top of page

ရန်ကုန်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို လုံထိန်းရဲများက နှောင့်ယှက်ခြင်း

Myanmar Witness

2 Mar 2023

Report Published:

5.png
4.png
3.png

ရန်ကုန်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို လုံထိန်းရဲများက နှောင့်ယှက်ခြင်း


Myanmar Witness

 ၂၀၂၃ခုနှစ် မတ်လ ၂ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်


အစီရင်ခံစာ ၂- အာဏာသိမ်းပြီးနောက် ရဲနှင့် စစ်တပ်က လူပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း

 

အဓိကဖြစ်ရပ်အသေးစိတ်

  • အခင်းဖြစ်ပွားရာတည်နေရာ- စမ်းချောင်းမြို့နယ်၊ ရန်ကုန် [16.803814, 96.135186]။

 

  • ဖြစ်ပွားသည့်နေ့/အချိန်- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

 

  • စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု- တပ်ရင်း ၂၆ မှလုံထိန်းများ

 

  • စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-

  • ရန်ကုန်ရှိ ဆေးဘက်ဆိုင်ရာအလုပ်သမားများအား နှောင့်ယှက်နေသည့် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၏ ဗီဒီယိုဖိုင်ကို Myanmar Witnessမှ အတည်ပြုခဲ့သည်။

  • အရပ်သားတစ်ဦး၏ လည်ပင်းကို ဖမ်းဆွဲထားပြီး ဆေးဝန်ထမ်းတစ်ဦး၏မျက်နှာကို ပန့်ပစ်သေနတ် တစ်လက်ဖြင့်တိုက်ရိုက်ချိန်ရွယ်ထားသည်။ လူပုဂ္ဂိုလ်များကိုလည်း ဖမ်းဆီးထိန်း သိမ်းခဲ့သည်။

  • ယခုဖြစ်စဉ်တွင် လုံထိန်းရဲများ အပါအဝင် တပ်ရင်း ၆မှ အရာရှိများ ပါဝင်ပတ်သက်ကြောင်း Myanmar Witness က စစ်ဆေးခဲ့သည်။

 

စီမံကိန်း၏အဓိကအချက်အလက်များ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလများတွင် လူတစ်ဦးချင်းစီအပေါ် ရဲနှင့် စစ်တပ်က အကြမ်းဖက်သည့် ဗီဒီယိုဖိုင်ကို Myanmar Witness က မှတ်တမ်းတင်ပြီး အတည်ပြုခဲ့သည်။ ဤအစီရင်ခံစာ အသေးစားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် သီးခြားဖြစ်ရပ်ငါးခုကို မှတ်တမ်းတင်ထားသည်။

 

လေ့လာမှုများတွင် ရဲနှင့် တပ်မတော်သားများသည် လက်နက်မဲ့လူတစ်ဦးချင်းစီအား ရိုက်နှက်ခြင်းများကို တွေ့ရှိရကြောင်း၊ ဆေးဘက်ဆိုင်ရာ အလုပ်သမားများအား နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းနှင့် ယုတ်ညံ့သောပြုမူမှုဖြင့် ထိခိုက်စေခြင်းတို့ကို တွေ့ရသည်။ အရပ်ဝတ် ဝတ်ထားသောသူများနှင့် ရဲတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းလုပ်ဆောင်သည့် အကြမ်းဖက်မှု အထောက်အထားတွေကိုလည်း ပြသထားသည်။ ဗီဒီယိုဖိုင်တွင် ရာထူးအဆင့်နှင့် အဆောင်အယောင်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လုံထိန်း (အဓိကရုဏ်းလုံခြုံရေးတပ်ဖွဲ့)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စစ်သားများနှင့် ခြေမြန်တပ်ရင်း (၁၀၁) မှ စစ်သားများတွင် တာဝန်ရှိကြောင်း ထည့်သွင်းတွက်ချက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဖြစ်စဉ်နှစ်ခုတွင် အဆင့်လိုက်ရဲအရာရှိများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ 

 

ဤစီးရီး၏ဒုတိယအစီရင်ခံချက်တွင် ရန်ကုန်ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား နှောင့်ယှက်နေသည့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များ၏ ဗီဒီယိုဖိုင်ကို  Myanmar Witness က အတည်ပြုထားသည်။ လူတစ်ဦးကို ဖမ်းဆီးထားပြီး အရပ်သားတစ်ဦး လည်ပင်းကို ဖမ်းဆွဲကာ ဆေးဝန်ထမ်းတစ်ဦး၏ မျက်နှာကို ပန့်ပစ်သေနတ်တစ်လက်ဖြင့် တိုက်ရိုက်ချိန်ရွယ်ထားသည်။ ယင်းဖြစ်စဉ်တွင် လုံထိန်းရဲများ အပါအဝင် တပ်ရင်း ၂၆ မှ အရာရှိများ ပါဝင်ပတ်သက်ကြောင်း  Myanmar Witness က စစ်ဆေးခဲ့သည်။

