top of page

ကျပိုင်ရွာမှ မီးလောင်ကာကြွင်းကျန်ရစ်ခဲ့သောခန္ဓာကိုယ်များ

Myanmar Witness

12 Feb 2024

Report Published:

5.png
4.png
3.png

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မုံရွာမြို့နယ်တွင် ဖျက်ဆီးခံရသည့်နေအိမ်များနှင့် ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ခြင်း

ကျပိုင်ရွာမှ မီးလောင်ကာကြွင်းကျန်ရစ်ခဲ့သောခန္ဓာကိုယ်များ


Myanmar Witness

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် အစီရင်ခံစာထုတ်ဝေသည်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မုံရွာမြို့နယ်တွင် ဖျက်ဆီးခံရသည့်နေအိမ်များနှင့် ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ခြင်း

 

သတိပေးချက်- ဤအစီရင်ခံစာတွင် ဂရပ်ဖစ်အချက်အလက်များ (စိတ်မချမ်းမြေ့ဖွယ်ရာ) ရုပ်ပုံများပါရှိသည်။ အသေးစိတ်ကို မှုန်ဝါးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အစီရင်ခံစာတွင် အချို့သောစာဖတ်သူများ စိတ်ဆင်းရဲစရာတွေ့နိုင်စေမည့် အချက်အလက်များပါဝင်သည်။


အဓိကဖြစ်ရပ်အသေးစိတ် 

  • အခင်းဖြစ်ပွားသည့်နေရာ - ကျပိုင်ရွာ၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး [22.035227, 95.202875]။


  • ဖြစ်ပွားသည့်နေ့/အချိန် - ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂ရက်


  • စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု -

    • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

    • မြန်မာစစ်တပ်

    • ပျူစောထီး (PSH) ပြည်သူ့စစ်


  • စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်


    • NASA ၏ Fire Information Resource Management System (FIRMS)၊ ဂြိုလ်တုဓာတ်ပုံနှင့် အသုံးပြုသူဖန်တီးထားသောအကြောင်းအရာ (UGC) ကို အသုံးပြု၍ ကျပိုင်ကျေးရွာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားကြောင်း Myanmar Witness မှ အတည်ပြုခဲ့ပါသည်။

    • ကျပိုင်ကျေးရွာတွင် မီးရှို့ထားသည့် အလောင်းများကိုပြသသော UGC များကို Myanmar Witness မှ စိစစ်ဖော်ထုတ်ခဲ့သည်။ အနည်းဆုံး အလောင်းရှစ်လောင်းကို ဖော်ထုတ်နိုင်သည်။ ဗီဒီယိုဖိုင်တွင် တည်နေရာသတ်မှတ်အတည်ပြုနိုင်သော အင်္ဂါရပ်များကင်းမဲ့ခြင်းကြောင့် အလောင်းများမီးရှို့ခံရ ကြောင်းနှင့် အလောင်းများကို ကျပိုင်ရွာတွင်တွေ့ရှိကြောင်း Myanmar Witnessမှ အတည်မပြုနိုင်ပါ။ သို့သော်လည်း မီးမလောင်မီ အနည်းဆုံးလူတစ်ဦးကို ချည်နှောင်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်။

 

 

နိဒါန်း

မုံရွာမြို့နယ် ကျပိုင်နှင့်တောပုကျေးရွာအနီးတွင် မကြာသေးမီက လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျပိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ၆၀ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၁၀ဦး မီးလောင်သေဆုံးသွား ကြောင်း သိရသည်။

 

ပြည်တွင်းသတင်းမီဒီယာများ၏ အဆိုအရ တောပုကျေးရွာသည် ပျူစောထီး (PSH) ရွာဖြစ်ပြီး တပ်မ တော်လိုလားသော ပြည်သူ့စစ်အဖွဲ့ဝင် PSH များ နေထိုင်သည့်ရွာဖြစ်သည်။ တောပုကျေးရွာအနောက်မြောက်ဘက်ရှိ နေအိမ်များကို PDF မှ ဝင်ရောက်တိုက်ခိုက်ပြီး တောပုကျေးရွာတွင် လျှပ်စစ်မီးပြတ်တောက်ပြီးနောက် တစ်ရက်အကြာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်မှ စစ်သားတစ်ဦးနှင့် PSH ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

