top of page

ကရင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ

Myanmar Witness Fellowship

31 May 2023

Report Published:

5.png
4.png
3.png

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် မိုင်းတွင်းအဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှု

ကရင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ

Myanmar Witness Fellowship

၂၀၂၃ခုနှစ် မေလ ၃၁ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် မိုင်းတွင်းအဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှု

 

အဓိကဖြစ်ရပ်အသေးစိတ်

အခင်းဖြစ်ပွားရာနေရာ

  • ဓမ္မရက္ခိတကျောင်းတိုက် (ဓမ္မရက္ခိတဘုန်းကြီးကျောင်း)၊ မက္ကသာရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ် [15.389233, 98.381778]။

  • သပြုသတ္တုမိုင်း၊ လုပ်ကွက် ၅ နှင့် ၆ [15.606206, 98.410007].

 

ဖြစ်ပွားသည့်နေ့/အချိန်-

  • ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ၀၃:၀၀ နာရီ ဝန်းကျင်  (ဘုန်းကြီးကျောင်းအား လေကြောင်းတိုက်ခိုက်မှု )၊

  • ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ရက် (မိုင်းတွင်းအားလေကြောင်းတိုက်ခိုက်မှု)

  • ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ရက် (မိုင်းတွင်းအားလေကြောင်းတိုက်ခိုက်မှု)

 

စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

  • လုံခြုံရေး အုပ်ချုပ်ရေးကောင်စီ (SAC)

  • မြန်မာလေတပ် (MAF)

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

 

သုံးသပ်ချက်များ 

  • KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် SAC တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်နှင့် ပတ်သက်သည့် အဆိုများနှင့် ပတ်သက်၍ Myanmar Witness မှ စုံစမ်းစစ်ဆေးခဲ့သည်။

  • မက္ကသာရွာရှိ ဓမ္မရက္ခိတဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုတစ်ခုနှင့် သပြုသတ္တုမိုင်းကို ထိမှန်ခဲ့သည်ဟုဆိုသော အခြားသော တိုက်ခိုက်မှုလေးခု

  • Myanmar Witness သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်မှုအပြီး နေရာများပျက်စီးမှုပြသည့် တည်နေရာပြပုံများကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • Myanmar Witness သည် MAF မှ ဗုံးကျဲခဲ့သည်နှင့်ကိုက်ညီသော ဗုံးအကြွင်းအကျန်များကို ပြသသည့် အသုံးပြုသူ-ထုတ်ပေးသည့် အကြောင်းအရာ (UGC)နှင့် စစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သောကြေ ညာချက်ကို ခွဲခြမ်းစိတ်ဖြာကာ ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

  • ထိုနေရာနှစ်ခုလုံးသည် လူ့အဖွဲ့အစည်းအတွင်း အရေးကြီးပါသည်။ ဓမ္မရက္ခိတကျောင်းတိုက်သည် ဒေသခံပြည်သူများ၏ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများ ကျင်းပရာနေရာဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မက္ကသာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ မှ ပြည်သူများအတွက် ခိုလှုံရာနေရာလည်း ဖြစ်သည်။ မိုင်းတွင်းများသည် မြို့နယ်နေ ပြည်သူများအတွက် အလုပ်အကိုင်နှင့် ၀င်ငွေရရှိစေသည်။

  • ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း မိုင်းတွင်းလုပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Khit Thit Media က ဖော်ပြသည်။

  

အဓိကအချက်အလက်များ

KNLA နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားရာနေရာဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ အဖြစ်အပျက်များကို Myanmar Witness မှ စောင့်ကြည့်နေ ပါသည်။ မြန်မာနိုင်ငံလေတပ် (MAF) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ထိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် စုံစမ်းသိရှိရပါသည်။