 

ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု နမူနာများကို ၎င်းတို့ ပေါ်ပေါက်လာချိန်မှစ၍ နှစ်နှစ်ကြာ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လုံးလုံးလျားလျား ပြီးပြည့်စုံမှု မရှိပါ။ မြောက်ဥက္ကလာပပဲခူးနှင့် လှိုင်သာယာတို့တွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အစီရင်ခံစာများစွာတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည့် အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ နှောင့်ယှက်မှုဆိုင်ရာ အခြားဖြစ်ရပ်များအပါအဝင် မကြယ်စင် (အိန်ဂျယ်) နှင့် ဒေါ်တင်နွဲ့ရီ အပါအဝင် အမျိုးသမီးဆန္ဒပြသူ အများအပြားသေဆုံးခဲ့သည့်ဖြစ်ရပ်များကို Myanmar Witness က မှတ်တမ်းတင်ထားသည်။

 

စုံစမ်းထောက်လှမ်းမှုများအား လေ့လာခြင်း 

Myanmar Witness သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ဖော်ပြသည့် အသုံးပြုသူမှ ဖန်တီးထားသော အကြောင်းအရာ (UGC) နှင့် သတင်းအစိတ်အပိုင်းများစွာကို စုဆောင်းခဲ့သည်။

 

ပုံအများစုကို ပဒုမ္မာအားကစားကွင်း အနောက်ဘက်ခြမ်းရှိ ပဒုမ္မာလမ်း 16.803472၊ 96.134389 ဝန်းကျင်တွင် ရိုက်ကူးခဲ့သည်။ နေ့ခင်းဖက်တွင် အချိန်များစွာအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ထိုနေရာတွင် အရပ်သားများကို နှောင့်ယှက်ဖမ်းဆီး ထိန်းသိမ်းမှုများ မကြာခဏ ပြုလုပ်သည်ကို တွေ့မြင်ရသည်။

 

 

ပုံ 1- ဆန္ဒပြတည်နေရာ၏ အသေးစိတ်မြေပုံ။

 

ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်း

ဧရာဝတီ၏ တွစ်တာနှင့် ဝဘ်ဆိုက်တွင် တင်ထားသည့် ပုံများစုစည်းမှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ အလုပ်သမားများကို နှောင့်ယှက်နေသည်ကို တွေ့နိုင်သည်။ ပုံ ၂ ၏ အောက်ခြေညာဘက်တွင် ရဲသားတစ်ဦးသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းကို သေနတ်ဖြင့် ချိန်ရွယ်နေသည်။

 

ပုံ 2- 16.803472, 96.134389 ဝန်းကျင်တွင် ရဲများက ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို နှောင့်ယှက်မှု (Source: Irrawaddy)။ Myanmar Witness မှ မျက်နှာများကို မှုန်ဝါးထားသည်။

 

ရဲအရာရှိသည် ဆေးဝန်ထမ်းအား ပန့်ပစ်သေနတ်တစ်လက်ကို ချိန်ရွယ်ထားသည်။ သေနတ်စတော့၏ အဆုံးတွင် ထူးခြားသောရော်ဘာပြားတစ်ခုပါရှိပြီး ၎င်း၏အရွယ်အစားပေါ်မူတည်၍ ၎င်းသည် 12 gauge barrel (18.5mm) ကိုတပ်ဆင်ထားပုံပေါ်သည်။ မသေစေသော အဝိုင်းများဖြင့် သီးသန့်တပ်ဆင်ထားသော်လည်း ထိုကဲ့သို့သော အနီးကပ်အကွာအဝေးနှင့် မျက်လုံးအဆင့်တွင် ထိခိုက်မှုမှာ သေစေနိုင်သည်။

 


 

ပုံ 3- (အပေါ်) ပုံ 2 ရှိ သေနတ်၏ အနီးကပ်ပုံ။ (အောက်ခြေ)- Human Rights Watch (HRW ဓာတ်ပုံ) မှ ပန့်ပစ်သေနတ်တစ်လက်၏ ဓာတ်ပုံ။

 

ဧရာဝတီမှတင်ထားသည့် အခြားပုံများတွင် ရဲအရာရှိတစ်ဦးသည် အရပ်ဝတ်နှင့် အမျိုးသမီးတစ်ဦးကို လည်ပင်းကိုဖမ်းဆွဲထားသည် (ပုံ 4) အရပ်သားများကို ထိန်းသိမ်းထားသည် (ပုံ 5)။