 

Myanmar Witness သည် ရည်ရွယ်ချက်ရှိစွာ (သို့မဟုတ်) သွယ်ဝိုက်၍သော်လည်းကောင်း မသေခင် /သေဆုံးပြီးနောက်မီးရှို့ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်အများအပြားကို စုံစမ်းစစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် အစီရင်ခံထုတ်ဝေခဲ့သည်။ ၎င်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော 'ပြာပုံထဲတွင် ကျန်ရစ်ခဲ့သောပုံပြင်များ' အစီရင်ခံစာ အပါအဝင် အစီရင်ခံစာများစွာတွင် ဖော်ပြထားသည်။

 

Myanmar Witness သည် အောက်ပါတို့ကိုစစ်ဆေးနိုင်ခဲ့သည်-

  • Myanmar Witness သည် လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ကျပိုင်ကျေးရွာရှိ အဆောက်အဦးများ အများအပြားမီးလောင်ပျက်စီးမှုကိုပြသသောပုံများကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။ NASA ၏ FIRMS မှ မီးလောင်မှုပြအမှတ်အသားများ၊ Planet နှင့် Sentinel-2 ဂြိုလ်တုဓာတ်ပုံများသည် မြေမျက်နှာသွင်ပြင်ကို သိသိသာသာ ပျက်စီးနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုနေရာ၌မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှ အတည်ပြုခဲ့သည်။


  • Myanmar Witness သည် အဝါရောင်၀တ်စုံနှင့် အမျိုးသမီးတစ်ဦးကို ရုပ်ပုံနှင့် ဗီဒီယိုနှစ်ခုလုံးတွင် မြင်တွေ့ရသည့်အတွက် တူညီသော အဖြစ်အပျက်ကို ပြသနိုင်ဖွယ်ရှိကြောင်း ကောက်ချက်ချနိုင်ရန် မီးလောင်ထားသော အလောင်းများ၏ ရုပ်ပုံများနှင့် ဗီဒီယိုများကို အပြန်အလှန်ကိုးကားကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သို့သော် ရုပ်ပုံနှင့် ဗီဒီယိုကို သုံးသပ်ခြင်းဖြင့် ကျပိုင်ရွာဟု နေရာသတ်မှတ်အတည်မပြုနိုင်ပါ။


  • UGC တွင် မီးလောင်သေဆုံးသူ ကိုးဦးထက်မနည်းကိုတွေ့ရပြီး နောက်ထပ် အလောင်းတစ်လောင်းလည်း ရှိနေသဖြင့် မီးလောင်ပျက်စီးမှု တစ်ခုတည်းတွင် ဖြစ်ပွားကြောင်း မဆိုနိုင်ပါ။ ၎င်းအမှုနှင့်ပတ်သက်၍ ထုတ်ပြန်ထားတဲ့ သတင်းများအရ လူများကိုအရှင်လတ်လတ် မီးရှို့ခဲ့သည်ဟူသောအဆိုကို Myanmar Witness ကောက်ချက်မချနိုင်ပါ။



ပုံ 1- ကျပိုင်ကျေးရွာ၏တည်နေရာ [22.035227, 95.202875] (အဝါရောင်)၊ တောပူကျေးရွာ၏ တည်နေရာ [22.028223, 95.205835] (လိမ္မော်ရောင်)၊ နှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် PDF တပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသော အိမ်များ (အနီရောင်)။ ရွာများသည် တစ်ကီလိုမီတာ စီကွာဝေးသည်။

 

