top of page

စစ်ကိုင်းတွင် မီးကိုလက်နက်သဖွယ်အသုံးပြုခြင်း

Myanmar Witness

17 Nov 2022

Report Published:

5.png
4.png
3.png

စစ်ကိုင်းတွင် မီးကိုလက်နက်သဖွယ်အသုံးပြုခြင်း


Myanmar Witness

၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျီစုကျေးရွာတွင် နေအိမ်များ၊ဆိုင်ကယ်များနှင့် အလောင်းများ မီးရှို့ခံရခြင်း

 

၂၀၂၂ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် လူ(၁၀)ဦး သေဆုံးကာ (ကျီစုရွာ)ကျေးရွာ၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အဆိုပါနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မွတ်စလင်အရပ်သားများနေထိုင်သော အိမ်များကို အထူးပစ်မှတ် ထားသည်ဟု ဆိုထားသည်။ သို့သော်လည်း ယင်းအချက်ကို လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

Myanmar Witness သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (ပုံ 3) တွင် NASA FIRMS မှတစ်ဆင့် ကြီးမားသော မီးလောင်ကျွမ်းမှုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ကျီစုကျေးရွာတွင် ပျက်စီးမှုအဆင့်ကို ညွှန်ပြနေပါသည် (ပုံ 4)။ Myanmar Witness သည် မီးလောင်ထားသော ဆိုင်ကယ်များ၏ ပထဝီဝင်အနေအထားကို နေရာအတည်ပြုထားပြီး ၎င်းဧရိယာကို ဂြိုလ်တုပုံတွင် မပေါ်မီနှင့် ပေါ်အပြီးတွင် ယှဉ်တွဲရိုက်ထားသည်။

 

နေ့ရက် - ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း(အတည်ပြုပြီး)

ကိုသြဒိနိတ်အမှတ် - 22.870978, 95.490952

 

အဓိကအချက်များ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ကျီစုကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အရပ်သားနေအိမ်များ မီးလောင်ပျက်စီးပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ အလောင်းများ မီးလောင်ခဲ့ကြောင်း သိရသည်။ ဤမီးလောင်မှု ဖြစ်ပွားခြင်း ရှိ၊ မရှိ အတည်မပြုနိုင်ပါ။ အခြားသတင်းရင်းမြစ်များကမူ ယင်းဖြစ်စဉ်အတွင်း လူ ၇၀ ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြကြသည်။ Myanmar Witness သည် မီးလောင်ထားသော အလောင်းများကိုဖော်ပြထားသည့် အသုံးပြုသူ-ထုတ်ပေးသည့် အကြောင်းအရာ (UGC) ကို ဖော်ထုတ်ခဲ့ပြီး ထိုအကြောင်းအရာများသည် ပထဝီတည်နေရာကို မစစ်ဆေးနိုင်သောကြောင့် ယခုအချိန်တွင် သီးခြားအတည်မပြုနိုင်သေးပါ။ ဤဖြစ်ရပ်အတွင်း အလောင်းများကို မီးရှို့သည်ဟု စွပ်စွဲမှုများ ပျံ့နှံ့နေသဖြင့် Myanmar Witness က ဤအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

 

Myanmar Witness သည် ကျီစုကျေးရွာတွင် မီးလောင်ပျက်စီးသွားသော ဆိုင်ကယ်များ၏ ပုံများကို လည်း နေရာသတ်မှတ်အတည်ပြုခဲ့သည်။

 

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များ ရှိနေကြောင်း စစ်ဆေးရန် Myanmar Witness က တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုပြောကြားချက်ကိုလည်း စုံစမ်း စစ်ဆေးခဲ့သည်။

 

တုန်လှုပ်ချောက်ချားစရာ ရွာရှိမွတ်ဆလင်ဦးရေများပြားမှုကြောင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခံရ သည်ဆိုသောသတင်းများပေါ်ထွက်နေသော်လည်း Myanmar Witness သည် ယင်းကို လက်ရှိတွင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

