top of page

ထန်တလန်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကို မြန်မာလေတပ်မှလေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း

Myanmar Witness

17 Mar 2023

Report Published:

5.png
4.png
3.png

 

ထန်တလန်တွင်  ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကို မြန်မာလေတပ်မှလေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း

 

Myanmar Witness

၂၀၂၃ခုနှစ် မတ်လ ၁၇ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

ထန်တလန်တွင် စစ်မြေပြင်အဖြစ် ပြန်လည်အသက်ဝင်လာခြင်း

 

အဓိကဖြစ်ရပ်အသေးစိတ်

အခင်းဖြစ်ပွားရာတည်နေရာ- ထန်တလန်၊ ချင်းပြည်နယ် [22.689766,93.428483]။


ဖြစ်ပွားသည့်နေ့/အချိန်- ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၉ရက်နှင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့ ဖြစ်ပွားသောဖြစ်ရပ်များ


စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

  • မြန်မာ့လေတပ် (MAF)၊

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)

  • ချင်းအမျိုးသားတပ်မတော် (CNA)၊

  • ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)၊

 

စုံစမ်းစစ်ဆေးရေးအကျဉ်းချုပ်

  • ထန်တလန်မြို့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ (CDF နှင့် CNA) နှင့် SAC တို့ကြား လူသိများသော ခုခံနယ်မြေဖြစ်သည်။

  • ထန်တလန်တွင် နှစ်လတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများနှင့် မြေပြင်တိုက်ပွဲများအပါအဝင် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

  • Myanmar Witness သည် နှစ်လတာကာလ ထိုဧရိယာအတွင်း မီးခိုးများကိုပြသသည့် ဗီဒီယိုဖိုင် များ၊ CDF အခြေစိုက်စခန်းဖျက်ဆီးမှု၊ ရဲစခန်းနှင့်လေယာဉ်များ ဖျက်ဆီးခံရမှုများကို စိစစ်ခဲ့ သည်။

  • Myanmar Witness သည် နောက်ထပ်လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ခိုက်မှုများဆိုင်ရာ အခိုင်အမာဆိုချက်များကို စိစစ်ဖော်ထုတ်ခဲ့ပြီး လက်ရှိတွင်အတည်မပြုနိုင်သေးပေ။

 

အနှစ်ချုပ်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)၏ အဆိုအရ 'တိလင်စစ်ဆင်ရေး' ကိုစတင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် ထန်တလန်မြို့ရှိ SAC အခြေစိုက်စခန်း များကိုပစ်မှတ်ထားပြီး CDF-ထန်တလန်နှင့် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ နှစ်လကြာ စစ်ဆင်ရေးအတွင်း ဖြစ်ရပ်များကို Myanmar Witness မှ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။ စစ်ဆင်ရေးအတွင်း ထန်တလန်မြို့နယ်တစ်ခုတည်းတွင် SAC တပ်ဖွဲ့ဝင် ၂၀ ဦးကျဆုံးခဲ့ပြီး လူခြောက်ဦးဖမ်းဆီးရမိခဲ့ပြီး သေနတ်အလက် ၅၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း ချင်းဂျာနယ်က ဖော်ပြခဲ့သည်။

 

ထန်တလန်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း အစီရင်ခံစာ အများအပြားတွင်ဖော်ပြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့နှင့် CNA/CDF-ထန်တလန် ပူးပေါင်းတပ်ဖွဲ့တို့အကြား မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် CNA နှင့် CDF-ထန်တလန် ပူးပေါင်းတပ်ဖွဲ့တို့က SAC တပ်ဖွဲ့များ စခန်းချရာနေရာကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ထိုဒေသတွင် မြန်မာလေတပ် (MAF) တိုက်လေယာဉ်များ အများအပြားတွေ့ခဲ့ရသည်။ 2023 ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် အိန္ဒိယနယ်စပ်အနီးရှိ CDF ၏ဌာနချုပ် (Camp Victoria) သည် MAF လေကြောင်းတိုက်ခိုက်မှုတွင် ထိမှန်ခဲ့သည်။ ၎င်းကို Myanmar Witness မှ စုံစမ်းစစ်ဆေးပြီး အတည်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်အတွင်းရှိ မြို့နယ်လေးခုတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာခဲ့သော်လည်း Myanmar Witness မှအပြည့်အဝ အတည်မပြုနိုင်သေးပေ။