စုံစမ်းထောက်လှမ်းမှုအားလေ့လာခြင်း

ရွာ၏အဆောက်အအုံများ မီးလောင်သွားခြင်း။

Myanmar Witness သည် ဓါတ်ပုံရင်းမြစ်ပြန်လည်ရှာဖွေခြင်းဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆိုရှယ်မီဒီယာတွင် တင်ထားသော ကျပိုင်ကျေးရွာရှိနေအိမ်များ မီးလောင်ပျက်စီးမှု အများအပြားကို ပြသနေသည့် UGC များကိုလေ့လာစိစစ်ခဲ့သည်။ ၎င်းရုပ်ပုံများသည် ရွာလယ် (22.036619၊ 95.203096) နှင့် ဘုရားလေးအနီး (22.035149, 95.202132; ပုံ 2) ဟု နေရာသတ်မှတ်အတည်ပြု ခဲ့သည်။

 

အွန်လိုင်းအစီရင်ခံစာများနှင့်အညီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျပိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှ အတည်ပြုနိုင်သည်။ NASA ၏ FIRMS မှ ထိုနေ့ (ပုံ 3) တွင် မီးလောင်ကျွမ်းမှုကို တွေ့ရှိခဲ့သည်။ ထို့အပြင် ကြည်လင်ပြတ်သားမှုမြင့်မားသော Planet ဂြိုလ်တု ဓာတ်ပုံ (၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နှင့် ဒီဇင်ဘာလ၃ရက် ရက်စွဲများ) နှင့် Sentinel-2 ဂြိုလ်တု ဓာတ်ပုံများကို နှိုင်းယှဉ်ခြင်းဖြင့် မီးလောင်ပျက်စီးခဲ့သည့် ပထဝီဝင်နေရာများရှိ မြေမျက်နှာ သွင်ပြင်ပြောင်းလဲမှုများကို ဖော်ထုတ်နိုင်သည်။ (ပုံ 4 နှင့် 5)


ပုံ 2- ကျပိုင်ကျေးရွာ 22.035149, 95.202132 နှင့် 22.036619, 95.203096 တွင် မီးလောင်မှုကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည် (ရင်းမြစ်- : Facebook နှင့် Myanmar Pressphoto Agency)။


ပုံ 3- FIRMS သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျပိုင်ကျေးရွာတွင် မီးလောင်မှုကို ပြသသည် (ရင်းမြစ်: FIRMS)။


ပုံ 4- ဂြိုလ်ပုံများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့ကြားတွင် ထင်ရှားသောပြောင်းလဲမှုများ အထူးသဖြင့် ကျပိုင်ကျေးရွာ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ (အနီရောင်ဖြင့်) ပြသထားသည် (ရင်းမြစ်- Planet)။


ပုံ 5- Sentinel-2 မူမမှန်သောအရောင်စစ်ထုတ်မှုများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ရက်အတွင်း ကျပိုင်ကျေးရွာတွင် မီးလောင်ပျက်စီးမှုကိုပြသသော ထင်ရှားသောပြောင်းလဲမှုကို (မီးခိုးရောင်) ဖြင့်ပြသသည် (ရင်းမြစ်: Sentinel Hub)။

 

[သတိပေးချက်- (စိတ်မချမ်းမြေ့ဖွယ်ရာများပါဝင်သည်]

မီးလောင်သွားသော ခန္ဓာကိုယ်များကိုလေ့လာခြင်း

ဆိုရှယ်မီဒီယာအသုံးပြုသူများနှင့် ‌ဒေသတွင်းသတင်းမီဒီယာများ၏အဆိုအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ကျပိုင်ကျေးရွာတွင် ပျူစောထီး (PSH) နှင့် မြန်မာစစ်တပ်မှ လူ ၁၀ ဦး သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါအဆိုပြုချက်များနှင့် ဆက်စပ်နေသည့် UGC များကို Myanmar Witness မှ ရှာဖွေဖော်ထုတ်ခဲ့သည်။ ဥပမာအားဖြင့် Khit Thit Media သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျပိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို Facebook တွင် တင်ခဲ့သည်။ ၎င်းသည်မီးလောင်ထားသော အလောင်းလေးလောင်း (သို့မဟုတ်) ငါးလောင်းကိုဖော်ပြသည်။ ပြည်တွင်း PDF အဖွဲ့တစ်ခု၏ Facebook ပို့စ်တွင် မီးလောင်ထားသော ရုပ်ပုံများပါရှိသည်။ UGC နှင့် နှိုင်းယှဉ်ကြည့်လျှင် အဝါရောင်ရှပ်အင်္ကျီအစင်းနှင့် အနီရောင် ခေါင်းစီးကြိုး ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဗီဒီယိုနှင့် ပုံများတွင်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် တူညီသောအဖြစ်အပျက်မှရိုက်ကူးထားခြင်း ဖြစ်နိုင်ခြေကို တိုးစေပါသည်။ (ပုံ 6) သို့သော်လည်း Myanmar Witness သည် UGC နေရာကို တည်နေရာသတ်မှတ်နိုင်ခြင်း မရှိခဲ့ပါ။