 

ပုံ (4) ရဲတပ်ဖွဲ့သည် အရပ်သား အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဖမ်းထားသည် (Source: Irrawaddy)။

 

ပုံ 5- ရဲများက အရပ်သားများကို ဖမ်းဆီးခြင်း

 

Myanmar Witness မှ အနီးနားရှိ နေရာများမှ စုဆောင်းထားသော အခြားပစ္စည်းများဖြင့် ပုံများကို အပြန်အလှန် ကိုးကား၍ ပဒုမာအားကစားကွင်း အနောက်ဘက်ခြမ်းရှိ ပဒုမ္မာလမ်း [16.803472, 96.134389] ဟု အတည်ပြုခဲ့ပါသည်။ ဥပမာအားဖြင့် Myanmar Witness မှ အတည်ပြုထားသော ဗီဒီယိုတစ်ခုတွင် တူညီသော မီးစက်ပုံစံနှင့် ခေါင်မိုး (ပုံ 6) ကို တွေ့မြင်နိုင်သည်။


 

ပုံ 6- Myanmar Witnessမှ ဓာတ်ပုံများ၏ ပထဝီဝင်နေရာအတည်ပြုခြင်း။

 

တွစ်တာအသုံးပြုသူတစ်ဦးမှ တင်ထားသည့် တည်နေရာတစ်ခုတည်းမှ ပုံအများအပြားတွင် ရဲတပ်ဖွဲ့သည် လူတစ်ဦးချင်းစီ ပိုမိုဖမ်းဆီးသည့် အခြေအနေဖြစ်သည် (ကိုယ်ရေးကိုယ်တာဆိုင်ရာ စိုးရိမ်မှုများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)။ ပုံ 7 (အနီကွက်) တွင် အဖမ်းခံရသည့် အမျိုးသမီးကို ဧရာဝတီက ထုတ်ပြန်သည့် ပုံများတွင်တွေ့ရသည်- သူမ ထိန်းသိမ်းမခံရမီ ဆေးဘက်ဆိုင်ရာ အလုပ်သမားများနှင့်အတူ ရပ်နေခဲ့သည်။


ပုံ (7) (ဝဲ) အမျိုးသမီး အဖမ်းခံရခြင်း။ (ယာ) ဆေးလုပ်သားများအနီးတွင် ရပ်နေသော ဧရာဝတီမှ တင်ထားသည့် ဓာတ်ပုံများတွင် အဖမ်းခံရသည့် အမျိုးသမီးကို တွေ့မြင်နိုင်သည်။ (သတင်းအရင်းအမြစ်-ဧရာဝတီ)။

 

အလားတူ အမျိုးသမီးကို Frontier Myanmar မှတင်ထားသည့်ပုံများတွင်တွေ့ရပြီး ဧရာဝတီမှ ထုတ်ပြန်သည့် ပုံများတွင် ဆေးဘက်ဆိုင်ရာ အလုပ်သမားများနှင့်အတူ ရပ်နေသော အခြားလူအများအပြားကို မြင်တွေ့ခဲ့ရသည် (ပုံ 8)။

 

ပုံ 8- အမျိုးသမီးဖမ်းဆီးခံရမှု နောက်ထပ်ပုံများ (သတင်းရင်းမြစ်- Frontier Myanmar)။

 

ပွင့်လင်းမြင်သာသော သတင်းအချက်အလတ်တစ်ခုတည်းဖြင့် Myanmar Witness သည် ပုံတွင်ဖော်ပြထားသော လူတစ်ဦးချင်းစီ၏ အဖြစ်အပျက်ကို အတိအကျ မဖော်ထုတ်နိုင်ခဲ့ပါ။ ယင်းဒေသတွင် ဆန္ဒပြမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု အခိုင်အမာဆိုသည်။ သို့သော် အဆိုပါလူများသည် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခြင်း ရှိ၊ မရှိ မသိရသေးပေ။

 

ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သော ဆန္ဒပြပွဲများကို တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ပြီးနောက် Myanmar Now သတင်းထောက် ကေဇွန်နွယ် အထိန်းသိမ်းခံနေရသည့် ဓာတ်ပုံများကို ဖေဖော်ဝါရီ ၂၇ ရက်က ဖော်ပြခဲ့သည်။ Myanmar Now နှင့် Frontier နှစ်ခုလုံးမှ ထုတ်ပြန်သည့်ပုံများတွင် ရဲများက သူမကို ဖမ်းဆီးထားသည် (ပုံ ၉)။ Myanmar Now ၏ အဆိုအရ ကေဇွန်နွယ်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် လွတ်မြောက်ခဲ့သည်။

