရင်ရှော့ပုံများ (ဝဲ နှင့် အလယ်) ကို ထိုနေရာတွင်တွေ့ရသည့်ခဲယမ်းများ၏ပုံအကြည်များ (ယာ) ဖြင့်နှိုင်းယှဉ်ပြထားပုံ။ ဤအရာများသည် ခဲယမ်းပုံများကို ၎င်းတည်နေရာတွင် ထားရှိရန် လုံလောက်စွာ ပုံစံဆင်တူပါသည်(အရင်းအမြစ်: Private)။ 


အနာဂတ်စောင့်ကြည့်လေ့လာခြင်း

ဖယ်ခုံမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံကို တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ သိသိသာသာ တိုးမြင့်လာမှုကို ကိုယ်စားပြုပြီး အထူးသဖြင့် အနီးနားရှိ အရပ်သားများအပေါ် သက်ရောက်မှုရှိကာ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံအဆောက်အအုံများအပေါ် လျစ်လျူရှုခြင်းကိုလည်း ပြသနေသည်။

ဤဖြစ်ရပ်၏ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝသည် ဆက်လက်စောင့်ကြည့်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြပါသည်။ ဤဖြစ်ရပ်ကဲ့သို့သော လူ့အခွင့်အရေး စွက်ဖက်မှုများကို ဖော်ထုတ်နိုင်စေရန် Myanmar Witness သည် မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခများကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးနေပါသည်။

သင့်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်သတင်းအချက်အလက်များရှိပါက သို့မဟုတ် ၎င်းကဲ့သို့သောအခြားအချက်များရှိပြီး ပေးပို့ရန် လုံခြုံမှုရှိပါက ကျွန်ုပ်တို့၏လျှောက်လွှာ (via our secure form) မှတဆင့် ကျေးဇူးပြု၍ ထိုသက်သေအထောက်အထားများ ပေးပို့တင်သွင်းပေးပါ။


အတိုကောက်များ

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ IDP

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP

မြန်မာလေတပ် MAF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDF



uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page