  

အနှစ်ချုပ်

၂၀၂၂ ခုနှစ် ဇူလိုင်လ ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၂၀ ရက်အတွင်းတွင်  SAC နှင့် ပျူစောထီးတပ်ဖွဲ့များက မြေပြင်နှင့် ဝေဟင်မှ တိုက်ခိုက်မှုများ ပါဝင်သည့် ကျီစုကျေးရွာအား စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ အစီရင်ခံချက်တွင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနှင့် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သုံးစင်းတို့ အသုံးပြုမှုကို အထူးဖော်ပြထားသည်။ သို့သော် ဤလေကြောင်းပိုင်ဆိုင်မှုများကိုဖော်ပြသည့် နေရာအတည်ပြုသတ်မှတ်နိုင်သည့် UGC မရှိခြင်းက ဤပြောကြားချက်ကို အတည်မပြုနိုင်သေးပါ။

 

ဇူလိုင်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ အစီရင်ခံတင်ပြချက်များအရ SAC နှင့်/သို့မဟုတ် ပျူစောထီး တပ်ဖွဲ့များက အလောင်းများမီးရှို့ခဲ့ကာ လူ(၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


Myanmar Witness သည် အတည်ပြုရန် ဗီဒီယိုဖိုင်ကို နေရာအတည်ပြုသတ်မှတ်ခဲ့သည်

  • ကျီစုကျေးရွာတွင် ဆိုင်ကယ်များ မီးရှို့ခံရသည့်နေရာ

 

Myanmar Witness သည် အောက်ပါတို့ကို တက်ကြွစွာ ဆက်လက်စောင့်ကြည့်နေသည်-

  • ဤမီးလောင်ကျွမ်းမှုဖြစ်စဉ်အပြီးတွင် မီးလောင်ထားသော အလောင်းများရှိကြောင်း၊

  • ဤမီးရှို့မှုများသည် ကန့်ဘလူရှိ အရပ်သား (သို့မဟုတ်) မွတ်စ်လင်မ်လူထုကို တိုက်ခိုက်မှုပုံစံ ဖြစ်မည်ဆိုပါက နယ်မြေတစ်ဝိုက်တွင် ပဋိပက္ခဖြစ်ပွားစေခြင်း

  • ဤကိစ္စတွင် နေအိမ်များ မီးလောင်ပျက်စီးခြင်းနှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်များနှင့်

  • မွတ်ဆလင်အများစု နေထိုင်ရာရွာများ၏ ဆက်စပ်မှုကိုအခြေခံ၍ တိုက်ခိုက်ခြင်းခံရသည့်အ ထောက်အထားများ

 

သတင်းရင်းမြစ်: Mandalay Free Press; Mizzima; နှင့် DVB.

 

စုံစမ်းစစ်ဆေးမှုအား လေ့လာခြင်း

Myanmar Witness သည် မီးလောင်သွားသောဆိုင်ကယ်များမှတဆင့် ကျီစုရွာ (ပုံ ၁ နှင့် ၂) အား တည်နေရာအတည်ပြုနိုင်ခဲ့သည်။ 

ဖျက်ဆီးခံရသောဧရိယာ၏ ကိုသြဒိနိတ်များ: 22.870978, 95.490952


ပုံ 1- မီးလောင်ထားသော ဆိုင်ကယ်များ၏ တည်နေရာပြပုံ (သတင်းရင်းမြစ်-  Mandalay Free Press). 