ပုံ 6- တူညီသောအင်္ကျီနှင့် ခေါင်းစည်းကြိုးဝတ်ထားသော အမျိုးသမီးတစ်ဦးကို Khit Thit Media ဗီဒီယို၏အစတွင်လည်းကောင်း၊ မီးလောင်ထားသော ရုပ်အလောင်းများပြသောပုံများထဲမှ တစ်ခုတွင် မြင်တွေ့နိုင်သည်။ ထို့အပြင် မီးကျွမ်းထားသော ရုပ်အလောင်းများ၏ ဗီဒီယိုနှင့် ရုပ်ပုံများတွင်လည်း အဝါရောင်ဖျော့ဖျော့ပစ္စည်းကို မြင်တွေ့နိုင်သည် (အရင်းအမြစ်- Khit Thit Media ဗီဒီယိုနှင့် အခြားသတင်းရင်းမြစ်များကို ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင် ထားသည်)။

 

ဖေ့စ်ဘုတ်တွင်တင်ထားသည့် ဓာတ်ပုံများတွင် မီးလောင်ထားသည့် အလောင်းရှစ်လောင်း (သို့မဟုတ်) မီးမလောင်သောအလောင်းတစ်လောင်းကို စောင်များပေါ်တွင်တန်းစီတင်ထားပြီး ပလပ်စတစ်များအုပ် ထားသည် (ပုံ 7)။ သတင်းများကအလောင်း ၁၀ လောင်းသည် လုံး၀ပျက်စီးသွားပြီဖြစ်သော်လည်း အလောင်းများ ပျက်စီးမှုအတိုင်းအတာကို Myanmar Witness မှ စိတ်ချယုံကြည်စွာ အတည်ပြုနိုင်ခြင်း မရှိပါ။

 

ပုံ 7- မီးလောင်ထားသောအလောင်း ရှစ်လောင်း သို့မဟုတ် ကိုးလောင်း (ကိုးလောင်းနှင့် ဆယ်လောင်း ဟု ဆိုထားသောအလောင်းများသည် တစ်ဦးချင်းစီ သို့မဟုတ် တူညီသောခန္ဓာကိုယ်များ ဖြစ်သည်ဟု မရှင်းလင်းပါ)နှင့် မီးမလောင်သည့် အလောင်းတစ်လောင်း (ကိုယ်ရေးကိုယ်တာအချက် အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။

 

Myanmar Witness သည် မီးလောင်ထားသော အလောင်းများ၏ UGC များကို အတိအကျနေရာအ တည်ပြု မသတ်မှတ်နိုင်ခဲ့ပါ။ သို့သော် မီးလောင်ထားသည့် ရုပ်အလောင်းများ၏ ဗီဒီယိုနှင့် ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အောက်ပါတို့ကို ကောက်ချက်ချနိုင်ခဲ့သည်။

  1. အလောင်းများတွေ့ရှိသည့်အချိန်တွင် နစ်နာသူများသည် အခန်းထဲတွင် မီးလောင်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။ အလောင်းများသည် အပျက်အစီးများနှင့် ပြာများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့ပတ်ဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ချိန်တွင် ၎င်းတို့သည် အဆောက်အအုံအတွင်း၌ ဖြစ်နိုင်ကြောင်းညွှန်ပြနေသည်။ ထိုနေရာ၌ အလောင်းများ မီးရှို့ခံရကြောင်း ထပ်လောင်းဖော်ပြသည် (ပုံ ၈)။



