top of page

မုံတိုင်ပင်နှင့် အင်ပင်ရွာတွင် အစုလိုက်အပြုံလိုက်ရက်စက်စွာသတ်ဖြတ်ခြင်း

Myanmar Witness

15 May 2023

Report Published:

5.png
4.png
3.png

မြန်မာစစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)နှင့် ဆက်နွယ်နေသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

မုံတိုင်ပင်နှင့် အင်ပင်ရွာတွင် အစုလိုက်အပြုံလိုက်ရက်စက်စွာသတ်ဖြတ်ခြင်း

 

Myanmar Witness

၂၀၂၃ခုနှစ် မေလ ၁၅ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

မြန်မာစစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)နှင့် ဆက်နွယ်နေသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

 

[သတိပေးချက်- ဂရပ်ဖစ်] ဤအစီရင်ခံစာတွင် ဂရပ်ဖစ် (စိတ်မချမ်းမြေ့ဖွယ်ရာ) အချက်အလက်များပါဝင်ပါသည်။ Myanmar Witness သည် ကျူးလွန်ခံရသူများနှင့် ကျူးလွန်သူများကို ဖော်ထုတ်နိုင်စေမည့်ပုံများကို ဝါးထားပါသည်။

 

အစီရင်ခံစာအပြည့်အစုံကို ဖတ်ရန် PDF ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

 

အဓိကဖြစ်ရပ်အသေးစိတ်

အခင်းဖြစ်ပွားသည့်နေရာ - ‌ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံတိုင်ပင်ကျေးရွာ [22.880079, 95.456016] အင်ပင်ကျေးရွာ [22.882550, 95.463489]

 

ဖြစ်ပွားသည့်ရက်စွဲ/အချိန်- ၂၀၂၂ခုနှစ် မေလ  ၁၀ ရက် - ၁၄ရက်

 

စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု- မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၇၀၈

 

သုံးသပ်ချက်များ

 

  • အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ဆက်နွှယ်နေသည့် စစ်သားတစ်ဦး၏ ဖုန်းမှ ဓာတ်ပုံများနှင့်ဗီဒီယိုများကို နေရာသတ်မှတ်အတည်ပြုရာ မုံတိုင်ပင်ရွာဟုအတည်ပြုသည်M

  • Myanmar Witness သည် ဓာတ်ပုံများနှင့် ပုံများထဲမှဆက်စပ်မှုများကို တည်ဆောက်ရန် ဖြစ်ရပ်များဖြစ်ပွားချိန်ကို သတ်မှတ်ရန်၊ ပြသထားသောပုဂ္ဂိုလ်များကိုခွဲခြားသတ်မှတ်ရန် အတွက် ဗီဒီယိုများ၊ ရုပ်ပုံများနှင့် ဒေတာအသေးစားများစွာကို Myanmar Witness မှ အပြန် အလှန်ကိုးကားစစ်ဆေးထားသည်။


  • ဤစုံစမ်းစစ်ဆေးမှုသည် မြန်မာစစ်တပ်နှင့် အရပ်သားများကို ကွပ်မျက်ခြင်းကြား ရှင်းလင်း ပြတ်သားသော ဆက်စပ်မှုကိုပြသနေသည်။

  • စစ်သားဝတ်စုံများ၊ တံဆိပ်များ၊ လက်နက်စတစ်ကာများနှင့် လက်နက်များသည် ခမရ ၇၀၈ မှဖြစ်ကြောင်းပြသသည်။

  • မုံတိုင်ပင် ဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းခံထားရသော အရပ်သားများ၏ အနီးပတ် ဝန်းကျင်တွင် ခမရ ၇၀၈ မှ စစ်သားများကိုတွေ့ရသည်။

  • ခမရ ၇၀၈မှ တပ်သားများသည် ကွပ်မျက်ပြီး လည်ချောင်းလှီးဖြတ်ထားသော အရပ်သားများနှင့် ဓာတ်ပုံတွဲရိုက်ထားသည်။