 

တည်နေရာ

 

ပုံ 1- [ဝဲ] မြန်မာနိုင်ငံရှိ ထန်တလန်မြို့တည်နေရာ။ [ညာဘက်] လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့သော ထန်တလန်မြို့နှင့် CNA ဌာနချုပ်တည်နေရာကို ပင်ထောက်ပြထားသော ချင်းပြည်နယ်၏မြေပုံ။

 

စုံစမ်းမှု၏ အချိန်သတ်မှတ်မှုပြုလုပ်ခြင်းအားတင်ပြခြင်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ၏ အဆိုအရ တိလင်စစ်ဆင်ရေး ကို စတင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးတွင် ထန်တလန်မြို့ရှိ SAC အခြေစိုက်စခန်းကိုပစ်မှတ်ထားပြီး CDF-ထန်တလန်နှင့် CNA ပူးပေါင်းတပ်ဖွဲ့များပါဝင်ခဲ့သည်။ ယင်းကြောင့် နောက်နှစ်လအတွင်း SAC တပ်ဖွဲ့များနှင့် ပူးတွဲကာကွယ်ရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့သည်။


 

၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၀ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်

ထန်တလန်တွင် CNA/CDF-ထန်တလန်ပူးပေါင်းတပ်ဖွဲ့များက SAC တပ်များစခန်းချရာနေရာကို တိုက်ခိုက်ပြီးနောက် SAC တပ်ဖွဲ့များနှင့် CNA/CDF-ထန်တလန်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ချင်းဂျာနယ်က ပြောကြားထားသည်။

ချင်းဂျာနယ် သတင်းရင်းမြစ်တစ်ခုအရ SAC မှလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သုံးရက်ကြာတိုက်ပွဲအတွင်း CNA/CDF-ထန်တလန်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ ကြောင်းနှင့် SAC ဘက်မှအသေအပျောက် အတည်ပြုချက်မလုပ်ကြောင်း သိရသည်။


 

ပုံ 2- တောင်တန်းကောက်ကြောင်းများနှင့် အဆောက်အဦများ၏ပုံကိုအသုံးပြု၍ ထန်တလန်တွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက် ဗီဒီယိုကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။ [22.703113, 93.427096]။

 

ပုံ 3- ၂၀၂၃ ဇန်န၀ါရီလ ၁ ရက်နေ့ ထန်တလန်တွင် မီးလောင်မှုပြသသည့် FIRMS ပုံရိပ်များ [22.703113, 93.427096]။

 

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၅ရက်

SAC လေကြောင်းတိုက်ခိုက်မှုအပြီး ထန်တလန်မြို့နယ်တွင် အရပ်သားနေအိမ် ၃ လုံး မီးလောင်သွားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ဤအရာကို Myanmar Witness (ပုံ 5)အရ အတည်ပြုခဲ့သည်။ ထန်တလန်၌ထိုနေ့တွင်ပင် နောက်ထပ်လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် ပြောကြားမှုများလည်းရှိသည်။


 

ပုံ 4- ထန်တလန်မြို့နယ်ရှိ လူနေအိမ်သုံးလုံး မီးလောင်သွားခဲ့သော ဇန်နဝါရီ ၅ ရက်ကအခိုင်အမာ ပြောကြားထားသည့်SAC လေကြောင်းတိုက်ခိုက်မှု၏ နေရာကိုအတည်ပြုခြင်း [22.709912, 93.426436]။

 

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၀ရက်နှင့် ၁၁ရက်

ဗစ်တိုးရီးယားစခန်းရှိ CDF အခြေစိုက်စခန်းကို SAC လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ Myanmar Witness သည် 'မြန်မာစစ်တပ်မှ ဗစ်တိုးရီးယားစခန်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်း' ဖြစ်ရပ်အပေါ် စိစစ်၊ စုံစမ်းစစ်ဆေးပြီး အကျယ်တဝင့် အစီရင်ခံစာ ထုတ်ဝေခဲ့သည်။