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် KNLA မှ သိမ်းပိုက်ထားသော ဘုရားကုန်း အရှေ့ဘက် 10 ကီလိုမီတာအကွာရှိ မက္ကသာရွာကို စစ်တပ်မှတိုက်လေယာဉ်တစ်စင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ Myanmar Witness သည် ဓမ္မရက္ခိတကျောင်းတိုက်ရှိ သိသာထင်ရှားစွာပျက်စီးနေသည့် အဆောက်အဦးတစ်ခုအား ဖော်ထုတ်ခဲ့ပြီး နေရာသတ်မှတ်အတည် ပြုထားသည်။ ထို့အပြင် ခေါင်မိုးပျက်စီးမှုဖြစ်ပွားသည့် ရက်စွဲကိုစစ်ဆေးရန် ဂြိုလ်တုဓာတ်ပုံကို အသုံးပြုခဲ့သည်။ ဘုန်းကြီးကျောင်းမြေသည် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) အတွက် ခိုလှုံရာနေရာတစ်ခုအဖြစ် ထောက်ပံ့ပေးသည်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် MAF မှ မက္ကသာကျေးရွာ မြောက်ဘက် 22 ကီလိုမီတာ အကွာရှိ သပြုမိုင်းတွင်းကို လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း KIC သတင်းဌာနက ဖော်ပြခဲ့သည်။ Myanmar Witness သည် နိုဝင်ဘာ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုနှင့် ဇန်နဝါရီ ၂၅ ရက် လေကြောင်းတိုက်ခိုက်မှုတို့နှင့် သက်ဆိုင်သည့် အဆိုပါဒေသရှိ အဆောက်အအုံများ ဖျက်ဆီးခံရမှု၏ ပထဝီဝင်တည်နေရာကို ဖော်ထုတ်ပြသထားသည်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) သတင်းအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ဇော်မင်းထွန်းက “နယ်မြေလုံခြုံရေးကို ထိန်းသိမ်းရန်” မြန်မာလေကြောင်း ထိုးစစ်ကိုမြို့နယ်အတွင်း အသုံးပြုခဲ့သည်ဟုအတည်ပြုခဲ့သည်။ ထို့ကြောင့် MAF သည် အဆိုပါဒေသတွင် လှည်ပတ်ပျံသန်းနေသော လေယာဉ်ဖြစ်ကြောင်းအတည်ပြုပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်အတွင်း အခြားလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည် ဟူသော အဆိုပြုချက်များကိုလည်း ထပ်မံပံ့ပိုးပေးသည်။

 

Myanmar Witness သည် MAF Eyes on the Sky အစီရင်ခံစာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံတင်ပြထားပြီး နောက်ထပ်ဖြစ်ရပ်များကို ဆက်လက်စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

 

နောက်ခံအကြောင်းအရာ

KNLA နှင့် မြန်မာစစ်တပ်တို့အကြား စက်တင်ဘာ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ဘုရားတောင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Myanmar Now နှင့် Khit Thit Media အပါအဝင် အွန်လိုင်းသတင်းရင်းမြစ်များအရ သိရသည်။ SAC တပ်ဖွဲ့ဝင် ၁၀ ဦးကျော် (၁၁ နှင့် ၁၃ အကြား အရေအတွက်ကွဲပြားသည်) သည် မြန်မာစစ်တပ်၏ ဒုတပ်ရင်းမှူး အပါအဝင် ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်များကို သိမ်းဆည်းရမိခဲ့သည်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ၀၃:၀၀ နာရီအချိန်ခန့်တွင် မြန်မာလေတပ် (MAF) မှ မက္ကသာကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးတစ်ခု ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သတင်းထုတ်ပြန်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်းကို ယခင်က ဒေသဆိုင်ရာအလှူအတန်းများ၊ ရှင်ပြုအခမ်းအနားများနှင့် ဘာသာရေးပွဲတော်များတွင် အသုံးပြုခဲ့ကြသည်။ မက္ကသာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDP) များအတွက် နေအိမ်များအဖြစ် အသုံးပြုခဲ့သည်။ ဓမ္မရက္ခိတကျောင်းတိုက်တွင် ခိုလှုံနေကြသူများအား ဂျက်တိုက်လေယာဉ်များ မကြာခဏဆိုသလို တွေ့မြင်ရခြင်းကြောင့် ဘုရားသုံးဆူမြို့နှင့် အနီးနားရှိ နေရာများသို့ ပြောင်းရွှေ့ခိုင်းစေခဲ့ကြောင်း Khit Thit Media သတင်းအရသိရသည်။

 

ထိုမြို့နယ်သည် လာမည့်လအနည်းငယ်အတွင်း တင်းမာမှုဖြစ်နေဆဲဖြစ်သည်။ Khit Thit Media သတင်းများအရ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မက္ကသာရွာ၏မြောက်ဘက် ၂၁ ကီလိုမီတာအကွာရှိ (သပြုသတ္တုမိုင်း) သတ္တုတွင်းလုပ်ကွက်အား MAF မှ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိကာအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။ မဇ္ဈိမသတင်းအရ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ- ၂၈၃ နှင့် ၃၂အား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက် နံနက်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆောက်အဦးများစွာ မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိပါသည်။