ပုံ 8- မီးလောင်ထားသော အပျက်အစီးများနှင့် အလောင်းများကို ဖုံးနေသောပြာများကို ဗီဒီယိုမှတ် တမ်းတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည် (source: : Khit Thit Media)။

 

2. အခန်းအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဗီဒီယိုမြင်ကွင်းသည် အခန်းအတွင်းပိုင်းကိုပြ သရန် ရိုက်ကူးထားသည်။ အမိုးအကာပစ္စည်းများသည် ခေါင်မိုးအလယ်ကနေ အတွင်းထဲ ကို ပြုတ်ကျသည့်ပုံအရ ခေါင်မိုးသည်မီးလောင်ပျက်စီးပြီး အလယ်မှပြိုကျခဲ့သည်ကို တွေ့ရတယ်။ ဤအချက်သည် အဆောက်အဦးအတွင်းပိုင်းမှ မီးစတင်လောင်ကျွမ်းဖွယ်ရှိ ကြောင်း ဖော်ပြသည်။ မီးလောင်မှုကြောင့် အလောင်းများကို သိသိသာသာလောင်ကျွမ်း ပြာကျစေခဲ့ပြီး ပြင်းထန်သောမီးလောင်ကျွမ်းမှုကို ညွှန်ပြခဲ့သည်။ ကင်မရာသည်အခန်း၏ညာဘက်ခြမ်း (ကင်မရာဘက်မြင်ကွင်းမှကြည့်လျှင် ညာဘက်ခြမ်း) (ပုံ 9) ကို လှည့်ပတ်ရိုက်ကူးနေချိန်မှာ အခန်းထဲမှာ မီးအနည်းငယ်လောင်နေသည်ကို မြင်နေရဆဲဖြစ်သည်။

 


ပုံ 9- ကင်မရာ၏ညာဘက်ထောင့်တွင် နံရံတွင် မီးလောင်ရာများရှိသည်။ မီးတောက်ငယ် (လိမ္မော်ရောင်) ကို ထောင့်စွန်းတွင်မြင်နေရဆဲဖြစ်သည် (ရင်းမြစ်: Khit Thit Media).

 

3. နစ်နာသူများသည် မီးလောင်ကျွမ်းချိန်တွင် မလှုပ်ရှားနိုင်ခြင်း၊ သတိလစ်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်သည်။ မီးလောင်ထားသော အလောင်းများသည် မှောက်လျက်အနေ အထား၊ အလျားလိုက် လဲလျောင်းနေပုံရသည်။ ၎င်းသည် မီးလောင်မှုဖြစ်ပွားချိန်တွင် သေဆုံးသူများသည် မလှုပ်ရှားနိုင်ခဲ့ကြောင်း ညွှန်ပြသည်။ အသိစိတ်ရှိသူသည် လှုပ်ရှားနိုင်ပြီး ၎င်းတို့ကိုယ်တိုင်မိမိကိုယ်ကိုကာကွယ်ရန် သို့မဟုတ် သန္ဓေသားပုံစံအနေအထားသို့ ကွေးညွတ်ရန် ကြိုးစားနိုင်သည်။ မီးလောင်ချိန်တွင် လူများအသက်ရှင်ခြင်း ရှိ၊ မရှိကို Myanmar Witness မှမဆုံးဖြတ်နိုင်ပေ။

 

