top of page

White Coats ဆန္ဒပြပွဲတွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ

Myanmar Witness

28 Feb 2023

Report Published:

5.png
4.png
3.png

White Coats ဆန္ဒပြပွဲတွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ

 

 ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင်  အစီရင်ခံစာထုတ်ပြန်သည်။


အစီရင်ခံစာ ၁- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုများ (အစီရင်ခံစာတွဲ)

 

အဓိကဖြစ်ရပ်အသေးစိတ်

  • အခင်းဖြစ်ပွားရာတည်နေရာ- ရန်ကင်းမြို့နယ်, ရန်ကုန်မြို့ [16.832556, 96.167556]

  •  ဖြစ်ပွားသည့်ရက်စွဲ/အချိန်- ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်

  •  စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-


    - မြန်မာနိုင်ငံရဲတပ်ဖွဲ့


    - လုံထိန်း တပ်ရင်း ၁


    - လုံထိန်း တပ်ရင်း ၅


  • စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-

  • ဖေဖော်ဝါရီလ ၂၈ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့၌ ပြုလုပ်သည့် အင်္ကျီဖြူ ဆန္ဒပြပွဲတွင် ရန်ကုန်တက္ကသိုလ်များမှ ဆရာဝန်၊ သူနာပြုများနှင့် ကျောင်းသား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့သည်။

  • Myanmar Witness သည် ဒရုန်းရိုက်ကူးမှုများနှင့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုများ အပါအဝင် ဤဖြစ်ရပ်မှ ဗီဒီယိုနှင့် ရုပ်ပုံပေါင်း ၃၀ ကျော်ကို အပြည့်အဝ စစ်ဆေးအတည်ပြုထားပါသည်။ ဤအစီရင်ခံစာအတွင်း ပါဝင်သော (သို့မဟုတ်) ကိုးကားထားသော အကြောင်းအရာအားလုံးကို အခြားနည်းဖြင့် မဖော်ပြထားပါက အပြည့်အဝ အတည်ပြုပါသည်။

  • အဆိုပါ ဗီဒီယိုများနှင့် ပုံများကို အသုံးပြု၍ Myanmar Witness သည် ဖေဖော်ဝါရီလ ၂၈ ရက် ၀၈၂၀ နာရီနှင့် ၀၉၀၅ နာရီကြားတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ၏ အသေးစိတ်ကို ပြန်လည်တည်ဆောက်ထားသည်။

  • ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ နှင့် အသံဗုံးများဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွင်းကြောင်း တွေ့ရှိရသည်။

  • ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို ရဲထရပ်ကားများပေါ်သို့ တင်နေသည်ကိုလည်း တွေ့မြင်ရသည်။

 

စီမံကိန်း၏အဓိကအချက်အလက်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) သည် ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းရန် တရားမျှတသော တရားစီရင်မှုဆိုင်ရာ အခွင့်အရေးများကို လစ်လျူရှု့ခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ထုတ်ပြန်ချက်အရ အဆိုပါတုံ့ပြန်မှုအများစုသည် တရားဥပဒေစိုးမိုးရေးကို မလေးစားဘဲ (သို့မဟုတ်) နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို အလေးမထားပဲ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်သည်ဟုဆိုသည်။

 

ဤဖြစ်ရပ်များသည် ရန်ကင်း၊ တာမွေ၊ မြောက်ဥက္ကလာပနှင့် လမ်းမတော်တို့တွင် ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ် မတ်လအစောပိုင်းတို့တွင် သီးခြားဖြစ်ရပ်လေးခုကို မှတ်တမ်းတင်ထားသည်။ ပထမအစီရင်ခံစာ ၃ စောင်တွင် ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခံရမှုများပါဝင်ပြီး စတုတ္ထအကြိမ်တွင် ရပ်ရွာလူထုများအား အစုလိုက်အပြုံလိုက် ချုပ်နှောင်မှု ဖြစ်စဉ်အပြင် အလားတူနယ်မြေအတွင်း လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများ ပါဝင်သည့် ဖြစ်ရပ်တို့ပါဝင်သည်။

 