 

 

ပုံ ၉ - Myanmar Now သတင်းထောက် ကေဇွန်နွယ်ကို ဖမ်းဆီးထိန်းသိမ်းခြင်း။ (Source: Myanmar Now and Frontier)။


ပါဝင်သူများ - လုံထိန်းတပ်ရင်း ၂၆ နှင့် ရဲအရာရှိအဆင့်

ယင်းဖြစ်ရပ်တွင်ပါဝင်သည့် အရာရှိများ၏ယူနီဖောင်းကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ၎င်းတို့အား လုံထိန်း (အဓိကရုဏ်းလုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင်များအဖြစ် Myanmar Witness က ဖော်ထုတ်နိုင်ခဲ့သည်။ ဥပမာအားဖြင့် အမှုထမ်းများ၏ ညာဖက်လက်မောင်းတွင် မြင်နေရသည့် တံဆိပ်သည် လုံထိန်းအဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြပြီး ၎င်းတို့၏လည်ပင်းတွင် ချည်ထားသည့် အနီရောင်ပဝါများက နောက်ထပ် သက်သေဖြစ်သည် (ပုံ 10)။ အနီရောင်လည်စီးပေါ်တွင် အပြာရောင်အဝိုင်းသည် တပ်ရင်းအမှတ်- ၂၆ ကိုဖော်ပြသည်။

 

ပုံ 10- တပ်ရင်း ၂၆ ကို ဖော်ထုတ်ရန် အသုံးပြုသည့် လူမှုမီဒီယာတွင် ထုတ်ပြန်ထားသည့် အနီးကပ်ပုံများ။

 

Myanmar Witness မှ စုဆောင်းထားသည့် ဗီဒီယိုဖိုင်တွင် လုံထိန်းအမှုထမ်းများ၏ အပြုအမူနှင့် လုပ်ဆောင်ပုံများသည်အခင်းဖြစ်ပွားရာနေရာရှိ အရာရှိများကခွင့်ပြုထားကြောင်း ဖော်ပြသည်။ ဥပမာအားဖြင့် ဧရာဝတီကတင်သည့် ပုံတစ်ပုံတွင် ကြယ်သုံးပွင့် ရဲမှူးတစ်ဦး ရှိနေသည် (ပုံ ၁၁ တွင် တွေ့ရသည့် အဝါရောင်အကွက်) ကို‌ဖော်ပြသည်။

 

 

ပုံ 11- ရဲအရာရှိ၏ ပခုံးပေါ်တွင် ရာထူးအဆင့်ကိုဖော်ပြသော လက်မောင်းတံဆိပ်။ Wikipedia ပုံများမှ ကူးယူဖော်ပြသော ရဲတပ်ဖွဲ့၏ လက်မောင်းတံဆိပ်များ။

 

နိဂုံးနှင့် အနာဂတ်ကို စောင့်ကြည့်လေ့လာခြင်း

ဤဥပမာသည် ရန်ကုန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာများနှင့် လက်နက်ကိုင်ရဲများ၏ နှောင့်ယှက်မှုများမှာ ထင်ရှားသည်။ လူတစ်ဦးကို ဖမ်းဆီးထားပြီး အရပ်သားတစ်ဦး လည်ချောင်းကို ဖမ်းဆွဲကာ ဆေးဝန်ထမ်းတစ်ဦး၏ မျက်နှာကို ပန့်ပစ်သေနတ်တစ်လက်ဖြင့် တိုက်ရိုက်ချိန်ရွယ်ထားသည်။ အဆိုပါဖြစ်စဉ်များတွင် ကြယ်သုံးပွင့်ရဲမှူးတစ်ဦးအပါအဝင် တပ်ရင်း ၂၆ မှ လုံထိန်ပါဝင်ပတ်သက်မှုရှိကြောင်း Myanmar Witness မှ စိစစ်ခဲ့သည်။

 

ဤအသေးစားအစီရင်ခံချက်သည် ရဲနှင့်စစ်တပ်သည် လူတစ်ဦးချင်းစီကို နှောင့်ယှက်ခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် သီးခြားဖြစ်ရပ်ငါးခုကို မှတ်တမ်းတင်ထားသည်။ ဤဥပမာများသည် လုံးလုံးလျားလျားမဟုတ်သော်လည်း အာဏာသိမ်းမှုကိုပုန်ကန်သူများအား နှိမ်နင်းရန်အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့များအသုံးပြုသည့် အကြမ်းဖက်နည်းဗျူဟာများစွာကို မှတ်တမ်းတင်ထားသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page