 

ပုံ 2- မီးလောင်ထားသော ဆိုင်ကယ်များ၏ တည်နေရာအသေးစိတ်အချက်အလက်များ။

 

ထို့အပြင် Myanmar Witness သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မီးလောင်မှုရှိနေခြင်း (ပုံ 3) ကို Sentinel ပုံဖြင့် ပထဝီဝင်တည်နေရာကို ကိုးကားဖော်ပြထားပါသည်။ အဖြစ်အပျက်အပြီးတွင် ရွာတစ်ဝိုက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ Sentinel ပုံတွင် ပြသထားသည် (ပုံ 4)။

 

Myanmar Witness သည် မီးလောင်မှုဖြစ်ပွားသည့်နေရာကို ကျေးရွာရှိ ကျီစုဘောလုံးကွင်းအနီး (22.868230, 95.489372) တွင်ရှိသည်ဟု စိစစ်နိုင်ခဲ့သည်။

 

ပုံ 3- Sentinel သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျီစုရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြသသည်။

 

ပုံ 4- ကျီစုရွာမီးလောင်ပြီးနောက် ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေဧရိယာ (၂၀၂၂ခုနှစ် သြဂုတ်လ ၁၈ရက်မှပုံ)။

 

ကျီစုရွာကို စီးနင်းတိုက်ခိုက်ပြီးနောက် မီးလောင်ထားသောအလောင်းပုံများ အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သည်။ Multiple Pro-Democracy Force (PDF) အကောင့်များ (source redacted for privacy) အစီရင်ခံစာအရ စုစုပေါင်း မီးရှို့ခံရသည့်အလောင်း ၁၇ လောင်းအား ကျီစုရွာနှင့်အနီးနားကျေးရွာများဖြစ်သည့် သာဝတ္တိ ကျေးရွာ၊ အင်တိုင်းကြီးကျေးရွာ၊ ရှင်မင်းဒွေရွာတွင် တွေ့ရှိရကြောင်း ဖော်ပြကြသည်။

  

SAC နှင့်/သို့မဟုတ် ပျူစောထီးတပ်ဖွဲ့များသည် ဤဖြစ်ရပ်အတွင်း လူအများအပြားကို ဖမ်းဆီး၍ မသေဆုံးမီ ဘုန်းကြီးကျောင်းသို့ခေါ်ဆောင်သွားသည်ဟု ဆိုထားသည်။ PDF အဖွဲ့ဝင်ဟု သံသယရှိသူ အချို့ကို ဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် အချို့ကို ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

 

Myanmar Witness သည် ဤကိစ္စနှင့်ပတ်သက်သည့် ဂရပ်ဖစ်ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာပြီးသော်လည်း ရုပ်ပုံများအတွင်းမှ သက်သေခံပစ္စည်းများ မပါရှိခြင်းကြောင့် ရုပ်အလောင်းများ၏ တည်နေရာကို အတည်ပြုနိုင်ခြင်းမရှိပေ။ မှတ်သားစရာအနေဖြင့် ဤပုံများထဲမှအချို့သည် လူတစ်ဦးချင်းစီ၏ နောက်ကျောတွင် လက်နှစ်ဖက်ကိုယှက်ထားပြီးမှောက်လျက်အနေအထား ရှိနေသည်ကို ပြသထားသည်။ ကြေးနန်း (သို့မဟုတ်) ကြိုးများကို ပုံများတွင်မြင်တွေ့ရပြီး သေဆုံးသူများသည် သေဆုံးချိန်တွင် ထိန်းသိမ်းထားခံရခြင်း ဖြစ်နိုင်သည်။ ဤရုပ်ပုံများ၏ ဂရပ်ဖစ်သဘာ၀ကြောင့် ၎င်းတို့ကို ဤအစီရင်ခံစာတွင် ထည့်သွင်းမထားပါ။ သို့သော် ၎င်းတို့ကို တောင်းဆိုကာ ရယူနိုင်သည်။

 