  • ပုံးတကားအထက်တန်းကျောင်းတွင် တပ်စွဲထားသော ခမရ ၇၀၈ မှ စစ်သားများက လည်ချောင်း လှီးဖြတ်၍ အနည်းဆုံးလူငါးဦးကို သတ်ဖြတ်ခဲ့သည်ဟုဆိုထားသည့် ဗီဒီယိုဖိုင်ကို Myanmar Witness က မှတ်တမ်းတင်ခဲ့သည်။

     

 

အဓိကအချက်အလက်များ

၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် မုံတိုင်ပင်ရွာနှင့် အင်ပင်ရွာ၊ ရေးဦးမြို့နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ရွာသား ၂၇ ဦးကို စစ်သားများက ကွပ်မျက်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်ယာဉ်တန်းများရွေ့လျားသွားလာမှုကို Myanmar Witness ကခြေရာခံခဲ့သည်။ ၎င်းတို့၏လှုပ်ရှားမှုသည် နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ချေမှုန်းရန်အတွက် မကြာခဏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် မီးရှို့မှုများပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီလိုလားသော လှုပ်ရှား မှုများကိုအဓိကထားသည်။

 


ပုံ- မုံတိုင်ပင်ရွာ၏ တည်နေရာကို ညွှန်ပြသောမြေပုံ

 

စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် အဆိုပါနေရာတွင် ညအိပ်ရပ်နားပြီးနောက် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Radio Free Asia (RFA) က ဖော်ပြခဲ့သည်။ ရွာသားအများစုသည် စစ်တပ်မရောက်လာမီက ထွက်ပြေးခဲ့ကြသည်ဟု ဆိုထားသည်။ အလောင်းတချို့ တွင် သေနတ်ဒဏ်ရာ များ တွေ့ခဲ့သည်ဟု RFA က ဆိုသည်။ အလောင်းအများအပြားကို မမှတ်မိနိုင်လောက်အောင် မီးရှို့ခံ ခဲ့ရသည်။ သို့သော်လည်း ဖော်ထုတ်နိုင်သူများသည် ဒေသခံကျေးရွာများမှ နေထိုင်သူများဖြစ်သည်။

 

ပုံ- ဖမ်းဆီးခံထားရသော အရပ်သားများအားတွေ့ရပုံနှင့် အနည်းဆုံး လက်နက်ကိုင်ခုနစ်ဦး၏ သက်သေခံအထောက်အထားများ။

  

မုံတိုင်ပင်ဒေသတွင် စစ်တပ်တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အခိုင်အမာပြောဆိုမှုများအပြီးတွင် Myanmar Witness သည် ထိုဖြစ်ရပ်များကို စောင့်ကြည့်လေ့လာ နေခဲ့ပြီး စစ်သားတဦး၏ဖုန်းမှတဆင့်သတင်း၊ ဓာတ်ပုံနဲ့ ဗီဒီယိုများကို သိမ်းဆည်းရမိခဲ့သည်ဟု RFA က ထုတ်ပြန်ခဲ့သည်။ Myanmar Witness မှ စစ်ဆေးအတည်ပြုထားသောရုပ်ပုံများနှင့် ၎င်းတို့၏မက်တာ ဒေတာများသည် ခမရ ၇၀၈ အဖြစ်အတည်ပြုကာ သတ်မှတ်ထားသော စစ်သားအုပ်စုတစ်စု၏ လှုပ်ရှားမှုများကို အတိုချုံးဖော်ပြသည့် အချိန်ဇယားကိုဖော်ပြပါသည်။

 

