top of page

လေးကေ့ကော်မြို့နယ်ရှိ လူနေရပ်ကွက်များကို လေကြောင်းမှတိုက်ခိုက်မှု

Myanmar Witness

27 Oct 2022

Report Published:

5.png
4.png
3.png

လေးကေ့ကော်မြို့နယ်ရှိ လူနေရပ်ကွက်များကို လေကြောင်းမှတိုက်ခိုက်မှု

Myanmar Witness

၂၀၂၂ခုနှစ် အောက်တိုဘာလ ၇ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်-


တစ်ခုတည်းသောဖြစ်ရပ်အား စုံစမ်းစစ်ဆေးခြင်း- ၂၀၂၂ ခုနှစ် ဧပြီလတွင်ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုများကို စစ်ဆေးအတည်ပြုခြင်း

  

Myanmar Witness သည် ကရင်ပြည်နယ်၊ လေးကေ့ကော် အနီးတစ်ဝိုက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ဖြစ်ပွားလျှက်ရှိစော ပဋိပက္ခများကိုစောင့်ကြည့်နေပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အများအပြားကို ငြိမ်းချမ်းရေးသင်္ကေတမြို့မှ ဒေသခံများကို ထွက်ပြေးစေရန် အတင်းအကျပ်မောင်းထုတ်ခဲ့ခြင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။


 

ပုံ- Open Street Map ဖြင့် ဖန်တီးထားသော မြန်မာနိုင်ငံမြေပုံ၊ ကရင်ပြည်နယ်ကို မီးခိုးရောင်ဖြင့်၊ မြဝတီမြို့နယ်ကို မီးခိုးရင့်ရောင်နှင့် လေးကေ့ကော်တည်နေရာကို အနီရောင်အမှတ်အသားဖြင့် ညွှန်ပြ ထားသည်။

 

ဇန်နဝါရီလမှစ၍ ထိုဒေသတွင် ပဋိပက္ခများဆက်တိုက်ဖြစ်ပွားခဲ့သည်။ အရပ်သားနေအိမ်များအနီးရှိ (လေးကေ့ကော်)ရပ်ကွက်တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဆိုသော စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်ထားသည်။ တိုက်ခိုက်မှုမဖြစ်ပွားမီ လူအများအပြားသည် အဆိုပါနေရာမှထွက်ပြေး တိမ်းရှောင်နေကြပြီး အရပ်သားများ ထိခိုက်ကျဆုံးမှုကို Myanmar Witness မှ မသိရှိပေ။

 

ပုံ- ဤအစီရင်ခံစာတွင် ခွဲခြမ်းစိတ်ဖြာထားသော မတူညီသော ဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့သည့် (လေးကေ့ကော်)၏ နေရာများ။ Myanmar Witness မှ ပထဝီဝင်တည်နေရာကို မသတ်မှတ်ထားသောကြောင့် ဗီဒီယိုဖိုင် ၄ ကို ဤမြေပုံတွင် ထည့်သွင်းမထားပါ။

 

၂၀၂၂ ခုနှစ် ဧပြီလတွင် Myanmar Witness သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟုဆိုသော လေကြောင်းတိုက်ခိုက်မှုကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ခြောက်ခုပုံစံဖြင့် တင်ထားသော အသုံးပြုသူဖန်တီးထားသောအကြောင်းအရာများကို စိစစ်ခဲ့သည်။ ဤဗီဒီယိုဖိုင်သည် တိုက်ခိုက်မှု၏ မတူညီသောရှုထောင့်များစွာကို ဖမ်းယူထားသည်။ လေယာဉ်တစ်စင်း၊ လက်နက်ကြီး ပြုတ်ကျခြင်း၊ ပေါက်ကွဲသံများနှင့် မီးခိုးငွေ့များကို ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

 

ဗီဒီယိုဖိုင်အား ၎င်း၏ရက်စွဲနှင့် တည်နေရာအကဲဖြတ်ရန်အတွက် Myanmar Witness မှ အပြန်အလှန် ကိုးကားထားပါသည်။ ယင်းမှတစ်ဆင့် ဗီဒီယိုများကို ဧရိယာတစ်ခုတည်းတွင် ရိုက်ကူးခဲ့ကြောင်း Myanmar Witness မှ အတည်ပြုထားပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

 

ပုံ- Cobra Column မှ အပ်လုဒ်လုပ်ထားသော လေးကေ့ကော်ပေါက်ကွဲမှု ဗီဒီယိုဖိုင် (Source).