စစ်ဆန့်ကျင်ရေးသတင်းရင်းမြစ်များမှ ခိုင်လုံသောအွန်လိုင်းအစီရင်ခံချက်များအရ ကျီစုကျေးရွာတွင် မီးလောင်ထားသည့် အလောင်း ၁၀ လောင်းကို လက်ပြန်ကြိုးတုတ်ကာ ကြိုးများဖြင့် ချည်နှောင်ထားသည်ကိုတွေ့ရှိရဟု ဖော်ပြကြသည်။ ၎င်းသည် မိုဆိုကျေးရွာ ခရစ္စမတ်အကြို သတ်ဖြတ်မှုတွင် SAC မှ တာဝန်ရှိသည့် Myanmar Witness ၏ စစ်ဆေးမှုနှင့် အလွန်ကိုက်ညီပါသည်။

 

စာရေးချိန်၌ ကျီစုရွာသည် မွတ်ဆလင်အများစုနေထိုင်သော ရွာဖြစ်သည်ဟု Thaddin  ကဲ့သို့သော သတင်းများက ဆိုကြသည်။ အဆိုပါကျေးရွာအား တိုက်ခိုက်မှုများသည် မွတ်ဆလင်နေအိမ်များကို အဓိကပစ်မှတ်ထားပြီး မီးလောင်ခဲ့သည့် အဆောက်အဦး ၄၀၀ ရှိသည့်အနက် ဗလီတစ်လုံးလည်း ပါဝင်သည်ဟု ဒေသခံများကဆိုသည်။ Myanmar Witness သည် အဆိုပါတိုင်ကြားချက်များကို အတည်မပြုနိုင်ပါ။ စီးနင်းမှုစတင်သည့်လများအတွင်း ဗုဒ္ဓဘာသာဝင်မိသားစုများသည် ရွာနှင့်ဝေးရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ရွာအတွင်း ဗုဒ္ဓဘာသာဝင်လက်တစ်ဆုပ်စာမျှသာကျန်ရစ်ကာ မူဆလင်မိသားစုများ နေထိုင်သည့်အိမ်များသို့ သီးခြားလမ်းများပေါ်ထွက်ခဲ့ကြောင်း အခြားမှတ်တမ်းများအရ သိရသည်။ ဤအရေးဆိုမှုများကို စိစစ်နေဆဲဖြစ်သည်။

 

အဖြစ်အပျက်၏နောက်ခံအကြောင်းအရာ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ၀၇:၀၀ နာရီခန့်တွင် အွန်လိုင်း PDF လူမှုကွန်ရက်အကောင့်တစ်ခုမှ လူ ၁၇၀ ခန့် လိုက်ပါလာသည့်စစ်ကြောင်းသည် ‌ရေဦးမြို့နယ်မှ သာဝတ္တိကျေးရွာသို့ ညအိပ်စခန်းချခဲ့ ကြောင်းသိရသည်။ ရေဦးမြို့မှအပြန်လမ်းတွင် (ယာတော)ကျေးရွာတွင် နေအိမ်နှစ်လုံး မီးလောင်ပျက် စီးခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ရွာသားများကိုဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

 

ပုံ 5- အခြားကျေးရွာများနှင့်ဆက်စပ်နေသော ကန့်ဘလူမြိုနယ်ရှိ ကျီစုကျေးရွာကို မြေပုံဆွဲခြင်း။

 

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် ရဟတ်ယာဉ်လေးစင်းပျံဝဲပြီး ကျီစုကျေးရွာအပြင် မွန်လှ၊ ပင်စိမ်းခင်၊ ငယွန်းကြီးနှင့် ရှားတောတို့ကို ပစ်ခတ်ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ကောက်ယူခဲ့သော UGC မှ ပြောဆိုထားသည်။ အခြားသတင်းရင်းမြစ်ဖြစ်သည့် ပြည်သူ့အသံရုပ်မြင်သံကြားတွင် မြန်မာစစ်တပ်မှ တိုက်ခိုက်ခံရသူများစာရင်း (ပုံ ၇) တွင် ကျောက်တိုင် နှင့် သာဝတ္တိကျေးရွာများ ပါဝင်သည်။

 