Myanmar Witness သည် ဓာတ်ပုံများနှင့် ပုံများထဲမှဆက်စပ်မှုများကို တည်ဆောက်ရန် ဖြစ်ရပ်များ ဖြစ်ပွားချိန်ကိုသတ်မှတ်ရန်၊ ပြသထားသောပုဂ္ဂိုလ်များကို ခွဲခြားသတ်မှတ်ရန်အတွက် ဗီဒီယိုများ၊ ရုပ်ပုံများနှင့် ဒေတာအသေးစားများစွာကို Myanmar Witness မှ အပြန်အလှန်ကိုးကားစစ်ဆေး ထားသည်။ ဤစုံစမ်းစစ်ဆေးမှုသည် မြန်မာစစ်တပ်နှင့် အရပ်သားများကို ကွပ်မျက်ခြင်းကြား ရှင်းလင်း ပြတ်သားသော ဆက်စပ်မှုကိုပြသနေသည်။  ရုပ်ပုံများတွင် အရပ်သားများကို မြေပြင်ပေါ် တွင်ထိုင်ခိုင်း ကာ လက်နှစ်ဖက်ကိုကျောတွင်ချည်နှောင်ထားသည်ကို မြင်တွေ့ရသည်။ အခြားပုံများတွင်မူ အရပ်သား များကို သေဒဏ်ပေးသည့်ပုံစံဖြင့် ၎င်းတို့၏လည်ချောင်းများကို ဖြတ်တောက်ထားသည်ကို မြင်တွေ့ရသည်။

 

 

ပုံ- စစ်သား၏ဖုန်းထဲမှ ကွပ်မျက်ခံရသော အရပ်သားများ၏အလောင်းများပေါ်တွင် စစ်သားများ ရပ်နေကိုပြသသည့် ဓာတ်ပုံများ။ ပုံများကို မနှစ်မြို့ဖွယ်ရာ အခြေအနေများကြောင့် Myanmar Witness မှ မှုန်ဝါးထားခြင်းဖြစ်သည်။

 

ကျူးလွန်သူနှင့် ကျူးလွန်ခံရသူများကြား ဆက်စပ်မှုအား စစ်သားများက မှတ်တမ်းတင်ထားပြီး RFA မှ တင်ထားသည့် ဗီဒီယိုဖိုင်တွင် စစ်သားများက လည်ချောင်းလှီး၍ လူများကိုသတ်ခဲ့ကြောင်း ဝန်ခံထားပြီး ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်ရန် ကြံရွယ်ထားကြောင်းဖော်ပြသည်။ Myanmar Witness သည် မုံတိုင်ပင်ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံထားရသော အရပ်သားများ၏ပုံနှင့် (ပုန်းတကား)အထက်တန်းကျောင်း စစ်သားများ၏ ဗီဒီယိုဖိုင်ကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြု ဖော်ထုတ် နိုင်ခဲ့သည်။

 

 

ပုံ- [ဘယ်ဘက်] လူတစ်ဦးချင်းသတ်ဖြတ်ခြင်းအကြောင်းပြောနေသည့် စစ်သားများ၏ ဗီဒီယိုနောက်ခံ။ ဤပုံကို Myanmar Witness မှ ပြောင်းလဲထားပြီး အဆောက်အဦးများ၏ တိကျသောနောက်ခံ အပြင်အဆင်ကိုထင်ဟပ်စေရန် ပုံကိုပြန်လှန်ကြည့်ရှုထားပါသည်။ [ညာဘက်] ၂၀၂၂ခုနှစ် အပ်ဒိတ်မှ Google Earth ဂြိုလ်တုပုံရိပ်။ အနီရောင်အကွက်သည် နောက်ခံတွင်မြင်ရသော အဆောက်အအုံကို ပြသနေပြီး လိမ္မော်ရောင်အကွက်သည် SAC တပ်ဖွဲ့များအခြေစိုက်ရာနေရာကို ပြသသည်။

 

 

ပုံ- [ဝဲဘက်] Khit Thit Media မှ တင်ထားသည့် စစ်သားတစ်ဦးရိုက်ကူးသည့် ဗီဒီယိုဖိုင်၏ နောက်ခံတွင် မြင်ရသည့် အဆောက်အအုံများကို ပြထားသည့်ပုံ။ (ယာဘက်) ဤနေရာကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုထားသည်။

 

ပုံ- အင်တာနက်မှကူးယူဖော်ပြသော ပုံးတကားအထက်တန်းကျောင်း၏ ပုံရိပ်များ။

 

 

ပုံ- Myanmar Witness က ဗီဒီယိုကို အဆောက်အဦနှစ်ခုကြားတွင် ရိုက်ယူထားသည်ဟု ယုံကြည် ပါသည်။

  