 

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၆၊ ၇၊ ၈၊ ၂၁ နှင့် ၂၃ ရက်

SAC သည် ဇန်န၀ါရီလ ၆ ရက်နေ့တွင် မင်းတပ်မြို့နယ်ကို မြေပြင်တပ်ဖွဲ့ဝင်များကို လေကြောင်း တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားများကိုပစ်သတ်ခဲ့ကာ နေရာရွှေ့ပြောင်းခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးငယ်များပါဝင်သည်ဟု ဆိုသည်။ ဘာသာရေးအဆောက်အအုံများ နှင့် အိမ်များမီးလောင် ပျက်စီးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၇၊ ၈၊ ၂၁ နှင့် ၂၃ ရက်တို့တွင် မင်းတပ်မြို့နယ်တွင် နောက်ထပ်လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၁ရက်

SACရဟတ်ယာဉ်နှစ်စင်း ထန်တလန်မြို့တွင်ဆင်းသက်စဉ် ဒရုန်းဖြင့်ပစ်လွှတ်သောဗုံးများ ထိမှန်ခဲ့ပြီး CNA/CDF-ထန်တလန်ပူးပေါင်းတပ်ဖွဲ့မှ SAC တပ်ဖွဲ့ဝင်ခြောက်ဦးအား ထန်တလန်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသည်။ Khit Thit Media မှ ထုတ်ပြန်သည့် ဒရုန်းတိုက်ခိုက်မှုများနှင့် ဆက်စပ်နေသည်ဟု ယူဆရသည့်ဓာတ်ပုံများကို Myanmar Witness (ပုံ ၅) တွင် နေရာသတ်မှတ်အတည်ပြုခဲ့သည်။

 

ပုံ 5- ထန်တလန်တွင်ဆင်းသက်စဉ် SAC ရဟတ်ယာဉ်နှစ်စင်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဒရုန်းဖြင့်မှ ဗုံးထိမှန်ခဲ့ကြောင်း Khit Thit Media မှ အစီရင်ခံတင်ပြခဲ့သည် [22.689705, 93.427958]

 

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၃ရက်မှ ၉ရက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အတွင်း ရဲစခန်းတစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များစွာက ဖော်ပြခဲ့သည်။ ထန်တလန်မြို့ရှိ SAC အခြေစိုက်စခန်းနှင့် ရဲစခန်းတစ်ခုအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း အခြားမီဒီယာများနှင့်အတူ ချင်းဂျာနယ်က အခိုင်အမာဆိုသည် (ပုံ ၆ ကိုကြည့်ပါ)။ Myanmar Witness သည် အဖြစ်အပျက်များ၏ နေ့စွဲကို အတည်မပြုနိုင်ပါ။ သို့သော်လည်း ပျက်စီးသွားသော အဆောက်အဦးများ၏ ဗီဒီယိုဖိုင်ထဲမှ နယ်မြေရဲစခန်းကိုနေရာသတ်မှတ်အတည်ပြုခဲ့ သည်။

 

ဒေသစံတော်ချိန် ၂၂:၀၀ ခန့်တွင် CNA/CDF ပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းအား တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ MRTV မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တင်ပြခဲ့သည် (ကိုယ်ရေးကိုယ် တာအချက်အလက်များကို ကန့်သတ်ချက်ကြောင့် ထုတ်နှုတ်ထားသည်)။ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ၂နာရီအချိန်ခန့်တွင် အဆိုပါအဆောက်အဦးအား ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့သည်ဟုဆိုပြီး ရဲများသည် ရဲစခန်းကိုစွန့်ခွာကာ ထန်တလန်၏တောင်ဘက်ရှိ SAC စခန်းသို့ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။