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (ARF) မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် သတိပေးကြေငြာချက် ထုတ်ပြန်ခဲ့ရာတွင် (မြင်းဒေါင်း)၊ (သာဝတ္တိ)၊ (မုံလှ) တို့အား အရေးပေါ်အခြေအနေကြောင့် ခေတ္တပိတ် ထားခဲ့ကြောင်းပြောကြားထားပြီး ထိုဒေသမှာ ဖြစ်ပွားနေသည့် ပဋိပက္ခတွေနှင့် ဆက်စပ်နေနိုင်သည်။

 

ပုံ 6- ကျီစုတိုက်ခိုက်မှု ဖြစ်ပွားချိန်ဝန်းကျင်က စစ်တပ်၏တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် ခံခဲ့ရသည်ဟု ဆိုထားသည့်ကျေးရွာများကို Myanmar Witness မှ မြေပုံရေးဆွဲထားခြင်း။ ဤပြောကြား ချက်များကို Myanmar Witness မှ အတည်မပြုရသေးပါ။

 

D-Day News ၏အဆိုအရ ကျီစုကျေးရွာသည် အောင်သာယာကျေးရွာကို စစ်တပ်လိုလားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များရှိသော ကျေးရွာအဖြစ်သတ်မှတ်ပြီး PDF နှင့် ပျူစောထီး တပ်ဖွဲ့တို့ကြား ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ရက်နှင့် ၁၆ရက်နေ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။ အောင်သာယာကျေးရွာသည် ကျီစုကျေးရွာ၏ အနောက်မြောက်ဘက် (ပုံ ၈) တွင် တည်ရှိသည်။ အတည်မပြုနိုင်သေးသော်လည်း ကျီစုကျေးရွာနှင့် ပျူစောထီးရွာ၏ အနီးအပါးတွင် ဤတိုက်ခိုက်မှုကို ဒေသခံပျူစောထီးအဖွဲ့များက ကြိုးကိုင်ထားကြောင်း အခိုင်အမာဆိုသည်။

 

ပုံ 7- ကျီစုကျေးရွာနှင့် ကျောက်တိုင်ကျေးရွာတို့နှင့် ဆက်စပ်နေသော အောင်မြေသာယာ၏ တည်နေရာ။

 

Myanmar Witness သည် ဤကြောက်မက်ဖွယ် ဖြစ်ရပ်များကို ဆက်လက်စုံစမ်းနေပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်း မီးရှို့မှုများသည် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျဖြစ်ပေါ်လာနေပြီး ကျီစုသည် ဤနည်းပရိယာယ်ကို အသုံးပြုခံရသည့် သာဓကတစ်ခုသာဖြစ်ပြီး အရပ်သားထိခိုက်နစ်နာမှု၏ ဥပမာတစ်ခုသာဖြစ်သည်။ ကျီစုကျေးရွာကို တိုက်ခိုက်မှုနှင့် ဖြစ်နိုင်ချေရှိသော နှိပ်စက်ညှဉ်းပန်းမှု များသည် သတ်သတ်မှတ်မှတ် လူနည်းစုများကိုအကြမ်းဖက်ခြင်းတိုးမြင့်လာမှုကို ကိုယ်စားပြုနိုင်သည်။ လူ့အခွင့်အရေး စွက်ဖက်မှုတွေကို ဖော်ထုတ်နိုင်ရေးအတွက် Myanmar Witness အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဆက်လက်စုံစမ်းနေပါသည်။

 

သင့်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များရှိပါက (သို့မဟုတ်) ထိုဖြစ်ရပ်နှင့်တူညီသောအခြားဖြစ်ရပ်များရှိပါက သက်သေတင်သွင်းရန် အန္တရာယ်ကင်းလျှင် ကျွန်ုပ်တို့၏ လုံခြုံသောပုံစံမှတစ်ဆင့် အထောက်အထားများတင်သွင်းနိုင်ပါသည်။

 

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page