နည်းစနစ်နှင့် ကန့်သတ်ချက်များ

နည်းစနစ်နှင့် ကန့်သတ်ချက်များအကြောင်း ဖတ်ရန် PDF ကို ဒေါင်းလုဒ်လုပ်ပါ။

 

တည်နေရာပြမြေပုံ

ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တည်ရှိသော သပြု သတ္တုမိုင်းတူးဖော်ခြင်းလုပ်ငန်းကို SAC ပြောရေးဆိုခွင့်ရှိသူမှ ပစ်မှတ်ထားသည်ဟု အတည်ပြုခဲ့သည်ဟု လွတ်လပ်သောအာရှအသံ၏ သတင်းဖော်ပြချက်အရ သိရသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်၊ မက္ကသာကျေးရွာနှင့် သပြုသတ္တုမိုင်းတည်နေရာမြေပုံ။

 

 အချိန်ဇယား

ပုံ ၁- ၂၀၂၂ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများပြ အချိန်ဇယား။

 

စုံစမ်းစစ်ဆေးရေး

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် ပူးပေါင်း KNLA နှင့် PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်MAF လေကြောင်းမှ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှ စုံစမ်းသိရှိရပြီး ဘာသာရေးအဆောက်အအုံများနှင့် သတ္တုတူးဖော်ရေး အဆောက်အအုံများ ဖျက်ဆီးခံရကာ လူအများအပြား ဒဏ်ရာရ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဓမ္မရက္ခိတကျောင်းတိုက်

ဓမ္မရက္ခိတကျောင်းတိုက်— ယခင်က မက္ကသာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDP) များအတွက် နေထိုင်ရာဖြစ်ပြီး ဒေသဆိုင်ရာအလှူအတန်းများ၊ ရှင်ပြုအခမ်းအနားများနှင့် ဘာသာရေးပွဲတော်များတွင် အသုံးပြုခဲ့ကြသောကြောင့် ဒေသခံအသိုင်းအဝိုင်းတွင် အရေးပါသည့်နေရာဖြစ်သည်— ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။

 

လေကြောင်းတိုက်ခိုက်မှု၏တည်နေရာကို နေရာအတည်ပြုသတ်မှတ်ခြင်း

ဓာတ်ပုံဟောင်းများနှင့် Google Earth ဂြိုလ်တုဓာတ်ပုံများကို အသုံးပြု၍ မက္ကသာကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်၏ တည်နေရာကို Myanmar Witness မှ စစ်ဆေးခဲ့သည်။

 

ပုံ ၂- မက္ကသာရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်သည် ဒေသခံများ၏ ဘာသာရေးအခမ်းအနားများ ကျင်းပရာနေရာဖြစ်သည်။ သတင်းအရင်းအမြစ်- ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဓမ္မရက္ခိတကျောင်းတိုက်တွင် ကျင်းပသည့် ဘာသာရေးအခမ်းအနားဗီဒီယိုမှ ကူးယူဖော်ပြပါသည်။

 

ပုံ (၃) (ဝဲဘက်) တိုက်ခိုက်မခံရခင်က ဓမ္မရက္ခိတကျောင်းတိုက်ပုံ (ရင်းမြစ်: Mon News)။ (ညာဘက်) လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးဆုံးရှုံးမှုပုံရိပ် (ရင်းမြစ်: ခေတ်သစ်မီဒီယာ)။


ပုံ 4- (ဝဲဘက်) ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းမှ ယူထားသော ဓမ္မရက္ခိတကျောင်းတိုက် ။ (ညာဘက်) ဓမ္မရက္ခိတကျောင်းတိုက်၏ ဂြိုလ်တုဓာတ်ပုံ [15.389255, 98.381688]။

 

