top of page

အထိန်းအကွပ်မဲ့သတ်ဖြတ်ခြင်းများ

Myanmar Witness

1 Dec 2022

Report Published:

5.png
4.png
3.png

အထိန်းအကွပ်မဲ့သတ်ဖြတ်ခြင်းများ

Myanmar Witness


၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အစီရင်ခံစာထုတ်ဝေသည်။

၂၀၂၁ စက်တင်ဘာလမှ ၂၀၂၂ စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုင်ရာ အထောက်အထားများ


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် မကြာခဏ ရက်စက်ကြမ်းကြုတ်သော နည်းပရိယာယ်များဖြင့် နိုင်ငံတဝှမ်းတွင် ၎င်း၏ ထိန်းချုပ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။ PDF အဖွဲ့များ တက်ကြွစွာ လှုပ်ရှားသည့် စစ်တပ်အာဏာသိမ်းမှုကို ခုခံသည့် နယ်မြေများရှိ ဒေသခံလူထုအား လက်တုံ့ပြန်သည့် ပုံစံမှာတသမတ်တည်းရှိပါသည်။


၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ဖြစ်စဉ်ခုနစ်ခုနှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်များကို Myanmar Witness (MW) မှ စုံစမ်းစစ်ဆေးပြီး စိစစ်အတည်ပြုခဲ့သည်။ သေဆုံးသူ အယောက်၂၀သည် အသက် ၁၈နှစ်အောက်များဖြစ်သည်။ ဤအစီရင်ခံစာတွင် ဖော်ပြထားသည့် ဖြစ်ရပ်ခုနစ်ခုသည် မြန်မာစစ်တပ်၏ အသွင်အပြင်ကို ရှင်းလင်းစွာဖော်ပြသည်။


ပုံ- ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း Myanmar Witness မှ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အစုံ စစ်ဆေးအတည်ပြုထားသော ဤအစီရင်ခံစာပါ ဖြစ်ရပ်များကို ဖော်ပြထားသော မြန်မာနိုင်ငံမြေပုံ။ သေဆုံးသူအရေအတွက်မှာ မျက်မြင်သက်သေများနှင့် တရားဝင်အစီရင်ခံစာများမှ အရေအတွက်များအတိုင်းဖြစ်သည်။


အဆိုပါ သတ်ဖြတ်မှုသည် အနီးပတ်ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လှုပ်ရှားမှုအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့များက လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။ PDF တပ်ဖွဲ့များ လှုပ်ရှားသည့် ဒေသများရှိ ကျေးရွာများကို စီးနင်းတိုက်ခိုက်ခြင်း (သို့မဟုတ်) ဒေသတွင်းရှိ စစ်တပ်များကို PDFမှ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ၎င်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဤအစီရင်ခံစာတွင် မြန်မာစစ်တပ်မှ ကျူးလွန်သည်ဟုစွပ်စွဲထားသော တရားလက်လွတ် သတ်ဖြတ်ခြင်းဆိုင်ရာ သီးခြားအစီရင်ခံစာခုနစ်ခုကို Myanmar Witness၏ စိစစ်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့တွင် အောက်ပါအစီရင်ခံချက်များပါဝင်သည်-


- မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သာတွင် သေဆုံးသူ ၁၈ ဦး၊ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ (တစ်စိတ်တစ်ပိုင်းအတည်ပြုပြီး)

- စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ်၊ဒုန်းတောတွင် သေဆုံးသူ ၁၁ ဦး၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (အပြည့်အစုံစစ်ဆေးပြီး)

- ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်၊ မိုဆိုအနီး သေဆုံးသူ ၃၅ ဦး၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (အပြည့်အစုံစစ်ဆေးပြီး)

- စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးတွင် သေဆုံးသူ ၆ ဦး၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (အပြည့်အစုံစစ်ဆေးပြီး)

- ရေယို၊ လွိုင်ကော်မြို့နယ်တွင် သေဆုံးသူ ၆ ဦး၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (အပြည့်အစုံစစ်ဆေးပြီး)

- စစ်ကိုင်းတိုင်းဒေသကြီး မုန်တိုင်းပင်တွင် သေဆုံးသူ ၃၇ ဦး၊ ၂၀၂၂ခုနှစ်၊ မေလ (အပြည့်အစုံစစ်ဆေးပြီး)

- စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကန်ဖျားတွင် သေဆုံးသူ ၆ ဦး၊ ၂၀၂၂ခုနှစ်၊ ဇွန်လ (အပြည့်အစုံစစ်ဆေးပြီး)