ရဲစခန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိခဲ့ကြောင်း CDF မှ ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ အလားတူ ချင်းပြည်နယ်သတင်းထောက်တစ်ဦးမှ ထုတ်ပြန်သည့် ဗီဒီယိုတစ်ခု တွင်လည်း ရဲစခန်းအား CNA/CDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသည်ဟု ဆိုထားသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒေသစံတော်ချိန် ၀၁း၀၀ အချိန်တွင် ရဲစခန်းကို ဝင်ရောက်စီးနင်းပြီး နောက် CNA ပြန်ကြားရေးအရာရှိ ဆလိုင်းထက်နီက G3 လောင်ချာ အပါအဝင် လက်နက်ငယ် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။ (ပုံ ၈) သိမ်းဆည်းရမိသည့် လက်နက်အများ အပြားကို ရဲတပ်ဖွဲ့ဝင်ပစ္စည်းများနှင့် ကိုက်ညီသည့်ပုံစံများအဖြစ် Myanmar Witness က ဖော်ထုတ်နိုင် ခဲ့သည်။

 

ပုံ 6- ထန်တလန်မြို့ရှိ SAC အခြေစိုက်စခန်းနှင့် ရဲစခန်းအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်သည့် တည်နေရာပြဗီဒီယိုများ [22.702645, 93.426122]။


ပုံ ၇- ထန်တလန်မြို့နယ် ရဲစခန်းမြေပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

 

ပုံ ၈- ထန်တလန်ရှိ ရဲစခန်းကိုတိုက်ခိုက်စဉ် CDFမှ သိမ်းဆည်းရမိခဲ့သည်ဆိုသည့် လက်နက်ပုံများ။

 

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်

ဒေသစံတော်ချိန် ၀၄:၀၀ မှ ၀၉:၀၀ နာရီအတွင်း SAC သည် ထန်တလန်မြို့နယ်ရှိ ဖြစ်နိုင်ခြေရှိသော CNA/CDF တည်နေရာများကို ၁၅ကြိမ် (ပုံ ၉)ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အခိုင်အမာဆိုသည်။ ဤတိုက်ခိုက်မှုများတွင် အသုံးပြုသည့် လေယာဉ်ဟု ယူဆရသည့် Chin Journal မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် Yak-130 တစ်ခုတည်း (သို့မဟုတ်) အများအပြားပြန်သန်းမှုနှင့် Yak-130s အများအပြားကို ပြသထားသော်လည်း ယင်းဗီဒီယိုတွင် လေကြောင်းတိုက်ခိုက်မှုကိုမပြသပါ။ ဗီဒီယိုဖိုင်ထဲမှ အမြောက်တစ်ခုကအလွတ်ဖြစ်နေချိန်မှာ အမြောက်တစ်ရုံက လက်နက်မျိုးစုံကို တပ်ဆင်ထားတာဖြစ်ပြီး ဗွီဒီယိုမရိုက်ခင်မှာ လက်နက်တွေကို အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ အကြံပြု ထားပါတယ်။ ယင်းဗီဒီယိုဖိုင်ကို Myanmar Witness က အတည်မပြုနိုင်သေးပေ။



 

ပုံ 9- ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဗုံးခွဲမှုတွင်ပါဝင်ပတ်သက်သည်ဟု ပြောဆိုထားသောလေယာဉ်

 

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်

ဒေသစံတော်ချိန် ၁၅:၀၀နာရီခန့်တွင် SAC သည် ထန်တလန်တွင် တိုက်လေယာဉ်နှစ်စင်းနှင့် Mi-17 ရဟတ်ယာဉ်နှစ်စင်းတို့ဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ဆိုကြသည်။ ရဟတ်ယာဉ်များအနက်မှ တစ်စီး ဆင်းသက်နေစဉ် CNA/CDF ပူးပေါင်းတပ်ဖွဲ့များက ၎င်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ်က မီးခိုးများထွက်လာပြီး ဟားခါးဘက်ကို ပျံသန်းသွားပါတယ်။ Myanmar Witness သည် အဖြစ်အပျက်၏ တည်နေရာကိုမှတ်တမ်းတင်နိုင်ခဲ့သည်။(အသေးစိတ်အချက် အလက်များအတွက် ပုံ ၁၀ တွင်ကြည့်ပါ)။

 

ပုံ 10- ထန်တလန်မြို့သို့ ရိက္ခာတင်ဆောင်လာသောရဟတ်ယာဉ်တစ်စင်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း အခိုင်အမာဆို သည်။

 

'တိလင်စစ်ဆင်ရေး'