လေကြောင်းတိုက်ခိုက်မှု၏ အချိန်ကိုအတည်ပြုခြင်း

ဘုန်းတော်ကြီးကျောင်းအား လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားမည့်ရက်ကို အတည်ပြုရန်အတွက် Myanmar Witness မှ Sentinel Hub ဂြိုလ်တုဓာတ်ပုံများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ မတိုင်မီနှင့် အပြီးတွင် နှိုင်းယှဉ်ဖော်ပြခဲ့သည်။ မြေပြင်ကို ကြည်လင်ပြတ်သားသော မြင်ကွင်းကို ပြသသည့် ဂြိုလ်တုဓာတ်ပုံများသည် စက်တင်ဘာ ၆ ရက်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်တို့တွင်သာ ရရှိနိုင်ပါသည်။ (အခြားရက်များတွင် တိမ်များရှိနေခြင်းကြောင့်)။

 

ဤပုံများကို နှိုင်းယှဥ်ကြည့်ခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းခေါင်မိုး ပျက်စီးမှုကိုဖော်ပြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ခေါင်မိုးသည် အများအားဖြင့်အနီရောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် အမိုး၏ကြီးမားသောဧရိယာသည် ပုံထဲတွင် မီးခိုးရောင်ပြောင်းသွားပုံပေါ်သည်။ ဤတွေ့ရှိချက်များသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီးသွားကြောင်း အစီရင်ခံစာများနှင့် ကိုက်ညီပါသည်။


ပုံ 5- Sentinel Hub ဂြိုလ်တုဓာတ်ပုံသည် ဓမ္မရက္ခိတကျောင်းတိုက်၏တည်နေရာတွင် အနီရောင်အမိုး (အပေါ်၊ စက်တင်ဘာလ ၆ရက်) မှ မီးခိုးရောင် (အောက်ခြေ၊ အောက်တိုဘာလ ၆ရက်) သို့ ပြောင်းလဲသွားသည်ကို ပြသထားသည်။

 

အခင်းဖြစ်နေရာတွင် ခဲယမ်းများ တွေ့ရှိခဲ့ခြင်း

တိုက်ခိုက်မှုအပြီးတွင် ဓမ္မရက္ခိတကျောင်းတိုက်အတွင်း လက်နက်အပိုင်းအစများ တွေ့ရှိခဲ့ကြောင်း မြို့သူမြို့သားများ၏ ပြောကြားချက်အရ KIC မှ သတင်းပေးပို့သည်။ အသုံးပြုခဲ့သည်ဟု ဆိုထားသော ခဲယမ်းအမျိုးအစားအတိအကျကို အတည်မပြုနိုင်သေးပါ။ သို့သော်လည်း Myanmar Witness မှ ပြုလုပ်သော ခွဲခြမ်းစိတ်ဖြာမှုအရ အဆိုပါ အပိုင်းအစသည် ပေါင် ၂၅၀ သို့မဟုတ် ပေါင် ၅၀၀ ရှိသော ဗုံးများ ဖြစ်နိုင်ကြောင်း ပြသထားသည်။ အဆိုပါ ဗုံးအမျိုးအစားများကို ကရင်ပြည်နယ်တွင် MAF မှ မကြာခဏ အသုံးပြုကြောင်း Myanmar Witness မှ ဖော်ထုတ်တွေ့ရှိခဲ့သည်။


ပုံ (၆) လေကြောင်းတိုက်ခိုက်မှုအပြီး ဘုန်းကြီးကျောင်းအနီးတွင် မသင်္ကာဖွယ်ဗုံးအပိုင်းအစများ တွေ့ရှိခဲ့ကြောင်း (သတင်းအရင်းအမြစ် - KIC)။ (ညာဘက်) ဗုံးအသုံးပြုသည်ဟု သံသယရှိသော လေကြောင်းတိုက်ခိုက်မှုများတွင် SAC မှ အသုံးများသောဗုံးများ (ရင်းမြစ်- Myanmar Military Online Study).