ဤစာရင်းသည် ဤအချိန်ဘောင်အတွင်းရှိ နိုင်ငံအတွင်း၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (သို့မဟုတ်) အကြမ်းဖက်မှုအားလုံး မဟုတ်ကြောင်း သတိပြုရန်အရေးကြီးပါသည်။ ဤအစီရင်ခံစာ တွင်ပါဝင်သော ဥပမာများသည် Myanmar Witness မှ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အ၀ စိစစ်ပြီးဖြစ်သည်။


မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ သေဆုံးသူများသည် အရပ်သားများ (သို့မဟုတ်) (အမှုနှစ်ခုတွင်) အရပ်သားများဖြစ်ပြီး ရွာများကို တိုက်ခိုက်ခြင်းမှကာကွယ်ရန် စောင့်ဆိုင်းနေသော လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အရပ်သားလူအချို့ဖြစ်သည်။ နယ်ခြားစောင့်တပ်မှ အမှုတွဲတစ်ခုမှလွဲ၍ Myanmar Witness မှ စစ်ဆေးခဲ့သော အလောင်းများအားလုံးသည် အရပ်ဝတ် ၀တ်ဆင်ထားသည်။ အများစုမှာ လက်နက်မဲ့ ဖြစ်သည်ဟုဆိုသည်။ သတ်ဖြတ်မှုများနှင့် ဆက်စပ်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တပ်မတော်နှင့်ဆက်စပ်မှုမရှိသော လက်နက်များကို မြင်တွေ့ရသည်။ ဖြစ်စဉ်သုံးခုတွင် သေဆုံးသူများမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) များဖြစ်ကြောင်း သိရသည်။


ပုံ- အခင်းဖြစ်ပွားရာနေရာရှိ သုံးစွဲထားသော ယမ်းတောင့်အစုအဝေးတစ်ခု။ ထုပ်ပိုးမှု၏ အနီးကပ်ပုံတွင် “ကာကွယ်ရေးပစ္စည်းစက်ရုံများတွင် ထုတ်လုပ်သည့် စာသားကိုပြသထားသည်။


အသတ်ခံရသူ အများအပြားသည် ရက်စက်စွာ ဒဏ်ရာများရရှိကာ လက်ကိုချည်နှောင်ထားကာ အချို့သော ဖြစ်ရပ်များတွင် အလောင်းများသည် မှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်းသွားခဲ့သည်။ မြန်မာစစ်သားတစ်ဦး၏ ဖုန်းထဲတွင် တွေ့ရှိရသည့်ဗီဒီယိုဖိုင်တွင် လည်ချောင်းလှီးဖြတ်၍ သေဆုံးခဲ့ရသူအရေအတွက်ကို ပြန်ရေတွက်ရင်း ၎င်းတို့ကဂုဏ်ယူ နေကြသည်။


အမှုခြောက်ခုမြောက်တွင် တိုက်ခိုက်မှုများသည် အမျိုးသားများနှင့်ယောက်ျားလေးများကို ပစ်မှတ်ထားပုံပေါ်သည်။ သေဆုံးသူအများစုမှာ အမျိုးသားများဖြစ်သည်။ Myanmar Witness မှ စစ်ဆေးအတည်ပြုထားသည့် အလောင်းများမှာ အမျိုးသားများဖြစ်သည်။ သတ္တမမြောက် ဖြစ်ရပ်တွင် အမျိုးသမီး၊ ကလေးများနှင့် ကယ်ဆယ်ရေးလုပ်သားများ ထိခိုက်သေဆုံးမှုတွင် ပါဝင်ခဲ့သည်။