Myanmar Witness ၏ စုံစမ်းစစ်ဆေးမှုသုံးခုမှ တစ်ခုစီတွင် လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ ဖြစ်ရပ် သုံးခုစလုံးတွင် ဆန္ဒပြမှုများသည် ငြိမ်းချမ်းစွာဆန္ဒပြမှုလွဲ၍ အခြားသက်သေပြရန် အထောက်အထား မတွေ့ရပေ။ Myanmar Witness သည် ဆန္ဒပြသူများအား ဖမ်းဆီးခြင်းအပါအဝင် ဖြစ်ရပ်များ၏ အသေးစိတ်အချိန်ဇယားနှင့် မြေပုံကိုရေးဆွဲရန်အတွက် အပိုင်းများစွာကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး ဆက်စပ်ပြုလုပ်ထားသည်။ လက်ပစ်ဗုံးများ၊ မျက်ရည်ယိုဗုံးများနှင့် ကျည်ဆန်များကို ဆန္ဒပြသူများအား အသုံးပြုခဲ့သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ ရန်ကင်းတွင် ပြုလုပ်ခဲ့သော အင်္ကျီဖြူ ဆန္ဒပြပွဲအား ရန်ကုန်တက္ကသိုလ်များမှ ဆရာဝန်၊ သူနာပြုများနှင့် ကျောင်းသားထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ဆန္ဒပြသူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၎င်းသည် ဆိုရှယ်မီဒီယာသို့ အပ်လုဒ်တင်ထားသည့် open source user-generated content (UGC) အပိုင်း ၃၀ ကျော်ကို ပေါင်းစပ်ခြင်းဖြင့် အဖြစ်အပျက်များ၏ အသေးစိတ်ပြန်လည်တည်ဆောက်မှုကို ပံ့ပိုးပေးသည်။

 

အစုလိုက်အပြုံလိုက် ချုပ်နှောင်ခြင်းဆိုင်ရာ စံနမူနာများသည် ၎င်းတို့ပေါ်ပေါက်လာချိန်မှစ၍ နှစ်နှစ်ကြာ အထင်ကရတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းသည် ပြီးပြည်စုံခြင်းမရှိသေးပါ။ Myanmar Witnessသည် အရပ်သားလွတ်လပ်ခွင့်များဆုံးရှုံးခြင်းကို ဆက်လက် စောင့်ကြည့်နေပါသည်။

 

အဖြူရောင်ကုတ်အင်္ကျီဆန္ဒပြပွဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်တွင် ရန်ကုန်ရှိတက္ကသိုလ်များမှ ဆရာဝန်၊ သူနာပြုနှင့် ကျောင်းသားထောင်ပေါင်းများစွာက 'အင်္ကျီဖြူ' ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ချီတက်ဆန္ဒပြမှု ရပ်တန့်နေချိန်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြမှု၏နောက်ဖက်မှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

 

ပုံ- သပိတ်နယ်မြေ၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ် [16.83347296.172028]။ အနီရောင်မျဉ်းသည် ဖြိုခွင်းမှုဖြစ်ပွားသည့် ဧရိယာကိုဖော်ပြသည်။

 

Myanmar Witness မှ အတည်ပြုထားသော ဗီဒီယိုဖိုင်တွင် ဆန္ဒပြသူ ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း သိရသည်။ ဒီတစ်ရက်တည်းမှာ လူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဧရာဝတီက ဖော်ပြသည်။



 

ပုံ- (၀၂:၀၁) ဒရုန်းဗီဒီယိုဖိုင်မှ ဖမ်းယူထားသည့် အဝါရောင်အင်္ကျီဝတ်ထားသော (အနီရောင်စတုဂံပုံဖြင့် ပြထားသည်) ရဲများရှေ့သို့ ချီတက်နေပုံကို ပြသထားသည်။ အိမ်ရာဝင်း (အပြာရောင်မြှား) နဲ့ မြောက်ဘက်လမ်းကျဉ်းမှာ ဆန္ဒပြသူတွေကိုတွေ့နိုင်ပါတယ်။

 

Myanmar Witness သည် 08:20 နှင့် 09:05 နာရီအတွင်း ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို တိကျစွာ ပြန်လည်တည်ဆောက်နိုင်စေရန် ဒရုန်းရိုက်ကူးမှုများနှင့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုများ အပါအဝင် ရှုထောင့်မျိုးစုံမှဗီဒီယိုများနှင့် ပုံပေါင်း၃၀ကျော်ကို အပြည့်အဝစစ်ဆေးအတည်ပြုထားပါ သည်။ အခြားဖော်ပြထားခြင်းမရှိပါက အကြောင်းအရာအားလုံးကို အပြည့်အဝအတည်ပြုပါ သည်။

  

Myanmar Witness သည် ဆိုရှယ်မီဒီယာတွင် တင်ထားသော အတည်ပြုထားသော ဗီဒီယိုအများအပြား ကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဆန္ဒပြမှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။



 

ပုံ- ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့  ရန်ကင်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ ခြုံငုံသုံးသပ်ချက်။ တည်နေရာ - 16.83347296.172028

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ဖြစ်ပွားခဲ့သော ကုတ်အကျီဖြူဆန္ဒပြပွဲအတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ အပြည့်အစုံဖတ်ရှုရန် အင်္ဂလိပ်ဘာသာ PDF ကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

 

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page