 

သပြုသတ္တုမိုင်းတူးဖော်ရေးနေရာ

 

ဆိုရှယ်မီဒီယာအသုံးပြုသူများနှင့် အွန်လိုင်းသတင်းမီဒီယာအဖွဲ့အစည်းများက ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း သပြုသတ္တုမိုင်းတွင်း၌ လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါနေရာသည် မက္ကသာကျေးရွာ၏ မြောက်ဘက် ၂၁ ကီလိုမီတာအကွာ (ဘုန်းကြီးကျောင်းနေရာ) ဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ အဆောက်အဦးများစွာ ပျက်စီးခဲ့ကြောင်း Khit Thit Media ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မိုင်းတွင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သော လုပ်ကွက် (၆) ကို လေကြောင်းမှ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Khit Thit Media မှ သတင်းထုတ်ပြန်ခဲ့သည်။ Myanmar Now မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခုအား ထုတ်ပြန်ခဲ့ သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် MAF သည် သတ္တုတွင်းလုပ်ငန်းခွင်တွင် 'လုပ်ကွက် ၅' အပါအဝင် စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့သည်ဟု KIC သတင်းက ဖော်ပြခဲ့သည်။


ပထဝီတည်နေရာအတည်ပြုသတ်မှတ်ခြင်း

 

သပြုသတ္တုမိုင်း လုပ်ကွက် ၅ နှင့် ၆ ကို လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်သည်ဆိုသော နေ့စွဲများတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် သတင်းအေဂျင်စီများက တင်ထားသည့်ပုံများသည် လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့ကာ အဆောက်အဦပျက်စီးမှုများကို ပြသခဲ့သည်။ Myanmar Witness သည် ရုပ်ပုံများကို နေရာဒေသအလိုက် ခွဲခြမ်းစိတ်ဖြာပြီး သပြုသတ္တုမိုင်းတွင် ဖြစ်ပျက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှုအပြီး သတင်းရင်းမြစ် Khit Thit Media မှ အွန်လိုင်းမှထုတ်ပြန်သည့် ဓာတ်ပုံများတွင် မိုင်းတွင်းပျက်စီးမှု အများအပြားကိုပြသထားသည်။ သို့သော်လည်း Myanmar Witness သည် ဤပုံများကို ယုံကြည်စိတ်ချစွာဖြင့် နေရာအတည်ပြု သတ်မှတ်နိုင်ခြင်း (သို့မဟုတ်) အချိန်အတည်ပြုနိုင်ခြင်း မပြုလုပ်နိုင်ပါ။

 

ပုံ 7- ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် သပြုမိုင်းလုပ်ကွက် ၆ ကို လေကြောင်းမှ တိုက်ခိုက်မှုအပြီးမြင်ကွင်း။ ပျက်စီးသည့်တည်နေရာကို Peakvisor [15.619399, 98.406799]) ဖြင့် အတည်ပြုသည်။ ရင်းမြစ် - : Khit Thit Media

 

ဇန်န၀ါရီလ ၂၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအပြီး မိုင်းတွင်းနေရာ၏ အခြားအပိုင်းကို ထိခိုက်ပျက်စီးသည့် ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ လုပ်ကွက် ၅ မှ အဆောက်အဦးများ ပျက်စီးသည့်တည်နေရာကို အတည်ပြုရန် ဘေးပတ်လည်တောင်တန်းများကို တွဲစပ်ကြည့်ရှု့ရန် အသုံးပြုသည့် Peakvisor ကို အသုံးပြု၍ အတည်ပြုခဲ့သည်။ သို့သော်လည်း Myanmar Witness သည် အဖြစ်အပျက်ဖြစ်ပွားခဲ့သည့်အချိန်ကို ယုံကြည်စိတ်ချစွာ အတည်ပြူနိုင်ခြင်း မရှိခဲ့ပါ။

 

ပုံ 8- 25 ဇန်န၀ါရီလ 25 ရက်နေ့တွင် တိုက်ခိုက်ခံရသည်ဟု သတင်းထွက်နေသော လုပ်ကွက် ၅ ၏တည်နေရာကို Google Earth တွင်မြင်ရသည့် တောင်တန်းမြေပြင်နှင့် Peakvisor [15.606206, 98.410007] နှင့် နှိုင်းယှဉ်ခြင်းဖြင့် အတည်ပြုနိုင်ပါသည်။ (ကိုယ်ရေးကိုယ်တာ/လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)။

  

ပျက်စီးသွားသော အဆောက်အဦးများကိုလည်း Google Earth ဂြိုလ်တုပုံရိပ်များနှင့် တိုက်ဆိုင်ပြီး စစ်ဆေးအတည်ပြုခဲ့ပါသည်။


ပုံ 9- သပြုမိုင်းလုပ်ကွက် ၅ ၏ ပျက်စီးဆုံးရှုံးမှု ပထဝီဝင်တည်နေရာကို အတည်ပြုခြင်း [15.606206, 98.410007]။ (ကိုယ်ရေးကိုယ်တာ/လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)။