ဖြစ်စဉ်ခုနစ်မှုအနက်ခြောက်မှုတွင် အသတ်ခံရသူများသည် စစ်တပ်က ၎င်းတို့အသတ်ခံရ သည့်အချိန်က ဖမ်းဆီးထားခဲ့သည်ဟု သတင်းရရှိပြီးဖြစ်သည်။ ဖြစ်ရပ်နှစ်ခုတွင် အခင်းဖြစ်ပွားရာ နေရာ၌ လူတစ်ဦးချင်း (သို့မဟုတ်) အလောင်းများကို ကြိုးဖြင့်ချည်နှောင်ထားသည့် ဗီဒီယိုဖိုင်ကို Myanmar Witness မှ စစ်ဆေးခဲ့သည်။ အခြားအမှု ၃ မှုတွင် အလောင်းများအား ကြိုးချည်ထားခြင်း ရှိမရှိကို ပြင်းထန်စွာမီးလောင်ခဲ့ခြင်းကြောင့် ထင်သာမြင်သာစွာခွဲခြားမရနိုင်ကြောင်း ဒေသခံများနှင့် ရင်ခွဲစစ်ဆေးခြင်းဆိုင်ရာ သက်သေအထောက်အထားများအရ သိရသည်။ ဆဋ္ဌမကိစ္စတွင်၊ Myanmar Witness မှစစ်ဆေးပြီးသောဗီဒီယိုသည် အရပ်သားများ၏ နောက်ကျောကို ပစ်သတ်ခံရ သည်ဟုတိုသည့် မျက်မြင်သက်သေများ၏ အစီရင်ခံစာများနှင့် ကိုက်ညီပါသည်။


ပုံ- BGF အဖွဲ့ဝင်များဟု စွပ်စွဲခံရသူများသည် ဘရိတ်ဆီပုလင်းနှင့် ကျောနောက်တွင် ကြိုးဖြင့်ချည်ထားသည်ဟုထင်ရကာ ပစ်သတ်၍လဲကျနေသောပုံများ။ ခရစ်စမတ်ည မိုဆိုတွင်အသတ်ခံရခြင်းဖြစ်ရပ် လေ့လာမှု


ဖြစ်စဉ်လေးခုတွင် Myanmar Witness မှ စစ်ဆေးထားသော ရုပ်အလောင်းများတွင် ကျည်ဆန်ဒဏ်ရာများအပါအဝင် ပြင်းထန်သောဒဏ်ရာများကို ပြသထားသည်။ အခြားသော ဖြစ်ရပ်သုံးခုတွင် မျက်မြင်သက်သေများမှပြောကြားခြင်းနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အလောင်းများကို စစ်ဆေးရာတွင် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသော်လည်း ရရှိနိုင်သော ဗီဒီယိုဖိုင်များကို စစ်ဆေးခဲ့ပါသည်။ သို့သော် အဆိုပါအစီရင်ခံစာများကို အတည်ပြုခြင်းပြုလုပ်ရန် ကြိုးစားရာတွင် ရုပ်အလောင်းများမှာ ဆိုးရွားလွန်းစွာ မီးလောင်နေခဲ့ သည်။


ပုံ- Triple Two PDF အဖွဲ့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအစိုးရထံ အစီရင်ခံသည့် ဒုန်းတောဖြစ်စဉ်မှ သေဆုံးသူများ၏ အမည်များ။


အခင်းဖြစ်ပွားမှု ခြောက်မှုမြောက်တွင် အလောင်း (သို့မဟုတ်) အဆောက်အအုံများ (နေအိမ်၊ စိုက်ပျိုးရေး အဆောက်အအုံနှင့် IDPS ခိုလှုံရာ သာသနာရေးဝင်းအပါအဝင်)နှင့် အသတ်ခဲ့ရသည့်နေရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် မော်တော်ယာဉ်များမီးလောင်ခဲ့ ကြောင်း Myanmar Witness က အတည်ပြုခဲ့သည်။ ၎င်းသည် Myanmar Witness၏ Burning Myanmar နှင့် Myanmar Witness' Fire Map တွင် မှတ်တမ်းတင်ထားသည့်အတိုင်း မြန်မာနိုင်ငံရှိ အသိုက်အဝန်းများအား မီးလောင်ကျွမ်းမှုဖြစ်စဥ်များနှင့် ကိုက်ညီပါသည်။


ပုံ- လမ်းမပေါ်ရှိ သီးခြားမီးလောင်မှုပြ ပွိုင့်များ၏ဒရုန်းပုံများ၊ တစ်ခုစီသည် မီးခိုးများထွက်နေသည်။ ခရစ်စမတ်ည မိုဆိုတွင်အသတ်ခံရခြင်း ဖြစ်ရပ်လေ့လာမှု။