စစ်သားများ၏ ဝတ်စားဆင်ယင်မှုနှင့် လက်နက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင်တာဝန်ရှိသည့် ခမရ ၇၀၈ ကို Myanmar Witness မှဖော်ထုတ်ခဲ့သည်။ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ လက်မောင်းတံဆိပ်များကို စစ်သားများ၏ပျောက်ကျားဝတ်စုံတွင် မြင်တွေ့ ရပြီး တပ်ရင်းအား လက်နက်စတစ်ကာများအားဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ထို့အပြင် လူတစ်ဦးချင်းစီ သယ်ဆောင်လာသည့် လက်နက်များသည် အထူးတပ်ဖွဲ့တစ်ခုမှဖြစ်နိုင်ပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွင် မြန်မာစစ်တပ်၏ ပါဝင်မှုကိုထောက်ပံ့ပေးနေကြောင်းပြသသည်။



ပုံ- စစ်သားများ၏ မျက်နှာများကို ကိုးကားရန်အတွက်အသုံးပြုသည့် စစ်သား၏ဖုန်းတွင်တွေ့ရှိရသည့် ဓာတ်ပုံများထဲမှ ဓာတ်ပုံ ၁၄၃ ပုံ၏ ရွေးချယ်မှု။

  

ယခင်ကတပ်မတော်လိုလားသော ပြည်သူ့စစ်သင်တန်းများနှင့် ချိတ်ဆက်ခဲ့ဖူးသော ဗုဒ္ဓဘာသာအမျိုး သားရေးဝါဒီ ဆရာတော်၊ မဘသ အမျိုးသားရေးဝါဒီ ရဟန်းတော်များပါတီတွင် အကြီးတန်းပုဂ္ဂိုလ် လည်းဖြစ်သည့် ဦးဝသဝတို့နှင့်အတူ မှော်တော်နှင့်ကျွန်းလယ်ကျေးရွာတွင်ရှိသည့် ခမရ (၇၀၈)မှ စစ်သားများအား Myanmar Witness မှ စုံစမ်းစစ်ဆေးခဲ့သည်။

 

ပုံ- မုံတိုင်ပင်အသတ်ခံရမှုနှင့် ဆက်နွှယ်နေသည့် ခမရ ၇၀၈ မှ စစ်သားများနှင့်အတူ ဦးဝါသဝအား ပန်းစီးပေးအပ်ခြင်းအခမ်းအနားတွင် မြင်တွေ့ရသည်။


ပုံ- [ဝဲဘက်] ဦးဝါသဝကိုစစ်တပ်နှင့်အတူတွေ့ရပုံ။ [ညာဘက်] ဦးဝါသဝမှ စစ်သားများအား မိန့်ခွန်းပြော ခြင်း။ သတင်းရင်းမြစ်

 

ဤစုံစမ်းစစ်ဆေးမှုသည် မြန်မာစစ်သားများ၏ သဘောထားနှင့် ဒီမိုကရေစီလိုလားသော အင်အားစု (PDF) သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပံ့ပိုးကူညီသည်ဟုယူဆရသော ကျေးရွာများကို ‌နောင်တကင်းမဲ့စွာတိုက်ခိုက်ခြင်းအတွက် အထောက်အထားများကို ပြသသည်။ ယင်းသည် 'သွေးဆာနေကြခြင်း' အစီရင်ခံစာတွင် Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာထားသော ရေစ ကြိုမြို့နယ်၊ မင်းရွာကို စစ်သားများကတိုက်ခိုက်သည့် ဗီဒီယိုဖိုင်တွင် ပိုမိုကျယ်ပြန့်သော ဖြစ်ရပ်လမ်းကြောင်းကို ထင်ဟပ်စေသည်။ စစ်တပ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိကျေးရွာများကို အကြမ်းဖက် တိုက်ခိုက်မှုအများအပြားနှင့် ဆက်စပ်နေပြီး မုံတိုင်ပင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စစ်တပ်မှကျူးလွန်သည့် အရပ်သားများအပေါ် အကြမ်းဖက်မှု၏ နမူနာတစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့် Myanmar Witnessသည် ၎င်းတို့၏လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်နေပါသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page