 

အချိန်အတည်ပြုသတ်မှတ်ခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသတင်းဌာနနှင့် Khit Thit Media တို့မှ ဖော်ပြသည်။ အဆိုပါ သတ္တုတွင်းလုပ်ငန်းနှင့် အလားတူ သတ္တုတွင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နောက်ထပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KICKaren News ကဆိုထားပြီး  ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၃ တွင် စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း BNI Online တို့ကပြောဆိုထားသည်။ သို့သော် သက်ဆိုင်ရာ အထောက်အထားမရှိခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့်ရက်စွဲများကို အတည်မပြုနိုင်ပေ။ တိုက်ခိုက်ခံရသောနေရာသည် Sentinel Hub တွင် ပျက်စီးမှုများကို မြင်သာစေရန်အတွက် သေးငယ်လွန်းပါသည်။

 

ကျူးလွန်သူဟုဆိုသူများ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေးအတွက် ရည်ရွယ်၍ လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် မြဝတီသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ တိုက်ခိုက်မှုသည် KNLA တပ်မဟာ ၆ ကို ရည်ရွယ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ သို့သော် နိုဝင်ဘာ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း သပြု-လုပ်ကွက် (၆) တွင် အလုပ်လုပ်နေသော အရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။


အဆိုပါထုတ်ပြန်ချက်တွင် အဆိုပါဒေသရှိ လေကြောင်းတိုက်ခိုက်မှုအားလုံးကို အပြည့်အဝအတည် ပြုနိုင်ခြင်းမရှိသော်လည်း ၎င်းသည် MAF ရောက်ရှိလာမှုနှင့် အနီးတစ်ဝိုက်ရှိ စစ်ဆင်ရေးများကို အတည်ပြုသည်။ ၎င်းသည် MAF တစ်ခုတည်းသာ စစ်လေယာဉ်အသုံးပြုနိုင်ခြင်းနှင့်အတူ ယင်းစွပ်စွဲချက်များအတွက် ပိုမိုအားသာစေသည်။


ပုံ ၁၀- ဧရာဝတီသတင်းအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သပြုမိုင်းလုပ်ကွင် ၆ တွင် ကျဆုံးခဲ့သော အရပ်သားများ (ရင်းမြစ်: The Irrawaddy Burmese Edition)။

 

လေယာဉ်၏ရောက်ရှိနိုင်စွမ်း အကွာအဝေးကို လေ့လာခြင်း။

စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်အစီရင်ခံသည့် Telegram ချန်နယ်တစ်ခုအရ MAF သည် ကရင်ပြည်နယ်ရှိ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ရန်အတွက် မှော်ဘီနှင့် တောင်ငူလေတပ် စခန်းများကို အဓိကအသုံးပြုသည်။


အဆိုပါလေတပ်စခန်းနှင့် မက္ကသာကျေးရွာကြား အကွာအဝေးကို အခြေခံ၍ Myanmar Witness သည် မက္ကသာကျေးရွာသို့ လေယာဉ်များရောက်ရှိရန် လိုအပ်သည့်အချိန်ကို တွက်ချက်ခဲ့သည်။ ပုံ 12၊ 13 နှင့် 14 တွင် MAF မှ မကြာခဏအသုံးပြုလေ့ရှိသည့် လေတပ်စခန်းများ၊ တိုက်လေယာဉ်အမျိုးအစားများ နှင့် ပျံသန်းမှုကြာချိန်တို့ကို ပြသထားသည်။

 

တောင်ငူနှင့် မှော်ဘီလေတပ်စခန်းများကို MAF မှ ထိန်းချုပ်ထားသောကြောင့် မက္ကသာကျေးရွာသည် ၎င်း၏အကွာအဝေးအတွင်းတွင်ရှိပြီး စစ်တပ်လေယာဉ်များ အသုံးပြုခွင့်ရှိသည့် အခြားအဖွဲ့များတွင် မရှိသည့်အတွက် MAF သည် မက္ကသာကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် အနီးနားရှိ သပြုမိုင်းများကို

လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်သည်။

 