 

 

ပုံ- 16.593139၊ 98.515594 တွင် Cobra Column မှ အပ်လုဒ်လုပ်ထားသော လေးကေ့ကော်ပေါက်ကွဲမှု ဗီဒီယို၏ တည်နေရာအား အတည်ပြုခြင်း။

 

ဗီဒီယိုဖိုင်အတွင်း မြင်တွေ့ရသည့် လေယာဉ်ကို ခွဲခြမ်းစိတ်ဖြာမှုအရ YAK-130 သည် ထိုဧရိယာအတွင်း ပျံတက်သွားသည်ကိုတွေ့ရသည်။ ရလဒ်အနေဖြင့် ပြည်တွင်းစစ်ဆန့်ကျင်ရေး ကာကွယ်ရေးတပ်ဖွဲ့များ သည် YAK-130 ကိုအသုံးပြုခွင့်ရှိသည်ဟု Myanmar Witness က မယုံကြည်သည့်အပြင် ယခင်စုံစမ်းစစ်ဆေးမှုအရ မြန်မာ့လေတပ် (MAF) တွင် YAK-130 အမြောက်အများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့၍ လေကြောင်းတိုက်ခိုက်မှုသည် တပ်မတော်က ပြုလုပ်ခြင်းဖြစ်နိုင်သည်။

 

ပုံ- လေယာဉ်နောက်တွင် မီးခိုးမည်းများထွက်နေသော ဧရိယာများပါရှိသည့် လေယာဉ်၏ပုံ- လက်နက် အသုံးပြုမှုကို ညွှန်ပြသည့် Yak-130 ပုံတစ်ပုံနှင့် နှိုင်းယှဉ်ထားသည်။

 

Myanmar Witness သည် အရပ်သားနေအိမ်များ ပျက်စီးမှုကိုလည်းဖော်ထုတ်ခဲ့သည်။ သို့သော်လည်း ယင်းတိုက်ခိုက်မှုသည် လေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိမရှိ (သို့မဟုတ်) ယခင်တိုက်ပွဲများ၏ ရလဒ်ဟုတ်မဟုတ်ကို ယခုအချိန်တွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တစ်ချိန်က ‘ငြိမ်းချမ်းရေးမြို့’ ဟု သတ်မှတ်ခံခဲ့ရသော နယ်မြေသည် ယခုအခါ အရပ်သားများအတွက် မလုံခြုံတော့ပေ။ လေကြောင်း တိုက်ခိုက်မှုများ၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းနှင့် အရပ်သားအခြေခံအဆောက် အအုံများ ဖျက်ဆီးခံရခြင်းများကြောင့် အဆိုပါဒေသမှ ထွက်ပြေးသွားသော မိသားစုအများအပြားသည် မကြာမီကာလအတွင်း ပြန်လည်ရောက်ရှိလာနိုင်ဖွယ်မရှိဟု ဆိုလိုခြင်းဖြစ်သည်။

 

အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုရန်နှင့် ပထဝီဝင်နေရာသတ်မှတ်ထားသော ဗီဒီယိုဖိုင် ကို ကြည့်ရှုရန် PDF ကိုဒေါင်းလုဒ်လုပ်ပါ။

 

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

ကျွန်ုပ်တို့၏စာပို့စာရင်းတွင် ပါဝင်နိုင်ပါသည်။

အစီရင်ခံစာများ၊ ပွဲဖိတ်ကြားမှုများနှင့် ကျွန်ုပ်တို့၏ လစဉ်အကျဉ်းချုပ်သတင်းလွှာပေးပို့ခြင်းတို့တွင် ပါဝင်လိုပါက အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
Which emails would you like to recieve?

ဆက်သွယ်ပါ။
သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများ၊ CSO များမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
info@myanmarwitness.org

©2021 Myanmar Witness

Privacy & Legal

bottom of page