SAC နှင့် CDF/CNA ပူးပေါင်းတပ်ဖွဲ့များကြား နှစ်လကြာအကြာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် CDF မှသတင်းထုတ်ပြန်ခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ၂၂:၀၀ နာရီတွင် 'တိလင်စစ်ဆင်ရေး' ကို စတင်ခဲ့ကြောင်းဖော်ပြပါရှိသည်။ အဆိုပါစစ်ဆင်ရေးတွင် ထန်တလန်မြို့ရှိ SAC အခြေစိုက်စခန်းကို ပစ်မှတ်ထားပြီး CDF-ထန်တလန်နှင့် CNA ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။ ယင်းကြောင့် နောက်နှစ်လအတွင်း SAC တပ်ဖွဲ့များနှင့် ပူးတွဲကာကွယ်ရေးတပ်ဖွဲ့များကြား ထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါတို့ပါဝင်သည်။

 

  • ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် SAC နှင့် ရဲတပ်ဖွဲ့တို့စခန်းချရာ ထန်တလန်မြို့မရဲစခန်းအနီးတွင် နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။

  • ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲစခန်းအနီးရှိ နေအိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့သည်။

  • ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် CDF/CNA ပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းအား တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်တွင် အဆောက်အဦးကိုသိမ်းပိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၅၀ ခန့်အား လက်နက် ၄၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

  • စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၆၀အတွင်း CDF အဖွဲ့ဝင်လေးဦးနှင့် CNAအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ သည်။

  • ထန်တလန်မြို့မရဲစခန်းသိမ်းပိုက်ထားစဥ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစတင်၍ ထန်တလန်မြို့ကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း SAC မှ ပြောကြားခဲ့သည်။

  • ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ SAC လေယာဉ်သည် ထန်တလန်မြို့နယ်တွင် အကြိမ် ၉၆ ကြိမိကျော် တိုက်ခိုက်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်အပြည့်အစုံကို ပုံ 11 တွင်တွေ့မြင်နိုင်ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် ဖြစ်ရပ် များကိုအတည်ပြုခြင်းမပြုသော်လည်း တင်ပြထားသောအချက်အလက်များသည် Myanmar Witness မှ စိစစ်ထားသော ဖြစ်ရပ်များ၏အချိန်ဇယားကို များစွာပံ့ပိုးပေးသည်။

 

ပုံ 11- CDF မှ ထုတ်ပြန်ထားသော တိလင်စစ်ဆင်ရေး


အနာဂါတ်တွင် စောင့်ကြည့်လေ့လာမှုများ

CDF နှင့် CNA တို့သည် ထန်တလန်တွင် SAC တည်ရှိမှုကိုခုခံရန် စစ်ဆင်ရေးများစတင်ခဲ့ပြီး မြေပြင်တိုက်ပွဲများဖြစ်ပွားခဲ့ကာ လေကြောင်းမှတိုက်ခိုက်မှုများလည်းဖြစ်ပွားခဲ့သည်။ SAC သည် ချင်း ပြည်နယ်ထန်တလန်နှင့် အခြားမြို့နယ်များအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မြေပြင် ထိန်းချုပ်မှုဆုံးရှုံးသွားသဖြင့် လေကြောင်းမှတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။ ရလဒ်မှာ ထန်တလန်မြို့သည် အရပ်သားများအတွက်နေထိုင်စရာမရှိတော့ပေ။ ထန်တလန်မြို့ကို ထိန်းချုပ်ရန် တိုက်ပွဲသည် အစောပိုင်းကာလများကပင် တိုက်ပွဲများဖြစ်ပွားနေပြီး သေဆုံးသူဦးရေသည်ဆက်လက်မြင့်တက်နေပါတယ်။ Myanmar Witness သည် ခုခံနယ်မြေများ၊ လေကြောင်းတိုက်ခိုက်မှု များနှင့် ဆက်စပ်ချိုးဖောက်မှုများနယ်မြေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။

 

အတိုကောက်များ

CDF ချင်းကာကွယ်ရေးတပ်ဖွဲ့

 

CNA ချင်းအမျိုးသားတပ်မတော်

 

MRTV မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

 

SAC နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 

MAF မြန်မာလေတပ်

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page