ဖြစ်ရပ်တစ်ခုမှ ဗီဒီယိုဖိုင်တွင် စစ်သားတစ်စုသည် အရပ်ဝတ်ဖြင့်အမျိုးသားများကို ဖမ်းဆီးထားသည်။ ထို့နောက် အလားတူစစ်သားများသည် အလောင်းများပေါ်တွင်ရပ်နေပြီး 'ဒါဇင်ပေါင်းများစွာသောလူများကို ရက်စက်စွာသတ်ဖြတ်ခြင်း' အကြောင်းကို ကြွားလုံးထုတ်နေ သည်ကိုမြင်တွေ့ရသည်။ ဒုတိယဖြစ်ရပ်တွင် မြန်မာစစ်ဘက်ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုပ်ပိုးထားသော စံပြစစ်ရိုင်ဖယ်များနှင့် ကိုက်ညီမှုရှိရှိ အသုံးပြုထားသော ခဲယမ်းမီးကျောက်ပုံ များကို Myanmar Witness မှ စစ်ဆေးအတည်ပြုခဲ့ပါသည်။ အခြားကိစ္စများတွင်၊ အတည်ပြုထားသော ဗီဒီယိုသည် တပ်မတော်၏ ပါဝင်ပတ်သက်မှု၏ Myanmar Witness၏ မှတ်တမ်းများနှင့် ထိုအချိန်ကနယ်မြေအတွင်း စစ်ရေးစစ်ဆင်ရေးများ၏ အစီရင်ခံစာများနှင့် ကိုက်ညီပါသည်။


ပုံ- ကွပ်မျက်ခံရသော အရပ်သားများ၏ အလောင်းများပေါ်တွင် ရပ်နေသောစစ်သားများ။ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် Myanmar Witness မှ မှုန်ဝါးနေသည့်ပုံများ။ မုန်တိုင်းပင်ဖြစ်ရပ်လေ့လာမှု။


ပုံ- အထိန်းသိမ်းခံ အမျိုးသားများ၏ ဗီဒီယိုဖိုင်ရှိပုံများနှင့် တစ်ဦးချင်းစီပုံများတွင် ကိုက်ညီမှုရှိကြောင်းညွှန်ပြခြင်း။ မျက်နှာအင်္ဂါရပ်များသည် ပုံများတစ်လျှောက်တွင် တူညီသော်လည်း ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့် မှုန်ဝါးထားသည်။ ထပ်ဆင့်ခွဲခြမ်းစိတ်ဖြာရန်အတွက် မုန်တိုင်းပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ Myanmar Witness ၏ ရှေ့လာမည့်အစီရင်ခံစာကို ကြည့်ပါ။



အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်မှုများသည် မကုန်ခမ်းဘဲဖြစ်နေခြင်းသည် မြန်မာစစ်တပ်၏ အသွင်အပြင်ကိုထိုးထွင်းသိမြင်စေသည်။ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို နောက်ထပ်အထောက်အထားများ ပံ့ပိုးပေးထားပြီး ၎င်းကကောက်ချက်ချရာတွင် '၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းပြီး ကတည်းက အရပ်သားများအပေါ် စနစ်တကျတိုက်ခိုက်မှု '... " လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ ... နှင့် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ" အပါအဝင်၊ မြန်မာနိုင်ငံတွင်ရာဇ၀တ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည်ဟူသော လုံလောက်သော ညွှန်ပြချက်များရှိပါသည်။


Myanmar Witnessသည် စစ်တပ်မှ သတ်ဖြတ်ခြင်းများကို အတိအကျဖော်ပြနိုင်ခြင်း မရှိသော်လည်း စစ်ဆေးထားသည့်ဗီဒီယိုဖိုင်များနှင့် စစ်တပ်က ပါဝင်ပတ်သက်နေသည်ဟုဆိုသည့် မျက်မြင်သက်သေများ၏ မှတ်တမ်းများနှင့် ကိုက်ညီပါသည်။ ဤတိုက်ခိုက်မှုတွေကြောင့် အရပ်သားများ တခဲနက်ထိခိုက်ခံစားခဲ့ရပြီး သေဆုံးဒဏ်ရာရသူတွေထဲတွင် အမျိုးသမီးများ၊ ကလေးများ၊ စစ်ပြေးဒုက္ခသည်များနှင့် အကူအညီပေးရေး လုပ်သားများလည်း ပါဝင်ပါတယ်။


ပြင်းထန်စွာသေဆုံးမှုနှင့် မီးကိုအသုံးပြုခြင်းသည် စုံစမ်းစစ်ဆေးမှုအများအပြားတွင် တွေ့ရှိလာခဲ့သည်။ Myanmar Witnessသည် မြန်မာနိုင်ငံအတွင်း အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ဆက်လက်စောင့်ကြည့်မည် ဖြစ်သည်။


ပိုမိုသိရှိလိုပါက အင်္ဂလိပ်ဘာသာအစီရင်ခံစာ PDF ကို ဒေါင်းလုဒ်လုပ်ပါ။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page