ပုံ 11- လေတပ်စခန်းများနှင့် လေကြောင်းတိုက်ခိုက်မှုတည်နေရာကြား အကွာအဝေးကိုတိုင်းတာခြင်း။ (အပေါ်) မှော်ဘီလေတပ်စခန်းနှင့် မက္ကသာကျေးရွာ (၃၁၂ ကီလိုမီတာ) နှင့် (အောက်ခြေ) တောင်ငူလေတပ်စခန်းနှင့် မက္ကသာကျေးရွာ (၄၅၄ ကီလိုမီတာ)။



ပုံ 12- MIG-29 သည် မှော်ဘီလေတပ်စခန်းမှ မက္ကသာကျေးရွာသို့ ၁၂ မိနစ်မှ ၃၁ မိနစ်ကြား အကြာတွင် ရောက်ရှိမည်ဖြစ်သည်။

 

ပုံ 13- Yak-130 သည် မှော်ဘီလေတပ်စခန်းမှ မက္ကသာကျေးရွာသို့ရောက်ရှိရန် ၂၁ မိနစ်မှ ၃၇ မိနစ်ကြား ကြာမည်ဖြစ်သည်။

 

ပုံ 14- K-8W တစ်စီးသည် တောင်ငူလေတပ်စခန်းမှ မက္ကသာကျေးရွာသို့ ရောက်ရှိရန် ၃၄ မိနစ်မှ ၇၃ မိနစ်ကြား ကြာမည်ဖြစ်သည်။

 

နိဂုံး

Open Source UGC ၏ ခွဲခြမ်းစိတ်ဖြာမှုဖြင့် Myanmar Witness သည် MAF လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားသည်ဟု ဆိုထားသော ဓမ္မရက္ခိတကျောင်းတိုက်နှင့် သပြုမိုင်းတွင်း အစိတ်အပိုင်းများ ပျက်စီးမှုများကို စစ်ဆေးတွေ့ရှိခဲ့သည်။

 

ဘုန်းကြီးကျောင်းပျက်စီးမှုပြသသည့်ပုံများကို တည်နေရာအတည်ပြုရန် ပထဝီဝင်နေရာချထားပြီး ပျက်စီးသွားသည့်အချိန်၏ အတိုင်းအတာကို ကျဉ်းမြောင်းစေရန်အတွက် ဂြိုလ်တုဓာတ်ပုံများကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အလားတူ မိုင်းတွင်းပျက်စီးမှုများကိုပြသသော ပုံများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပုံရိပ်များကို ဖမ်းယူသည့်အခါ မှန်ကန်ကြောင်း အတည်ပြုရန် လုံလောက်သော ယုံကြည်မှုအဆင့်ဖြင့်မဖြစ်နိုင်ပါ။ ယင်းကဲ့သို့ပင် SAC ၏ ထုတ်ပြန်ချက်သည် MAF ၏ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်ရှိကြောင်း ပြောဆိုရန် နောက်ထပ်အချက်အလက်များကို ပံ့ပိုးပေးသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် MAF အသုံးပြုသည့် လက်နက်အကြွင်းအကျန်များ ကိုလည်း တွေ့ရှိခဲ့သည်။


လေကြောင်းတိုက်ခိုက်မှုအားလုံးကို အပြည့်အဝအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း SAC တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွက် MAF တွင် တာဝန်ရှိသည်ဟု Myanmar Witness က ယုံကြည်ပါသည်။

 

Myanmar Witness သည် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်နေပြီး အရပ်ဘက်ဒေသများတွင် ၎င်းတို့၏အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာများ၊ MAF ၏ လေယာဉ်စာရင်း လမ်းညွှန်များနှင့် MAF လေတပ်စခန်းများအကြောင်း အစီရင်ခံစာများစွာကို ထုတ်ပြန်ခဲ့သည်။ ဥပမာအားဖြင့်၊ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် လေကြောင်းတိုက်ခိုက် မှုနှင့်ပတ်သက်သည့် အစီရင်ခံစာများကို Myanmar Witness က ထုတ်ပြန်ထားသည်။ Myanmar Witness သည် MAF Eyes on the Sky အစီရင်ခံစာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ် အစီရင်ခံတင်ပြထားပြီး နောက်ထပ်ဖြစ်ရပ်များကို ဆက်လက်စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

 

အတိုကောက်များစာရင်း 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDF

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA

ကရင်အမျိုးသားအစည်းအရုံး - KNU

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF

ခြေမြန်တပ်ရင်း - ခမရ

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page