4. မီးလောင်ကျွမ်းချိန်တွင် အနည်းဆုံးနစ်နာတစ်ဦးကို သတ္တုဝါယာကြိုးဖြင့် ချည်နှောင်ထား ကြောင်း မြင်တွေ့နိုင်သည်။ ရုပ်အလောင်းများ၏ ဓာတ်ပုံများကို လေ့လာဆန်းစစ်ကြည့်ရာ မီးလောင်ထားသည့် အလောင်းတစ်လောင်း၏ ညာဘက်လက်မောင်းနှင့် ပေါင်နှစ်ဖက်ကို ရစ်ပတ်ထားသည့် ပါးလွှာသောသတ္တုဟု ယူဆရသည့်အရာသုံးခုကို တွေ့ရှိရသည် ပုံ (11)။ လူတစ်ဦးချင်းစီကို မလှုပ်ရှားနိုင်ရန် ပစ္စည်းကို အသုံးပြုထားခြင်းဖြစ်သည်။ မဲနေသော အသွင်အပြင်နှင့် ဝိုင်ယာကြိုးပေါ်ရှိ အကြွင်းအကျန်များသည် မီးမလောင်မီတွင် ကြိုးဖြင့်ချည်ထားသည်ဟု ညွှန်ပြနေသည်။ အရာဝတ္တုပစ္စည်းကို ကွေးကောက်ကာ စီးနှောင်ထားသောသဘောအရ ၎င်းသည်သတ္တုကြိုးဖြစ်ကြောင်းညွှန်ပြသည် အဘယ့်ကြောင့်ဆိုသော် သတ္တုဝါယာကြိုးများသည် အပူနှင့် ထိတွေ့သောအခါ မီးမလောင်ပဲ ကျန်ခဲ့နိုင်သည်။

 

ပုံ 10- ရုပ်ပုံသည် မီးလောင်နေသော ခန္ဓာကိုယ်၏ ညာဘက်လက်မောင်းနှင့် ပေါင်နှစ်ဖက်လုံးကို ရစ်ပတ်ထားသည့် သတ္တုကြိုးသုံးချောင်းဖြစ်ပုံပေါ်သည် (အရင်းအမြစ်- လျှို့ဝှက်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။

  

နိဂုံးနှင့် အနာဂတ်ကို စောင့်ကြည့်လေ့လာခြင်း။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ကျပိုင်ကျေးရွာရှိ ဧရိယာအများအပြား ပျက်စီးခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Witness မှစိစစ်ခဲ့ပြီး ပျက်စီးမှုပြ ပုံများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အဆိုပါ မီးလောင်မှုသည် ယခင်ရက်က PDF များမှ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်လိုလားသော ပြည်သူ့စစ် ပျူစောထီး(PSH) အဖွဲ့မှ လက်တုံ့ပြန်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။ PSH နှင့် PDF အကြား တိုက်ပွဲများသည် ပဋိပက္ခတစ်လျှောက်လုံး မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ကျပိုင်ကျေးရွာတွင် လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့အနက် ၁၀ ဦးမှာ မီးလောင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ Myanmar Witness သည် အဆိုပါ အဆိုပြုချက် အားလုံးကို အတည်မပြုနိုင်ပါ။ သို့သော်လည်း ရွာရှိအဆောက်အအုံတစ်ခုထဲ၌ မီးလောင်ပြီးနောက် အကြွင်း အကျန်များထဲတွင် မီးလောင်ထားသော အလောင်းအများအပြားကို တွေ့ရှိခဲ့သည်ဟုဆိုသည်။ သေဆုံးသူများထဲမှတစ်ဦးသည် မီးမလောင်မီတွင် ကြိုးချည်ခံထားရသည့် လက္ခဏာပြသခဲ့သည်။ အဆောက်အအုံကို ပထဝီဝင်တည်နေရာ မသတ်မှတ်နိုင်သော်လည်း မတူညီသော သတင်းရင်းမြစ်နှစ်ခု မှ ရုပ်အလောင်းများ၏ပုံများတင်ထားကာ ရင်းမြစ်နှစ်ခုစလုံးတွင် တူညီသောအမျိုးသမီးပါရှိခြင်းသည် တူညီသောဖြစ်ရပ်မှဟူသော ဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ Myanmar Witness သည် အဆိုပါဖြစ်ရပ်များအကြောင်းကို နောက်ထပ်အချက်အလက်များအတွက် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။

 

အတိုကောက်များစာရင်း

  • အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်၏ မီးအချက်အလက် - FIRMS

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF

  • ပျူစောထီး - PSH

  • အသုံးပြုသူမှထုတ်ပေးသည့်အကြောင်းအရာ - UGC

 

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading
bottom of page